Thursday 6 December 2012

ကမ္ဘာ့ပထမဆုံး ၈၄ လက်မအရွယ် LG Ultra HD TV စတင်ရောင်းချ


Photo: ကမ္ဘာ့ပထမဆုံး ၈၄ လက်မအရွယ် LG Ultra HD TV စတင်ရောင်းချ 
Thursday, December 06, 2012

မည်သည့်အခါမျှ ရုပ်ရှင်ရုံကို သွားရောက်စရာ မလိုတော့ပါဟု
ကြွေးကြော်လျက် LG ၏ ကမ္ဘာ့ပထမဆုံး ၈၄ လက်မအရွယ် ဧရာမ Ultra HD TV ကြီးကို ဗြိတိန်တွင် စတင်မိတ်ဆက် ရောင်းချနေပြီဖြစ်သည်။ 

သာမန် HD TV များထက် ရုပ်ထွက်ကြည့်လင်ပြတ်သားမှု ၁၆ ဆ ပိုမိုကောင်းမွန်သော LG Ulltra HD TV ၏ ဈေးနှုန်းမှာ ပေါင်စတာလင် ၂၂,၅၀၀ ဖြစ်သည်။

အဆိုပါ TV ကြီးတွင် မိမိကြည့်ရှုလိုသော ရုပ်ရှင်ဇာတ်ကားများနှင့် TV အစီအစဉ်များကို ရွေးချယ်ကြည့်ရှုနိုင်မည့် application လည်း ပါဝင်သည်။ LG Ultra HD TV screen တွင် ပုံမှန် TV အစီအစဉ်ထုတ်လွှင့်မှုများကို 3D အဖြစ် ပြောင်းလဲကြည့်ရှုနိုင်မည်ဖြစ်ပြီး 3D မျက်မှန် ၅ စုံပါရှိသည်။ 

ထို့အပြင် TV screen ကို ပိုင်းခြားပြီး တစ်ချိန်တည်းတွင် 3D ရုပ်ရှင်များ ကြည့်ရှုခြင်းနှင့် ဂိမ်းဆော့ကစားခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Planet Myanmar Network မည်သည့်အခါမျှ ရုပ်ရှင်ရုံကို သွားရောက်စရာ မလိုတော့ပါဟု
ကြွေးကြော်လျက် LG ၏ ကမ္ဘာ့ပထမဆုံး ၈၄ လက်မအရွယ် ဧရာမ Ultra HD TV ကြီးကို ဗြိတိန်တွင် စတင်မိတ်ဆက် ရောင်းချနေ ပြီဖြစ်သည်။ 
သာမန် HD TV များထက် ရုပ်ထွက်ကြည့်လင်ပြတ်သားမှု ၁၆ ဆ ပိုမိုကောင်းမွန်သော LG Ulltra HD TV ၏ ဈေးနှုန်းမှာ ပေါင်စတာလင် ၂၂,၅၀၀ ဖြစ်သည်။

အဆိုပါ TV ကြီးတွင် မိမိကြည့်ရှုလိုသော ရုပ်ရှင်ဇာတ်ကားများနှင့် TVအစီအစဉ်များကို ရွေးချယ်ကြည့်ရှုနိုင် မည့် application လည်း ပါဝင်သည်။ LG Ultra HD TV screen တွင် ပုံမှန် TV အစီအစဉ် ထုတ်လွှင့် မှုများကို 3D အဖြစ် ပြောင်းလဲကြည့်ရှုနိုင်မည်ဖြစ်ပြီး 3D မျက်မှန် ၅ စုံပါရှိသည်။

ထို့အပြင် TV screen ကို ပိုင်းခြားပြီး တစ်ချိန်တည်းတွင် 3D ရုပ်ရှင်များ ကြည့်ရှုခြင်းနှင့် ဂိမ်းဆော့ ကစားခြင်း တို့ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment