Sunday 11 August 2013

လက်ရှိပြုန်းတီးမှု နှုန်းအတိုင်း ဆိုပါက ၂၀၁၅ ခုနှစ်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသရှိ ဒီရေတောများ ပျောက်ကွယ်သွားနိုင်

လက်ရှိပြုန်းတီးမှု နှုန်းအတိုင်း ဆိုပါက ၂၀၁၅ ခုနှစ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ ဒီရေတောများ ပျောက်ကွယ်သွားနိုင်ကြောင်း JICA မှ ပညာရှင်များက ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဒီရေတောများသည် ၁ ဒသမ ၇ သန်းကျော် တည်ရှိခဲ့ရာ ၂၀၀၇-၂၀၁၃ ခုနှစ် နောက်ဆုံးစာရင်း ကောက်ယူရာတွင် ဒီရေတော ခုနစ်သိန်းကျော်သာ ကျန်ရှိတော့ပြီး မူလဧရိယာ၏ ၅၇ ရာခိုင်နှုန်း လျော့နည်းသွားခဲ့သည်။ ဧရိယာအလျော့ဆုံးမှာ ဧရာဝတီတိုင်းဖြစ်ပြီး ဧရာဝတီတိုင်း၏ ယခင်ဧရိယာမှာ ၆၈၀၀၀၀ ရှိခဲ့ရာ လက်ရှိကာလတွင် ဧရိယာပေါင်း ၁၁၀၀၀၀ ဧက ကျန်ရှိကြောင်း။ ဧရာဝတီတိုင်း ဒေသကြီးရှိ ဒီရေတောပြုန်းတီးမှုသည် ၈၂ ရာခိုင်နှုန်း ပြုန်းတီးခဲ့ကြောင်း သိရသည်။
သဘာဝ သယံဇာတ ကြွယ်ဝသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသအတွင်းရှိ ဒီရေတောများ ဘက်စုံပြန်လည်ထူထောင်ခြင်းနှင့် စီမံအုပ်ချုပ်ခြင်း စီမံကိန်းများကို ၂၀၀၇ မှ ၂၀၁၃ ခုနှစ်အထိ နိုင်ငံတော်မှ ကျပ်သန်းပေါင်း ၁၀၀ ကျော်နှင့် JICA မှ ယန်းသန်းပေါင်း ၇၅၀ ထည့်ဝင်ခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ JICA မှ ယန်းသန်းပေါင်း ၅၈၃ ထည့်ဝင်အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိပြီး UNDP နှင့် အခြားသော အဖွဲ့အစည်းများဖြင့်လည်း ဒီရေတော စီမံကိန်းများ ညှိနှိုင်းရေးဆွဲ ပြင်ဆင်လျက်ရှိ . . . . .
၂၀၀၇ မှ ၂၀၁၃ ခုနှစ်အထိ ၆ နှစ်အတွင်း ၅ ဒသမ ၀၉ ရာခိုင်နှုန်း လျော့နည်းသွားသဖြင့် တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းနီးပါး လျော့နည်းခဲ့သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ကြိုးဝိုင်း ၅ ခုအတွင်းရှိ ဒီရေတောများမှာ ပြင်ဒရယ်၊ မိန်းမလှ၊ ကဒုံကနိ၊ ပြင်အလန်း၊ ကြာကန်ကွင်းပေါက်တို့သည် ၂၀ ရာခိုင်နှုန်းသော ဒီရေတောများ ၁၉၉၅ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း ပြုန်းတီးသွားသဖြင့် ဧရာဝတီ ဒီရေတောများသည် ၂၀၁၅ ခုနှစ်တွင် ပျောက်ဆုံးသွားနိုင်ကြောင်း သိရသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသအတွင်းရှိ ဒီရေတောများကို သဘာဝဘေးအန္တရာယ် တိုးမြှင့်ကာကွယ်ရေးနှင့် ပြန်လည်စိုက်ပျိုးရေးများကို ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ JICA မှ ယန်းသန်းပေါင်း ၅၈၃ ထည့်ဝင်အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိပြီး UNDP နှင့် အခြားသော အဖွဲ့အစည်းများဖြင့်လည်း ဒီရေတော စီမံကိန်းများ ညှိနှိုင်းရေးဆွဲ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

EMG

3 comments:

  1. ကျွန်တော်တို့ ဒီရေတောအေက (100000)စိုက်ပျိုးထားပါတယ်

    စိတ်ပါဝင် စား သောအဖွဲ့အစည်းများလာ ရောက်ကြည့် ရူ့  လေ့လာနှိင်ပါတယ် ဗျာ

    ph 0931156448

    ReplyDelete
  2. ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာမှာပါ

    ကျွန် တော်တို့ မိသားစု ကိုယ်တိုင် ငွေ ကြေးကုန်ကြခံပြီးစိုက်ပျိုးထားခြင်းဖြစ်ပါတယ်

    စိုက်ပျိုးထားတာ(3)နှစ်တိတိရှီပြီဖြစ်ပါတယ်

    စိတ်ပါဝင် စား သော NGO အ ဖွဲ့  အစည်းများ လာ ရောက် ကြည့် ရူနှိင် ပါတယ် ခင် ဗျာ ပြည် တွင်း ပြည်ပ မှ သဘာ ဝ ပတ် ဝန်းကျင် ကို ချစ် မြတ် နှိးသူတိုင်း

    ReplyDelete
  3. အကူညီများ လည်း ပေးနှိင် ပါတယ် ခင် ဗျာ

    ReplyDelete