Thursday 6 December 2012

ဘင်္ဂလားဒေ့ရှ် အထွေထွေ သပိတ်မှ တစ်ဆင့် အကြမ်းဖက်မှုများ ဖြစ်ပွားလျက် ရှိခြင်း


Photo: ဘင်္ဂလားဒေ့ရှ် အထွေထွေ သပိတ်မှ တစ်ဆင့် အကြမ်းဖက်မှုများ
ဖြစ်ပွားလျက် ရှိခြင်း
Wednesday, 05 December 2012

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ အကြီးမားဆုံး အစ္စလာမ္မစ် ပါတီကြီး တစ်ခုက အကျဉ်းကျ ခံနေရသော ပါတီ၏ ခေါင်းဆောင်များအား လွှတ်ပေးရန် အတွက် အထွေထွေ သပိတ်တစ်ရပ်အား ပြုလုပ်လျက် ရှိရာ နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ ပျံ့နှံ့လျက်ရှိပြီး ဒီဇင်ဘာလ ၃ ရက်နေ့ ညတွင် ချီရာဘန်ဒါမြို့ မြောက်ပိုင်း၌ ဆန္ဒပြသူ တစ်ဦး သေဆုံး ခဲ့ပါသည်။

ဂျာမတ်အီး အစ္စ လာမ္မစ် ပါတီ ခေါင်းဆောင်များအား ၁၉၇၁ လွတ်လပ်ရေး စစ်ပွဲအတွင်း ရက်စက် ကြမ်းကြုတ် မှုများ အတွက် အထူးတရားရုံး တစ်ခုက ပြစ်ဒဏ်ချမှတ် မှုပြုလုပ် ခဲ့ပါသည်။ 

အဆိုပါ စွဲချက် များသည် နိုင်ငံရေး လှုံ့ဆော်မှုသာ ဖြစ်ကြောင်း ပါတီက ပြောကြားခဲ့ပါသည်။ အချို့သော နေရာများတွင် ဆန္ဒပြသူများက မော်တော်ယာဉ်နှင့် တာယာများအား မီးရှို့ခဲ့ပြီး ရဲတပ်ဖွဲ့၏ မော်တော်ယာဉ် များအား ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ပါသည်။

နိုင်ငံ၏ နေရာ အများစုတွင် ကျောင်းနှင့် ရုံးများအား ပိတ်ပစ် ခဲ့ရပါသည်။ ဘင်္ဂလားဒေ့ရှ် အဓိက အတိုက်အခံ BNP ပါတီ သည်လည်း ဆန္ဒပြမှု၌ ပါဝင်ခဲ့ပါသည်။ အစိုးရ အနေဖြင့် ဆန္ဒပြမှု များအား နှိမ်နင်းရန် ရဲအရာရှိ ထောင်ပေါင်း များစွာအား တပ်ဖြန့် ချထားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ် တာဝန်ရှိ သူများက အကျဉ်းချ ခံနေရသော ပါတီ
ခေါင်းဆောင်များအား လွှတ်ပေးရန် ငြင်းဆိုခဲ့ပြီး နောက်တစ်နေ့တွင် အထွေထွေ သပိတ်ကြီး ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်ပါသည်။ 

သပိတ်မှောက်မှု အတွင်း အဓိက အတိုက်အခံ ပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသား ပါတီကလည်း ပါဝင် ကူညီခဲ့ကြောင်း သိရှိရပါသည်။ 

ဒါကာ အခြေစိုက် ဘီဘီစီ သတင်းထောက်၏ ပြောကြားချက်အရ လူပေါင်းများစွာသည် မိမိတို့၏ နေအိမ်အတွင်း၌ နေထိုင် ခဲ့ကြပြီး အကြမ်းဖက်မှု များအား ထိတ်လန့်လျက် ရှိကြောင်း သိရှိရပါသည်။ 

လမ်းမ များတွင်လည်း အသွားအလာ မရှိသလောက်ခြောက်ကပ်
နေခဲ့ပါသည်။ လေ့လာသုံးသပ် သူများ အနေဖြင့် ယခု ဖြစ်ပွားနေသော ဆန္ဒပြမှု များသည် အထွေထွေ သပိတ်ကြီး၏ အစပိုင်း ဖြစ်ရပ် များဟု ယုံကြည် ခဲ့ကြပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အများစုသည် ဆန္ဒပြ ကန့် ကွက်မှု များနှင့်ပတ်သက်၍ စိတ်ပျက် ငြီးငွေ့လျက် ရှိကြပြီး နိုင်ငံအတွင်း တည်ငြိမ်မှု ပျက်ပြား ပြီး ကာလကြာရှည် ဖြစ်ပွားနေသည့် မငြိမ်မသက် မှုများအတွက် စိုးရိမ်ကြောင့်ကြ မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရပါသည်။

မြ၀တီ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ အကြီးမားဆုံး အစ္စလာမ္မစ် ပါတီကြီး တစ်ခုက အကျဉ်းကျ ခံနေရသော ပါတီ၏ ခေါင်းဆောင်များအား လွှတ်ပေးရန် အတွက် အထွေထွေ သပိတ်တစ်ရပ်အား ပြုလုပ်လျက် ရှိရာ နိုင်ငံ တစ်ဝန်း အကြမ်းဖက်မှုများ ပျံ့နှံ့လျက်ရှိပြီး ဒီဇင်ဘာလ ၃ ရက်နေ့ ညတွင် ချီရာဘန်ဒါမြို့ မြောက်ပိုင်း၌ ဆန္ဒပြသူ တစ်ဦး သေဆုံး ခဲ့ပါသည်။

ဂျာမတ်အီး အစ္စ လာမ္မစ် ပါတီ ခေါင်းဆောင်များအား ၁၉၇၁ လွတ်လပ်ရေး စစ်ပွဲအတွင်း ရက်စက် ကြမ်းကြုတ် မှုများ အတွက် အထူးတရားရုံး တစ်ခုက ပြစ်ဒဏ်ချမှတ် မှုပြုလုပ် ခဲ့ပါသည်။

အဆိုပါ စွဲချက် များသည် နိုင်ငံရေး လှုံ့ဆော်မှုသာ ဖြစ်ကြောင်း ပါတီက ပြောကြားခဲ့ပါသည်။ အချို့သော နေရာ များတွင် ဆန္ဒပြသူများက မော်တော်ယာဉ်နှင့် တာယာများအား မီးရှို့ခဲ့ပြီး ရဲတပ်ဖွဲ့ ၏ မော်တော်ယာဉ် များအား ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ပါသည်။
နိုင်ငံ၏ နေရာ အများစုတွင် ကျောင်းနှင့် ရုံးများအား ပိတ်ပစ် ခဲ့ရပါသည်။ ဘင်္ဂလားဒေ့ရှ် အဓိက အတိုက်အခံ BNP ပါတီ သည်လည်း ဆန္ဒပြမှု၌ ပါဝင်ခဲ့ပါသည်။ အစိုးရ အနေဖြင့် ဆန္ဒပြမှု များအား နှိမ်နင်းရန် ရဲအရာရှိ ထောင်ပေါင်း များစွာအား တပ်ဖြန့် ချထားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ် တာဝန်ရှိ သူများက အကျဉ်းချ ခံနေရသော ပါတီခေါင်းဆောင်များအား လွှတ်ပေးရန် ငြင်းဆို ခဲ့ပြီး နောက်တစ်နေ့တွင် အထွေထွေ သပိတ်ကြီး ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်ပါသည်။

သပိတ်မှောက်မှု အတွင်း အဓိက အတိုက်အခံ ပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသား ပါတီကလည်း ပါဝင် ကူညီခဲ့ကြောင်း သိရှိရပါသည်။

ဒါကာ အခြေစိုက် ဘီဘီစီ သတင်းထောက်၏ ပြောကြားချက်အရ လူပေါင်းများစွာသည် မိမိတို့၏ နေအိမ် အတွင်း၌ နေထိုင် ခဲ့ကြပြီး အကြမ်းဖက်မှု များအား ထိတ်လန့်လျက် ရှိကြောင်း သိရှိရပါသည်။

လမ်းမ များတွင်လည်း အသွားအလာ မရှိသလောက်ခြောက်ကပ်နေခဲ့ပါ သည်။ လေ့လာသုံးသပ် သူများ အနေဖြင့် ယခု ဖြစ်ပွားနေသော ဆန္ဒပြမှု များသည် အထွေထွေ သပိတ်ကြီး၏ အစပိုင်း ဖြစ်ရပ် များဟု ယုံကြည် ခဲ့ကြပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အများစုသည် ဆန္ဒပြ ကန့် ကွက်မှု များနှင့်ပတ်သက်၍ စိတ်ပျက် ငြီးငွေ့လျက် ရှိကြပြီး နိုင်ငံအတွင်း တည်ငြိမ်မှု ပျက်ပြား ပြီး ကာလကြာရှည် ဖြစ်ပွားနေသည့် မငြိမ်မသက် မှုများအတွက် စိုးရိမ်ကြောင့်ကြ မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရပါသည်။

မြ၀တီ

No comments:

Post a Comment