Monday 16 December 2013

ကွာရှင်းထားသော လင်မယားနှစ်ဦး နှင့်အတူ သုံးလအရွယ် သမီးကလေးတို့အား သုံးလောင်ပြိုင်သတ်မှု ဖြစ်ပွား

ကွာရှင်း ပြတ်စဲထားသော လင်မယားနှင့် သုံးလသမီးတို့၏ သုံးလောင်းပြိုင် ဓားဒဏ် ရာများဖြင့်သေဆုံးနေ သည့်ဖြစ်ရပ်တစ်ခု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ လွယ်လုံကျေးရွာအုပ်စု ဟွေလုံကျေးရွာ အရှေ့မြောက်ဘက် တစ်မိုင် ကွာ လယ်တောစပ်တွင်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဟွေလုံကျေးရွာ၏ အရှေ့ မြောက်ဘက်ရှိ ဟွေလုံကျေးရွာ ပိုင် ရိတ်သိမ်းပြီးလယ်ကွက်အနီး တောစပ်တွင် ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စု ကတ်ရိုး ကျေးရွာနေ ၂၁နှစ် အရွယ် မောင်အားကျဲမှာ ဝမ်းဗိုက် အတွင်းမှ အူများထွက်၊ လည်ပင်းတွင် တစ်လက်မခွဲခန့် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ ယာဘက် နားအောက်ဘက်တွင် တစ်လက်မခန့်ပြတ်ရှဒဏ်ရာ နှစ်ချက်တို့ရရှိကာ သေဆုံးလျက်ရှိ နေသည်ကို ပထမ စစ်ဆေးတွေ့ရှိ ရသည်။

မောင်အားကျဲအလောင်း ၏ အနောက်မြောက်ဘက်ကိုက် ၁ဝဝခန့်အကွာတွင် ၁၈နှစ်အရွယ် မဘူးချွန်အား လည်ပင်းတွင် ပြတ် ရှဒဏ်ရာတစ်ချက်၊ ယာဘက်နို့ အုံအောက်ဘက်တွင် ထိုးသွင်း ဒဏ်ရာနှစ်ချက် တို့ဖြင့် သေဆုံး နေပြီး မဘူးချွန်၏ အလောင်း နှင့် အတူ စောင်နှင့်ပတ်၍ပွေ့ချီထား သော သုံးလသား အရွယ် မ.. .ကိုလည်း လည်ပင်းတွင်ပြတ် ရှဒဏ်ရာသုံးချက်ရရှိကာ သေ ဆုံးလျက်ရှိနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြကြောင်း သိရသည်။

မောင်အားကျဲနှင့် မဘူးချွန် တို့မှာ စိတ်သဘောထားချင်း မတိုက်ဆိုင်၍ လွန်ခဲ့သောတစ်လ ခန့်က လူကြီး များရှေ့တွင် ကွာရှင်းထားသော ဇနီးမောင်နှံဖြစ် ပြီး မ....မှာ ယင်းတို့၏ရင် သွေးငယ်ဖြစ်ကြောင်း သိရ သည်။ ဟွေလုံကျေးရွာပိုင် လယ် မြေအနီး တောစပ်တွင် ဒီဇင်ဘာ ၁၂ရက် နံနက် ၁၁နာရီခွဲခန့်က အမျိုးသားတစ်ဦး၏ အလောင်းတစ်လောင်းအားတွေ့ရှိရကြောင်း လွယ်လုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ခမ်း ၏ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားချက်အရ ကျိုင်းတုံ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးကျော်ဝင်း၊ ကျိုင်း တုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင် မောင်သိန်း၊ ကျိုင်းတုံမြို့ မြို့မရဲ စခန်းမှ တပ်ဖွဲ့ဝင် များ၊ ကတ် တောင်ကျေးရွာ ရဲကင်းစခန်းမှူး ဒုတိယရဲအုပ်ကျော်မိုး၊ လွယ်လုံ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ၊ ဟွေလုံရွာသူကြီးတို့သည် အခင်း ဖြစ်နေရာသို့ သွားရောက်ကြည့် ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ အမှုဖြစ်စဉ်နှင့်ပတ် သက်၍ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံး စုံစမ်းဖော်ထုတ်ဖမ်း ဆီးအရေးယူ နိုင်ရန် ကျိုင်းတုံမြို့ မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယ ရဲမှူး ရဲကြည်က (ပ)၁၄၀/၂၀၁၃ ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၀၂အရ အ မှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment