Wednesday 5 September 2012

လုပ်ငန်းခွင်ကြောင့် အဝမလွန်ရလေအောင် ...........

အလုပ်ခွင်မှာ ကိုယ်ခန္ဓာလှုပ်ရှားမှုမရှိတဲ့ အလုပ်လုပ်ရသူတွေအနေနဲ့ အလုပ်မသွားခင် ဒါမှမဟုတ် အလုပ်ကပြန်လာချိန်မှာ နာရီဝက်လောက်အချိန်ပေးပြီး အားကစားလုပ်သင့်ပါတယ်။ ခက်ခဲနေတယ်ဆိုရင် လုပ်ငန်းခွင်မှာပဲ ကိုယ်လက်လှုပ်ရှား ဖြစ်စေမယ့် လွယ်ကူတဲ့နည်းတွေရှိပါတယ်။

၁။ အလုပ်ကို လမ်းလျှောက်ကာ သွားပါ။ လုပ်ငန်းခွင်နဲ့ နေအိမ်က နီးတယ်ဆိုရင် လမ်းလျှောက်ပြီးသွားပါ။ ဝေးလို့ ဘတ်စကားစီးရမယ်ဆိုရင် အလုပ်မရောက်ခင် တစ်မှတ်တိုင်အလိုမှာ ဆင်းပြီးအလုပ်ဆီကို လမ်းလျှောက်သွားပါ။ အလုပ်ကို ကားမောင်းပြီး သွားတယ်ဆိုရင် အလုပ်နဲ့ ဝေးတဲ့နေရာမှာ ကားပါကင်ထိုးပြီး အလုပ်ဆီကို လမ်းလျှောက်သွားပါ။


၂။ တတ်နိုင်သမျှ မတ်တတ်ရပ်ပါ ထိုင်နေတာထက် မတ်တတ်ရပ်တာက ကယ်လိုရီပိုပြီး လောင်ကျွမ်းစေပါတယ်။ ဖုန်းပြောနေချိန် မတ်တတ်ရပ်ပါ။ ဖုန်းဆက်စရာကိစ္စတွေကို မိမိစားပွဲကဖုန်းထက် တခြားစားပွဲက အများသုံးဖုန်းကို သွားဆက်ပါ။

၃။ အားလပ်ချိန်မှာ အကြောဆန့်ပါ အားလပ်ချိန်မှာ ကော်ဖီ၊ သရေစာ မုန့် စတာတွေ စားတဲ့အခါ အမှီပါတဲ့ ကုလားထိုင်ပေါ်မှီပြီး စားတာမျိုးထက် လမ်းလျှောက်ရင်း စားတာမျိုး၊ မစားခင် လက်တွေကို ဆန့်ထုတ်ပေးတာမျိုး လုပ်ပေးပါ။ ရင်ဘတ်ဆီကို မေးဆွဲချပေးရင် လည်ပင်းနောက်ဘက်က အကြောတွေ ပြေလျော့သွားနိုင်ပါတယ်။ ပခုံးနဲ့ နားတွေကို ဘယ်ညာဘက်ပြောင်းပြီး ထိကပ်ပေးရင် လည်ပင်းဘေးဘက်က ကြွက်သားတင်းအား လျော့သွားနိုင်ပါတယ်။

၎။ ခပ်မတ်မတ်ထိုင်ပါ ထိုင်ပြီးအလုပ် လုပ်ရတဲ့အခါ ခန္ဓာကိုယ်ကို လျော့တိလျော့ရဲ ထိုင်တာမျိုးဟာ ခန္ဓာကိုယ်ကို ညောင်းညာ ပင်ပန်းစေပါတယ်။ ခပ်မတ်မတ် ထိုင်တာကသာ ကျောနဲ့ခါး ညောင်းညာမှု ကင်းဝေး သက်သာစေပါတယ်။

၅။ အပြင်ထွက်ကာ နေ့လယ်စာစားပါ နေ့လယ်စာစားချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြင်ထွက်စားပါ။ ဒါဆိုရင် အနည်းဆုံးတော့ လမ်းလျှောက်ဖြစ်သွားပါပြီ။ အစာစားပြီးချိန်မှာလည်းအလုပ်ကို လမ်းလျှောက်ပြီး ပြန်လာတဲ့အတွက် ချက်ချင်းထိုင်ဖြစ်မှာကို ပူပန်စရာမလိုတော့ပါဘူး။

၆။ လမ်းလျှောက်ရင်း လေဝဝရှူပါ အလုပ်ကိစ္စထဲမှာ လမ်းလျှောက်ရတာ ပါဝင်နေရင် မြန်မြန်လျှောက်ပေးပါ။ မေးစေ့ကို မတ်မတ်ထားပြီး ပခုံးတွေကို နောက်ဘက်အနည်းငယ်ပစ်ကာ အသက်ဝဝရှူသွင်းရင်း လမ်းလျှောက်ပေးပါ။

၇။ အလုပ်ကိစ္စ ခရီးကိုကြိုတင်ပြင်ဆင်ပါ လေယာဉ်ပျံသန်းချိန်ကို လမ်းလျှောက်ရင်းစောင့်တာမျိုး၊ အားကစား အသုံးအဆောင်ပါဝင်တဲ့ တည်းခိုခန်းကိုငှားတာမျိုး၊ ရေကူးကန်ပါတဲ့ ဟိုတယ်လ်ကိုငှားတာမျိုး လုပ်ပါ။Good Health

ref:FB

No comments:

Post a Comment