Wednesday 5 September 2012

“ဒုတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော် စတင်ကျင်းပ”

ဒုတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို တာမွေမြို့နယ် မဟာသန္တိ သုခကျောင်းတော်ကြီးတွင် ယနေ့ နံနက်၌စတင်ကျင်းပပြုလုပ်ခဲ့သည်။ ဖွင့်ပွဲကို တေးရေးဆရာကိုနေ၀င်းမှ ခွန်အားပြည့်မိငယ်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ၄င်း၏သားဖြစ်သူ ရဲရင့်မြင့်မိုရ် မှလည်း သီချင်းတစ်ပုဒ်ဖြင့် သီဆိုဖျော်ဖြေပေးခဲ့သည်။ဆက်လက်၍ လူသားတို့၏စိတ်ခံစားမှုများကို ဖွင့်ဆိုပြသသည့် Performance တစ်ခုကို ပြုလုပ်ပြခဲ့ပြီး ‘နာဂစ် အလွန်’ ရုပ်ရှင်ဇာတ်ကားတိုအား ဖွင့်ပွဲရုပ်ရှင်အဖြစ် ပြသခဲ့သည်။
ယင်းဝဿန်ရုပ်ရှင်ပွဲတော်တွင် ပြိုင်ပွဲဝင်ရုပ်ရှင်ကားပေါင်း (၃၁)ကား ပါဝင်ပြသမည်ဖြစ်ပြီး ပထမဆုံးနေ့တွင် ပြိုင်ပွဲဝင်ကား (၁၂)ကား ပြသမည်ဖြစ်ကြောင်းလည်း သိရသည်။
ဝဿန်ရုပ်ရှင်ပွဲတော်အား ယခုလ ၅ရက်မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်သည်။

No comments:

Post a Comment