Monday 16 December 2013

၁၀ ဘီးကား ဘရိတ်ပေါက် တောင်အောက်ထိုးကျ

Photo: ၁၀ ဘီးကား ဘရိတ်ပေါက် တောင်အောက်ထိုးကျ

16-12-2013 (Yangon Media Group)

ကော့ သောင်းမြို့ ခုနစ်မိုင်တောင်ပတ် လမ်းတွင် ဒီဇင်ဘာ ၁၄ရက်က ဓာတ်မြေဩဇာ အိတ်များတင် ဆောင်လာသည့် ယုဇနဆီအုန်း ကုမ္ပဏီပိုင် ၁ဝဘီးတပ်မော်တော် ကားသည် တောင်အဆင်းတွင် ကားဘရိတ် ပေါက် ကာ ချောက် ထဲထိုးကျသွားခဲ့ကြောင်း ယာဉ် မောင်းအကူထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်အချိန်တွင် ယုဇန ဆီအုန်းကုမ္ပဏီပိုင် ၁ဝဘီးတပ်ယာဉ်သည် ဓာတ်မြေဩဇာအိတ် ကြီးများတင်ဆောင်၍ အေးရိပ် ငြိမ်းရပ်ကွက်၊ တော်ဝင်သင်္ဘော ဆိပ်မှ မြို့ပတ်လမ်းအတိုင်းမောင်း နှင်လာစဉ် မြို့ပတ် လမ်းကုန်း အဆင်းတွင် ကားဘရိတ်ပေါက်၍ လမ်းဝဲဘက်တောင်နံရံအား တိုက် မိကာ လမ်းယာဘက်ခြမ်းသို့ပြန်လည် သွားပြီး တောင်အောက်ချောက် ထဲရှိ ရော်ဘာခြံအတွင်းသို့ ကျ သွားခဲ့ခြင်းဖြစ်ကြောင်း ယင်း ကားတွင် ယာဉ် မောင်း အကူအ ဖြစ်လိုက်ပါလာသည့် ဦးကျော် ကိုကိုက ရှင်းပြသည်။

အဆိုပါ ယာဉ်တိမ်းမှောက် မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ပြီး ကော့သောင်းပြည် သူ့ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ဆေးကုသမှုခံယူနေရပြီး စိုးရိမ်ရသည့် အခြေအနေဖြစ် ကြောင်း ထိခိုက်ဒဏ်ရာမရရှိခဲ့ သည့် အထက်ပါ ယာဉ်မောင်း အ ကူက ပြောသည်။

''ခုနစ်မိုင်တောင်ပတ်လမ်း ကို တန်ချိန်လွန်ယာဉ်တွေရော ယာဉ်ငယ်လေးတွေရော အသုံးပြု ကြတယ်၊ မောင်းကြတယ်။ ပြီး တော့လဲ ခဏခဏယာဉ်တိမ်း မှောက်မှု၊ ယာဉ်တိုက်မှုတွေဖြစ် တယ်''ဟု အသက်၅ဝကျော်အ ရွယ်ဒေသခံတစ်ဦးက မှတ်ချက် ပြုသည်။ ယင်းယာဉ်တိမ်းမှောက်မှု နှင့်ပတ်သက်၍ ယာဉ်အားမဆင် မခြင်ပေါ့ဆစွာမောင်းနှင်သူ ယာဉ် မောင်းအား ဥပဒေအရအရေးယူ နိုင်ရန်အတွက် ကော့သောင်းမြို့ မရဲစခန်းတွင် ယာဉ် (ပ)၃၇/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈အရ အမှု ဖွင့်ထား ကြောင်း ကော့သောင်းမြို့ မရဲစခန်းမှ သိရသည်။

Dawei Watch


တောင်အောက်သို့ ထိုးကျသွားသော ၁၀ ဘီးကားကို တွေ့ရစဉ်။ ဓာတ်ပုံ - Dawei Watch
တောင်အောက်သို့ ထိုးကျသွားသော ၁၀ ဘီးကားကို တွေ့ရစဉ်။ ဓာတ်ပုံ - Dawei Watch
ကော့ သောင်းမြို့ ခုနစ်မိုင်တောင်ပတ် လမ်းတွင် ဒီဇင်ဘာ ၁၄ရက်က ဓာတ်မြေဩဇာ အိတ်များ တင် ဆောင် လာသည့် ယုဇနဆီအုန်း ကုမ္ပဏီပိုင် ၁ဝဘီးတပ်မော်တော် ကားသည် တောင်အဆင်းတွင် ကားဘရိတ် ပေါက် ကာ ချောက် ထဲထိုးကျသွားခဲ့ကြောင်း ယာဉ် မောင်းအကူထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်အချိန်တွင် ယုဇန ဆီအုန်းကုမ္ပဏီပိုင် ၁ဝဘီးတပ်ယာဉ်သည် ဓာတ်မြေဩဇာအိတ် ကြီးများတင်ဆောင်၍ အေးရိပ် ငြိမ်းရပ်ကွက်၊ တော်ဝင်သင်္ဘော ဆိပ်မှ မြို့ပတ်လမ်းအတိုင်းမောင်း နှင်လာစဉ် မြို့ပတ် လမ်းကုန်း အဆင်းတွင် ကားဘရိတ်ပေါက်၍ လမ်းဝဲဘက်တောင်နံရံအား တိုက် မိကာ လမ်းယာဘက်ခြမ်းသို့ပြန်လည် သွားပြီး တောင်အောက်ချောက် ထဲရှိ ရော်ဘာခြံအတွင်းသို့ ကျ သွားခဲ့ခြင်းဖြစ်ကြောင်း ယင်း ကားတွင် ယာဉ် မောင်း အကူအ ဖြစ်လိုက်ပါလာသည့် ဦးကျော် ကိုကိုက ရှင်းပြသည်။

အဆိုပါ ယာဉ်တိမ်းမှောက် မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ပြီး ကော့သောင်းပြည် သူ့ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ဆေးကုသမှုခံယူနေရပြီး စိုးရိမ်ရသည့် အခြေအနေဖြစ် ကြောင်း ထိခိုက်ဒဏ်ရာမရရှိခဲ့ သည့် အထက်ပါ ယာဉ်မောင်း အ ကူက ပြောသည်။

''ခုနစ်မိုင်တောင်ပတ်လမ်း ကို တန်ချိန်လွန်ယာဉ်တွေရော ယာဉ်ငယ်လေးတွေရော အသုံးပြု ကြ တယ်၊ မောင်း ကြ တယ်။ ပြီး တော့လဲ ခဏခဏယာဉ်တိမ်း မှောက်မှု၊ ယာဉ်တိုက်မှုတွေဖြစ် တယ်''ဟု အသက်၅ဝကျော်အ ရွယ်ဒေသခံတစ်ဦးက မှတ်ချက် ပြုသည်။ ယင်းယာဉ်တိမ်းမှောက်မှု နှင့်ပတ်သက်၍ ယာဉ်အားမဆင် မခြင်ပေါ့ဆစွာမောင်းနှင်သူ ယာဉ် မောင်းအား ဥပဒေအရအရေးယူ နိုင်ရန်အတွက် ကော့သောင်းမြို့ မရဲစခန်းတွင် ယာဉ် (ပ)၃၇/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈အရ အမှု ဖွင့်ထား ကြောင်း ကော့သောင်းမြို့ မရဲစခန်းမှ သိရသည်။

Dawei Watch
Yangon Media Group

No comments:

Post a Comment