Wednesday 5 September 2012

နိုင်ဂျီးရီးယားနိုင်ငံ Guinea ပင်လယ်ကွေ့အနီးတွင် စင်္ကာပူပိုင် ရေနံတင် သင်္ဘော ပြန်ပေးဆွဲခံရ

နိုင်ဂျီးရီးယားနိုင်ငံ Guinea ပင်လယ်ကွေ့အနီးတွင် စင်္ကာပူပိုင် သင်္ဘောသား၂၃ဦးပါဝင်သော   ရေနံတင်သဘောင်္ကို ပင်လယ်ဒမြတို့မှ ပြန်ပေးဆွဲခဲ့သည်။ ရက်သတ္တပါတ် ၂ပါတ်အတွင်း တတိယမြောက်ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။
 နိုင်ဂျီးယားနိုင်ငံမှ ထွက်ခွာလာသော သင်္ဘောပေါ်သို့ မည်သို့ ပင်လယ်ဓါးပြတို့ရောက်ရှိခဲ့ခြင်းကို မသိရှိသေးကြောင်းနှင့် နိုင်ဂျီးနီးယားနိုင်ငံအာဏာပိုင်တို့ထံ အရေးယူဆောင်ရွက်ပေးရန်အကြောင်းထားကြောင်း မလေးရှားနိုင်ငံအခြေစိုက် နိုင်ငံတကာပင်လယ်ရေကြောင်းဌာနမှ အကြီးအကဲ Noel Choongက ယနေ့ဗုဒ္ဓဟူးနေ့တွင် အေအက်ပီသတင်းဌာနသို့ပြောကြားခဲ့သည်။ 

စင်္ကာပူ ရေနံတင်သင်္ဘောများတွင် မြန်မာသင်္ဘောသားများစွာ အလုပ်လုပ်ကိုင်လျက်ရှိသည်။ ယ္ခုပြန်ပေးဆွဲခံထားရသော သင်္ဘောတွင် တာဝန်ထမ်းဆောင်နေကြသည့် သဘောင်္ သားများ၏သက်ဆိုင်ရာနိုင်ငံများကို သတင်းထုတ်ပြန်ခြင်းမရှိသေး၍ မြန်မာနိုင်ငံသားသင်္ဘောသားများပါမပါ မသိရှိရသေးပေ။

No comments:

Post a Comment