Wednesday 5 September 2012

KIA အမာခံ ပြည်သူ့စစ်များက ဂျာဝမ်တံတားအား ဆင်ဖြင့် ဖြိုချဖျက်ဆီး

 From- kachin daily news
KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) မှ အမာခံပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်တဲ့ တန်ဂွန်း ဦးဆောင်သော အဖွဲ့ဝင် (၃၀) ခန့်ဟာ စက်တင်ဘာလ (၃) ရက်နေ့က ဂျာဝမ်တံတားကို ဆင်တွေနဲ့ ဖြိုချ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တံတားကို ယုဇနကုမ္ပဏီမှ ဖောက်လုပ်ထားတဲ့ ၀ါရာဇွပ် - စစိန် - ဂျာဝမ် - နမ့်ယား သွား ကားလမ်းပေါ်က ဂျာဝမ် ကျေးရွာအနီးမှာ ရှိပါတယ်။ ပတ်ဝန်းကျင်ကျေးရွာတွေက တောင်ယာနဲ့ လယ်ယာ ထွက် ကုန်ပစ္စည်းတွေကို အဓိကတင်ပို့ရောင်းချတဲ့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းလည်းဖြစ်ပါတယ် ။

ယခုလို ဆင်တွေနဲ့ ဖြိုချခဲ့တဲ့အတွက် ယာဉ်ကြီး ၊ ယာဉ်ငယ် နဲ့ ဆိုင်ကယ်တွေပါ ဖြတ်သန်း သွားလာလို့ မရတော့အတွက် ကုန်စည်သယ်ယူပို့ဆောင်မှု အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ များမှ ပြောသည်။

KIA အဖွဲ့အနေနဲ့ လူသတ် ၊မိုင်းခွဲ ၊ ဆက်ကြေးကောက် ၊ အတင်းအဓမ္မလူသစ်စုဆောင်း မှုတွေကြောင့် ဒေသခံတိုင်းရင်းသားတွေ မကျေမနပ်ဖြစ်နေတာကို သိရှိတဲ့အတွက် ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းတွေကို ကိုယ်တိုင်ပါဝင် လုပ်ကိုင်ခြင်းမရှိတော့ဘဲ ၎င်းတို့အမာခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ယခုလို လုပ်ဆောင်ခိုင်းတာ တာပဲ ဖြစ်တယ်လို့ သိရပါတယ် ။ 

မည်သည့် ရည်ရွယ်ချက်ကြောင့်ပင်ဆိုစေကာမူ တကယ့်လက်တွေ့ ဘ၀တွင်တော့ ဒေသခံပြည်သူ လူထု ရဲ့ စီးပွားရေး အခက်အခဲတွေကတော့ ပေါ်ပေါက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ တံတားပြန်လည်ပြုပြင်ပေးဖို့ တာဝန်ရှိသူတွေကို ပြောကြားထားပေမယ့် ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေသော စစ်ပွဲတွေကြောင့် လာရောက် ပြုပြင်ဖို့အတွက် အချိန်ကြန့်ကြာဦးမယ်လို့ သိရပါတယ်။

No comments:

Post a Comment