Thursday 6 December 2012

မီးလောင်ဗုံးသင့် သံဃာများကိစ္စနှင့်ပတ်သက်၍ လူမှုရေးဝန်ကြီးရှင်းလင်း ပြောကြား

Photo: မီးလောင်ဗုံးသင့် သံဃာများကိစ္စနှင့်ပတ်သက်၍ လူမှုရေးဝန်ကြီးရှင်းလင်း
ပြောကြား
Thursday, December 06, 2012

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသောလက်ပံတောင်း
တောင်အရေးကြောင့် မီးလောင်ဗုံးသင့်ခဲ့သည့် သံဃာတော်(၃၇)ပါးအား မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်(၆၂)လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံသို့
ပြောင်းရွှေ့လိုက် ပြီ ဖြစ်သည်။

စင်္ကာပူသို့ သွားရောက်ကုသမည့် သံဃာများအား နိုင်ငံကူးလက်မှတ်ထုတ်
မပေးသည့်သတင်းမှာ မဟုတ်မှန်ကြောင်း၊ သံဃာများ၏ မီးလောင်ဒဏ်ရာ
များသည် မည်သည့် လက်နက်များဖြင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသည်ကိုမူ
၎င်းတို့အနေဖြင့် မသိရှိကြောင်း ၊ မှုခင်းဆရာဝန်များကသာ သုံးသပ်
နိုင်ကြောင်းထိုဒဏ်ရာများမှာ အသားပြန်တက်လာမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

“မန္တလေးဆေးရုံကြီးက အထက်မြန်မာပြည်ရဲ့ အဓိကဆေးရုံဖြစ်တယ် ၊ အခြားလူနာတွေလည်း နေ့စဉ် လာနေရတယ် ၊ မနေ့က အစာအိမ်ဖြစ်တဲ့
လူတို့ အခြားလူနာတွေလာတဲ့ အချိန်ကြတော့ ကုတင်မရှိတော့လို့
အောက်မှာအိပ်နေရတာ သံဃာတွေ ကိုယ်တိုင်မြင်သွားတော့ ပြောင်းဖို့ သဘောတူလိုက်ကြတယ် ”ဟု လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင် က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ဆရာဝန်များသည် နိုင်ငံတကာဆရာဝန်များနှင့် ရင်ဘောင်
တန်းနိုင်ကြောင်း သံဃာများ အားပေးနေသည့် ဆေးဝါးများမှာ (FDA) အသိအမှတ်ပြုဆေးများ ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

“ စင်္ကာပူသွားမယ်ဆိုတာ မဟုတ်ပါဘူး၊ ထိုင်းနိုင်ငံကိုတော့ ဆရာတော်တစ်ပါးက သူ့ဆန္ဒနဲ့ သူသွားကုတာပါ ၊ နိုင်ငံကူး လက်မှတ်အတွက်လိုအပ်ရင် အကူအညီပေးမယ်လို့ကျွန်တော်တို့က
ပြောထားပါတယ်”ဟု ၄င်းက ဆက်ပြောသည်။

ယခုကဲ့သို့ ပြောင်းရွှေ့မှုနှင့်ပတ်သတ်၍ ကုသမှုခံယူနေသော ကိုယ်တော်များ
အရေးကူညီဆောင်ရွက် ပေးနေသူဦးသုက ပြောင်းရွှေ့မှုအား ကျေနပ်
ကြောင်းကိုလည်း ပြောကြားခဲ့သည်။

“ ဒီမှာနေရာမဆန့်တော့လို့ ဟိုဖက်ဆေးရုံကြီးကိုပြောင်းပေးမယ်လို့
ပြောတော့ ကိုယ်တော်တွေအားလုံးကလဲ လက်ခံကြပါတယ် ၊ ဘာမှပြောစရာမရှိပါဘူး”ဟု၎င်းက ပြောသည်။

မန္တလေးဆေးရုံကြီးတွင် အရေးပေါ် ခွဲစိတ်ကုသမှုခံယူရမည့် သံဃာ(၄)ပါး အပါအ၀င် စုစုပေါင်းသံဃာ (၃၁)ပါး ဆက်လက် ကုသမှုခံယူနေသည်။

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
Myit Makha Mediagroupမန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေသော လက်ပံတောင်းတောင်အရေးကြောင့် မီးလောင်ဗုံးသင့်ခဲ့သည့် သံဃာတော်(၃၇)ပါးအား မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်(၆၂) လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံသို့ပြောင်းရွှေ့လိုက် ပြီ ဖြစ်သည်။
စင်္ကာပူသို့ သွားရောက်ကုသမည့် သံဃာများအား နိုင်ငံ ကူးလက် မှတ်ထုတ်မပေးသည့်သတင်းမှာ မဟုတ်မှန်ကြောင်း၊ သံဃာများ၏ မီးလောင်ဒဏ်ရာများသည် မည်သည့်လက်နက်များဖြင့် ပစ်ခတ် မှုကြောင့် ဒဏ်ရာ ရရှိသည်ကိုမူ၎င်းတို့အနေဖြင့် မသိရှိကြောင်း ၊ မှုခင်းဆရာဝန်များကသာ သုံးသပ်နိုင်ကြောင်း ထိုဒဏ်ရာများမှာ အသားပြန်တက်လာမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီးက ရှင်းလင်းပြောကြား ခဲ့သည်။
“မန္တလေးဆေးရုံကြီးက အထက်မြန်မာပြည်ရဲ့ အဓိကဆေးရုံဖြစ်တယ် ၊ အခြားလူနာတွေလည်း နေ့စဉ် လာနေရတယ် ၊ မနေ့က အစာအိမ်ဖြစ်တဲ့လူတို့ အခြားလူနာတွေလာတဲ့ အချိန်ကြတော့ ကုတင် မရှိတော့လို့ အောက်မှာအိပ်နေရတာ သံဃာတွေ ကိုယ်တိုင်မြင်သွားတော့ ပြောင်းဖို့ သဘောတူ လိုက်ကြ တယ် ”ဟု လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင် က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ဆရာဝန်များသည် နိုင်ငံတကာဆရာဝန်များနှင့် ရင်ဘောင်တန်းနိုင်ကြောင်း သံဃာများ အားပေးနေသည့် ဆေးဝါးများမှာ (FDA) အသိအမှတ်ပြုဆေးများ ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

“ စင်္ကာပူသွားမယ်ဆိုတာ မဟုတ်ပါဘူး၊ ထိုင်းနိုင်ငံကိုတော့ ဆရာတော်တစ်ပါးက သူ့ဆန္ဒနဲ့ သူသွားကုတာပါ ၊ နိုင်ငံကူး လက်မှတ်အတွက်လိုအပ်ရင် အကူအညီပေးမယ်လို့ကျွန်တော်တို့ကပြောထား ပါတယ်”ဟု ၄င်းက ဆက်ပြောသည်။
ယခုကဲ့သို့ ပြောင်းရွှေ့မှုနှင့်ပတ်သတ်၍ ကုသမှုခံယူနေသော ကိုယ်တော်များအရေး ကူညီဆောင် ရွက် ပေးနေ သူဦးသုက ပြောင်းရွှေ့မှုအား ကျေနပ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။
“ ဒီမှာနေရာမဆန့်တော့လို့ ဟိုဖက်ဆေးရုံကြီးကိုပြောင်းပေးမယ်လို့ ပြောတော့ ကိုယ်တော်တွေ အားလုံးကလဲ လက်ခံ ကြပါတယ် ၊ ဘာမှပြောစရာမရှိပါဘူး”ဟု၎င်းက ပြောသည်။
မန္တလေးဆေးရုံကြီးတွင် အရေးပေါ် ခွဲစိတ်ကုသမှုခံယူရမည့် သံဃာ(၄)ပါး အပါအ၀င် စုစုပေါင်းသံဃာ (၃၁)ပါး ဆက်လက် ကုသမှုခံယူနေသည်။

Myit Makha Mediagroup

No comments:

Post a Comment