Wednesday 5 September 2012

မြောက်ကိုရီးယားပါလီမန်အစည်းအဝေး ပြုလုပ်၍ စီးပွားရေးနှင့်ဆိုင်သော ဥပဒေပြုဖွယ်ရှိ

တစ်နှစ်လျှင် ၂ ကြိမ်ခန့်ပြုလုပ်လေ့ရှိသော ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံ၏ ပါလီမန်အစည်းအဝေးကို ယခုလ ၂၅ ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ရာ တရုတ်နှင့်သဘောတူထားသောစီးပွားရေးကိစ္စများအတွက် ဥပဒေ ပြုရန်ဖြစ်ဖွယ်ရှိကြောင်း CNA သတင်းတွင်ဖောပြထားသည်။ရာဘာတံဆိပ်တုံးလွှတ်တော်ဟု လူအများကသတ်မှတ်ထားသော မြောက်ကိုရီးယား ကွန်မြူနစ်ပါလီမန် အစည်းအဝေးသည် အစိုးရဘတ်ဂျက်အသုံးစားရိတ်ကိုအတည်ပြုရန်နှင့် အစိုးရအဖွဲ့ဝင်များခန့်အပ်ခြင်းများပြုလုပ်ရန် တစ်နှစ်လျှင် ၁ ကြိမ် ၂ ကြိမ်ခန့် ကျင်းပလေ့ရှိသည်။ မြောက်ကိုရီးယားနှင့်တရုတ်နိုင် ငံတို့သည် လွန်ခဲ့သောလက အထူးစီးပွားရေးဇုန်ဖွင့်ခြင်းနှင့်ပက်သက်၍ သဘောတူညီမှုရရှိခဲ့ကြပြီး၊စိုက်ပျိုးရေး၊လျှပ်စစ်ဓာတ်အားပေးပို့ရေးတို့တွင်လည်း သဘောတူညီမှုရှိခဲ့ကြ သည်။

ယခုပြုလုပ်မည့် ပါလီမန်အစည်းအဝေးတွင် မကြာသေးခင်က တရုတ်နှင့်သဘောတူညီမှု ရခဲ့သော နှစ်နိုင်ငံနယ်စပ်အနီး စီးပွားရေးဇုန်နှင့်ပတ်က်၍ ဥပဒေပြုဖွယ်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ မြောက်ကိုရီးယားလေ့လာရေးတက္ကသိုလ
်မှ ပါမောက္ခ Yang Moo-Jin ကပြောကြားသည်။

မြောက်ကိုရီးယား၏ြ ပည်တွင်းစီးပွ
ားေ ရးပြုပြင်ပြောင်းလဲမှုများ ၊မြောက်ကိုရီးယား အလုပ်သမားနှင့် လယ်သမားများထုတ်လုပ်မှုတိုးစေရန် မက်လုံးပေးမည့် ဥပဒေများကို ယခုကျင်းပမည့် ပါလီမန်အစည်းအဝေးတွင် ပြုလုပ်ဖွယ်ရှိကြောင်း Dongguk တက္ကသိုလ်မှ ပါမ္ခော ကင်ယောင်ဟွန်း ကပြောကြားသည်။

နျူကလီးယားလက်နက် ထုတ်လုပ်ရန်ကြိ
ုးပမ်းလျက်ရှိသော်လည်း၊ ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေ ရသော မြောက်ကိုရီး ယား စီးပွားရေးအတွက် တရုတ်မှာ အဓိကမဟာမိတ်တစ်ဦးဖြစ်သည်။

No comments:

Post a Comment