Wednesday 5 September 2012

မြန်မာအပေါ်စီးပွားရေးပိတ်ဆို့မှုလုံးဝရုပ်သိမ်းပေးရေး တောင်အာဖရိကနိုင်ငံ တောင်းဆိုသွားမည်

မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုအားလုံး လုံးဝရုပ်သိမ်းပေးရေးအတွက်   တောင်အာဖရိက အနေဖြင့် ဆက်လက် တောင်းဆိုမှုများပြုလုပ်သွားမည်ဟု တောင်အာ ဖရိကနိုင်ငံအပြည်ပြည်ဆိုင်ရာဆက် ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက ပြောသည်။

မြန်မာသို့ ပထမဆုံးခရီးစဉ်အဖြစ်လာရောက်သည့် တောင်အာဖရိကနိုင်ငံအပြည်ပြည်ဆိုင်ရာဆက် ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E Mrs Maite Nkoana Mashabane ကယခုလ ၄ ရက်နေ့ တွင် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံရာ၌ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းကမြန်မာတွင် အပြုသဘောဖြစ်ပေါ်တိုးတတ်မှုအများအပြား ရှိနေ၍ ထိုကန့်သတ်ပိတ်ဆို့မှု များရုပ်သိမ်း သင့်ကြောင်း နှင့်စီးပွားရေးလုပ်ငန်းရှင်များလာရောက်ရင်းနီးမြုပ်နှံရန်မိမိတို့ နိုင်ငံရှိ မြန်မာသံရုံးမှတဆင့် သတင်းအချက်အလက်များရယူပြီးဆောင်ရွက်သွားမည်ဟု ပြောသည်။

ထို့အပြင် တောင်အာဖရိကနိုင်ငံသည် သတ္တုထုတ်လုပ်ရေးဂဏ္ဍ၌ နှစ်ပေါင်းတစ်ရာကျော်ခန့် အတွေ့အကြုံရှိ ၍မြန်မာသတ္တုဂဏ္ဍတွင်လည်း လာရောက်ရင်းနှီးမြုပ်နှံရန်ဆန္ဒရှိကြောင်း၎င်းကပြောသည်။
မြန်မာနှင့် တောင်အာဖရိကနိုင်ငံသည် ၁၉၉၅ တွင်သံတမာန်ဆံဆက်ရေးစတင်ထူထောင်ခဲ့ပြီး မြန်မာသံရုံးကို တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့၌ ဖွင့်လှစ်ထားပြီးမြန်မာနိုင်ငံဆိုင်ရာတောင် အာ  ဖရိကသံရုံးကိုတော့ ဖွင့်လှစ်ခြင်း မရှိသေးပေ။
 
ref:popular

No comments:

Post a Comment