Thursday 6 December 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည်ဟု မြန်မာ့စီးပွားရေးဦးပိုင် ပြောကြား


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ ဆုံးဖြတ်ချက် အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၊ မုံရွာကြေးနီ စီမံကိန်းဆိုင်ရာ
တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

''နိုင်ငံတော်အစိုးရက ဖွဲ့ပေးထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါ့ကြောင့် ဒီကော်မရှင်အဖွဲ့ရဲ့ဆုံးဖြတ်ချကအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟုမြန် မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မုံရွာကြေး နီစီမံကိန်းဆိုင်ရာတာဝန်ရှိသူကပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတဖွဲ့စည်းပေးခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်/မသင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အဖွဲ့ဝင်၁၆ ဦးပါဝင်သောအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ပံတောင်းတောင် စီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီဖြစ်သည့် Myanmar Wanbao Mining Copper Limited တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group

No comments:

Post a Comment