Wednesday 5 September 2012

iPhone 5 မိတ်ဆက်တော့မည်


လပေါင်းများစွာ ကောလာဟလသတင်းများအနေဖြင့် ထွက်ပေါ်ခဲ့သည့် iPhone 5 မိတ်ဆက်ပွဲကို စက်တင်ဘာလ ၁၂ ရက်တွင် ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း Apple ကုမ္ပဏီမှ အတည်ပြုကြေညာခဲ့သည်။ ဆဋ္ဌမ မျိုးဆက် iPhone ဖြစ်လာမည့် iPhone 5 ကို အခြားအမည်တစ်မျိုး (New iPhone) ဖြင့်လည်း မိတ်ဆက်ပေးဖွယ်ရှိသည်။ အဆိုပါ iPhone သစ်ကို ဒီဇိုင်းအသစ်ဖြင့်   တွေ့မြင်ရဖွယ်ရှိပြီး အသုံးပြုထားသည့် screen မှာလည်း ယခင် iPhone 4S ထက် screen အရွယ်အစား ကြီးမားကာ ပိုမို ပါးလွှာပြီး 640 x 1,136 pixel resolution ဖြင့် ဖော်ပြပေးနိုင်မည်ဟု သိရသည်။

No comments:

Post a Comment