Wednesday 5 September 2012

ယနေ့ (စက်တင်ဘာလ ၅ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများကို ဆွေးနွေးကြမည်


ယနေ့ (စက်တင်ဘာလ ၅ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

(၁) ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ၂၀၁၁ခုနှစ် မတ် ၃၀ ရက်နေ့မှ ၂၀၁၂ ဇွန် ၃၀ ရက်နေ့အထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တရားရုံး အဆင့်ဆင့်၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ တင်ပြခြင်း။

(၂) ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏
အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်း၊ အမျိုးသားလွှတ်တော်၏
အတည်ပြုချက် ရယူခြင်း။

(၃) အမျိုးသားလွှတ်တော် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အ၀န်း ဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက ဆွေးနွေးခြင်း၊ အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

(၄) ပညာရေးတိုးတက် ပြောင်းလဲ ဆောင်ရွက်ရန် အဆိုအား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်း၊ အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

No comments:

Post a Comment