Monday 16 December 2013

ထိုင်းနှင့် ပွဲတွင် ဒဏ်ရာ ရခဲ့သော ကြည်လင်း ဆီးဂိမ်းပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိ

ယမန်နေ့က ထိုင်းနှင့်ကစားခဲ့သောပွဲတွင် မြန်မာယူ-၂၃ အသင်း၏ အားထားရသော ကွင်းလယ် တောင်ပံ ကစားသမား ကြည်လင်းအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကြီး တစ်ခုလုံးနှင့် လွဲချော်ဖွယ် ရှိနေသည်။
ကြည်လင်းသည် ထိုင်းနှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲတွင် ခြေချင်းဝတ် ဒဏ်ရာရခဲ့ခြင်း ဖြစ်ပြီး မူလဒဏ် ရာ ဟောင်းကို ပြန်လည် ထိခိုက်မိခဲ့ခြင်း ဖြစ်သည်ဟု မြန်မာအသင်း မီဒီယာ တာဝန်ခံ ဦးမိုးဝေ က ပြော သည်။

''ကြည်လင်းဒဏ်ရာက ခြေချင်းဝတ် အနာဟောင်း ပြန်ထိသွားတာပါ။ အင်ဒိုနဲ့ပွဲ လွဲဖို့က သေချာပါတယ်။ တစ်ပတ် ၁ဝရက်လောက် နားရဖို့ ရှိပေမယ့် နောက်ပွဲတွေမှာ ပါဝင်တဲ့ အခွင့်အရေး ရဖို့အကောင်းဆုံး ကြိုးစားနေပါတယ်။ ရက်အတိအကျတော့ ပြောလို့ မရသေးပါဘူး။'' ဟု ၎င်းကဆိုသည်။ အဆိုပါပွဲတွင် ကြည်လင်း အနေဖြင့် ပွဲချိန်မိနစ် ၂ဝ ဝန်းကျင်၌ ဒဏ်ရာရခဲ့ခြင်း ဖြစ်ပြီး နေလင်းထွန်းနှင့် လူစားလဲခဲ့ရ သည်။ ဒဏ်ရာ အခြေအနေနှင့် ပတ်သက်ပြီး ကာယကံရှင် ကြည်လင်းကလည်း ''အရင်ဒဏ်ရာ ပြန်ထိတာပါ။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်က ချက်ချင်း ပြန်ကစားချင်တာပါ။

ထိုင်းနဲ့ပွဲလွဲခဲ့တယ်ဆိုပေမယ့် နေလင်းထွန်းက အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်ပြိုင်ပွဲနဲ့ မလွဲ ချင်ပါဘူး။ ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားပြီး ရွှေတံဆိပ် ယူချင်ပါတယ်'' ဟု ကြည်လင်းကဆိုသည်။ မြန်မာ အသင်းအနေဖြင့် ဒီဇင်ဘာ ၁၆ ရက်တွင် အုပ်စုတက်ရေး အတွက် အင်ဒိုနီးရှားနှင့် ကစားရမည် ဖြစ်ပြီး အကြို ဗိုလ်လုပွဲ တက်ခဲ့ပါက ဒီဇင်ဘာ ၁၉ ရက်၊ ဗိုလ်လုပွဲ တက်ခဲ့ပါက ဒီဇင်ဘာ ၂၁ ရက်တွင် ဗိုလ်လုပွဲ ကစား ရမည် ဖြစ်သည်။

မြ၀တီ

No comments:

Post a Comment