Wednesday 5 September 2012

၅၀၀၀ တန် အိမ်မက် တကယ်နီးစပ်လာပြီလား


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှဖုန်းထုတ်လုပ်ခွင့်နိုင်ငံတကာတင်ဒါခေါ်ယူသည်နှင့် တစ်ပြိုင်နက် (၅ဝဝဝ)ကျပ်တန် မိုဘိုင်း ဖုန်းများကို ပြည်သူများအတွက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း   ရွှေပြည်တံခွန်ကုမ္ပဏီက သိရှိရသည်။


'' ဒီပုံစံအတိုင်းဆို အခု ဒုတိယဝန်ကြီးအသစ်က အကုန်နားလည်တတ်ကျွမ်း တဲ့သူ ဦးသောင်းတင်ဆိုတော့ မကြာခင် ၂လ ၊ ၃လအတွင်း ဆီးဂိမ်း မတိုင်ခင်မှာ ငါးထောင်တန်ဖုန်း ထွက်နိုင်လောက်ပါတယ်'' ဟု ရွှေပြည် တံခွန်မှ မန်နေဂျင်း ဒါရိုက် တာ ဦးလွင်နိုင်ဦးက ပြောသည်။

ရွှေပြည်တံခွန်ကုမ္ပဏီမှ (၅ဝဝဝ)တန် ဖုန်းထွက်ရှိရေးအတွက် လိုအပ်သည် များကို ပြင်ဆင်ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးများကို ကနဦး စတင်ရောင်းချပေးရန် အစီအစဉ်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

အဆိုပါ (၅ဝဝဝ)ကျပ်တန် မိုဘိုင်းဖုန်းများကို UMTS (Universal Mobile Telecommunication System စနစ်ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး GSM 3G ပုံစံဖြင့် ရောင်းချစီစဉ်ထားကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment