Wednesday 5 September 2012

ပိုင်နက်အငြင်းပွားမှုကြောင့်တင်းမာမှုပြင်းထန်နေစဉ် ဟီလာရီကလင်တန်နှင့် တရုတ်သမ္မတတွေ့ဆုံ

ပိုင်နက်အငြင်းပွားမှုကြောင့် ဒေသတွင်းတင်းမာမှုမြင့်တက်နေစဉ်အချိန်တွင် အမေရိကန်နိုင် ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် တရုတ်သမ္မတ ဟူဂျင်တောင်နှင့် တရုတ်နိုင်ငံ   ဘေဂျင်းမြို့တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဘီဘီစီသတင်းတွင်ဖော်ပြထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂ရက်ကြာအလည်အပတ်ရောက်ရှိလျက်ရှိသော အမေရိကန်နို င်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တရုတ်သမ္မတ ဟူဂျင်တောင်နှင့်ဆွေးနွေးပွဲအစတွင် အမေရိကန်-တရုတ်ဆက်ဆံရေးမှာ ခိုင်မာကျစ်လစ်သောအခြေခံပေါ်တွင် ရှိနေကြောင်း အမေရိကန်နို င်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကပြောကြားသည်။

“ကျမတို့အနေနဲ့ နှစ်နိုင်ငံအကြား သဘောတူညီတဲ့ကိစ္စတွေ၊သဘောမတူတဲ့ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းပုံစံနဲ့ ရှာဖွေနိုင်ခဲ့ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံဆက်ဆံရေးဟာ ရင့်ကျက်မှုရှိလာတယ်၊နောက်လည်း ဒီထက်ပိုပြီး တိုးတက်သွားမယ်ဆိုတာကိုပြသနေတာပါပဲ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တရုတ်သမ္မတ ဟူဂျင်တောင်နှင့်တွေ့ဆုံရာတွင် အကောင်းမြင်သဘောထားမှတ်ချက်ပေးခဲ့သော်လည်း၊တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်သတင်း စာဖြစ်သော People Daily ၏ဆောင်းပါးတစ်ပုဒ်တွင်မူ ပိုင်နက်အငြင်းပွားလျက်ရှိပြီး အရှေ့တောင် အာရှနိုင်ငံတချို့နှင့်တင်းမာမှုပြင်းထန်နေသောအရေးတွင် အမေရိကန်ကဝင်ရောက်အမြတ်ထုတ်လျက်ရှိသည်စသည်ဖြင့် ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် တရုတ်နိုင်ငံသို့အလည်အပတ်မလာရောက်မီ အင်ဒိုနီးရှားနိုင်ငံသို့ဝင်ရောက်ခဲ့ပြီးနောက် တရုတ်နှင့်အရှေ့တောင်အာရှနိုင်ငံများအကြားတင်းမာ လျက်ရှိသော တောင်တရုတ်ပင်လယ်အတွင်းရှိပိုင်နက်အငြင်းပွားမှုများအကြောင်းဆွေးနွေးခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း   တွေ့ဆုံမည်ဖြစ်သည်။

သို့သော် မကြာမီတရုတ်သမ္မတဖြစ်လာမည့်သူဟုယူဆထားသော တရုတ်ဒုသမ္မတ Xi Jinping နှင့်တွေ့ဆုံမည့်အစီအစဉ်ကိုမူ အကြောင်းပြချက်တစုံတရာမရှိဘဲ ဖျက်သိမ်းခဲ့သည်။
 
ref:7daynews

No comments:

Post a Comment