Monday 16 December 2013

ဆရာ၊ ဆရာမဦးရေ လိုအပ်ချက်ကြောင့် ပညာရေးကောလိပ်များ တိုးချဲ့တည်ဆောက်နေ

 Photo: ဆရာ၊ ဆရာမဦးရေ လိုအပ်ချက်ကြောင့် ပညာရေးကောလိပ်များ တိုးချဲ့တည်ဆောက်နေ
Monday, December 16, 2013

အခြေခံပညာကဏ္ဍတွင် ပညာရေးကောလိပ်များမှ မွေးထုတ်ပေးနေသော ဆရာ၊ ဆရာမဦးရေသည် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခြင်းကြောင့် ပညာရေးကောလိပ်အသစ်များ တိုးချဲ့တည် ဆောက်နေကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်က ပြောသည်။

မြန်မာနိုင်ငံတွင် ပညာရေးကောလိပ် ၂၀ တည်ထောင်ဖွင့်လှစ်ထားပြီး လာမည့်ပညာသင်နှစ်၌ လားရှိုး ပညာရေးကောလိပ်ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီးဂျပန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ JICA ၏ ပံ့ပိုးမှုဖြင့် တောင်ငူပညာရေးကောလိပ် တည်ဆောက်ရန်သဘောတူညီမှု ရရှိထားသည်။

"ပညာရေးကောလိပ်တွေကို မေးကြည့်တဲ့အခါ တစ်နှစ်ကို ဆရာ၊ ဆရာမ ၇,၀၀၀ ကျော်ဆင်းတယ်လို့ ပြောပါတယ်။ အဲ့ဒီတော့ လိုအပ်ချက်ကိုမေးတဲ့အခါ လိုအပ်ချက်က ၇,၀၀၀ တော့ကျော်နေပါတယ်။ ဆရာ၊ ဆရာမအရေအတွက် ပိုပြီးမွေးထုတ်ရမယ့် အနေအထားရှိပါတယ်။ အဲဒီအတွက်လည်း ပညာ ရေးကောလိပ်အသစ်တွေ ထပ်ထူထောင်ဖို့ ရှိပါတယ်" ဟု ပညာရေးဒုတိယဝန်ကြီးက ဆရာ၊ ဆရာမ များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမဦးရေ လိုအပ်ချက်မြင့်မားနေချိန်တွင် ပညာ ရေးတက္ကသိုလ်များ၊ ပညာရေးကောလိပ်များတွင် သင်ကြားပေးခဲ့သည့် လုပ်ငန်းခွင်အကြိုဆရာအ တတ်ပညာသင်တန်းသား ၆၀ ရာခိုင်နှုန်းကျော်သည် လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်းမရှိကြောင်း ပညာ ရေးဝန်ကြီးဌာန၏ အစီရင်ခံစာများအရ သိရသည်။

မြန်မာနိုင်ငံ၌ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းများတွင် ပညာသင်ယူနေ သော ကျောင်းသားဦးရေမှာ ၈၄ သိန်းကျော်နှင့် ဆရာဦးရေမှာ နှစ်သိန်းရှစ်သောင်းကျော်သာရှိနေပြီး ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဆရာ၊ တပည့်အချိုး နိမ့်ကျနေလျက်ရှိသည်။

ပညာရေးဝန်ကြီးဌာနသည် ဝေးလံ၍ သွားလာရခက်ခဲသော ဒေသများတွင် မူလတန်းပြဆရာ လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ယခုပညာသင်နှစ်တွင် ဘွဲ့ရနေ့စား၊ လပေးဆရာများကို စတင်ခန့်အပ်ခဲ့ ပြီး ဆရာအတတ်ပညာဦးစီးဌာနကို သီးခြားဖွဲ့စည်းဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိသည်။

7Day News Journal
 အခြေခံပညာကဏ္ဍတွင် ပညာရေးကောလိပ်များမှ မွေးထုတ်ပေးနေသော ဆရာ၊ ဆရာမဦးရေသည် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခြင်းကြောင့် ပညာရေးကောလိပ်အသစ်များ တိုးချဲ့ တည် ဆောက်နေကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်က ပြောသည်။
မြန်မာနိုင်ငံတွင် ပညာရေးကောလိပ် ၂၀ တည်ထောင်ဖွင့်လှစ်ထားပြီး လာမည့်ပညာသင်နှစ်၌ လားရှိုး ပညာရေးကောလိပ်ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီးဂျပန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ JICA ၏ ပံ့ပိုးမှုဖြင့် တောင်ငူပညာရေးကောလိပ် တည်ဆောက်ရန်သဘောတူညီမှု ရရှိထားသည်။

"ပညာရေးကောလိပ်တွေကို မေးကြည့်တဲ့အခါ တစ်နှစ်ကို ဆရာ၊ ဆရာမ ၇,၀၀၀ ကျော် ဆင်းတယ် လို့ ပြောပါတယ်။ အဲ့ဒီတော့ လိုအပ်ချက်ကိုမေးတဲ့အခါ လိုအပ်ချက်က ၇,၀၀၀ တော့ကျော်နေပါတယ်။ ဆရာ၊ ဆရာမအရေအတွက် ပိုပြီးမွေးထုတ်ရမယ့် အနေအထားရှိပါတယ်။ အဲဒီအတွက်လည်း ပညာ ရေးကောလိပ် အသစ်တွေ ထပ်ထူထောင်ဖို့ ရှိပါတယ်" ဟု ပညာရေးဒုတိယဝန်ကြီးက ဆရာ၊ ဆရာမ များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမဦးရေ လိုအပ်ချက်မြင့်မားနေချိန်တွင် ပညာ ရေးတက္ကသိုလ်များ၊ ပညာရေးကောလိပ်များတွင် သင်ကြားပေးခဲ့သည့် လုပ်ငန်းခွင်အကြိုဆရာအ တတ်ပညာသင်တန်းသား ၆၀ ရာခိုင်နှုန်းကျော်သည် လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်းမရှိကြောင်း ပညာ ရေးဝန်ကြီးဌာန၏ အစီရင်ခံစာများအရ သိရသည်။

မြန်မာနိုင်ငံ၌ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းများတွင် ပညာသင် ယူနေ သော ကျောင်းသားဦးရေမှာ ၈၄ သိန်းကျော်နှင့် ဆရာဦးရေမှာ နှစ်သိန်း ရှစ်သောင်းကျော်သာ ရှိနေပြီး ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဆရာ၊ တပည့်အချိုး နိမ့်ကျနေလျက်ရှိသည်။

ပညာရေးဝန်ကြီးဌာနသည် ဝေးလံ၍ သွားလာရခက်ခဲသော ဒေသများတွင် မူလတန်းပြဆရာ လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ယခုပညာသင်နှစ်တွင် ဘွဲ့ရနေ့စား၊ လပေးဆရာများကို စတင်ခန့်အပ်ခဲ့ ပြီး ဆရာအတတ်ပညာဦးစီးဌာနကို သီးခြားဖွဲ့စည်းဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိသည်။

7Day News Journal

No comments:

Post a Comment