
ယာဉ်တိုက်ခံရသူ အမျိုးသားမှာ အသက်(၆၀)ခန့်ရှိပြီး ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားကာ သွေးထွက်နေသော်လည်း သတိမလစ်ဘဲ မျက်လုံးပွင့်လျက်ရှိနေသည်။ ယာဉ်တိုက်ခံရသူ အမျိုးသားကြီးသည် လှည်းတန်းလမ်းမကြီးအရှေ့ဘက် ယာဉ်ထိန်းရုံးရှေ့မှ လမ်းတစ်ဖက်ခြမ်းသို့ကူးရန် လမ်းလယ်တုံး၌ ရပ်နေစဉ် အရှိန်ဖြင့် ကျော်တက်လာသည့် ၄၈ မီနီဘတ်စ်က တိုက်မိ သွားခြင်းဖြစ်နိုင်ကြောင်း မျက်မြင်သက်သေများကပြောသည်။
"အခုလိုက်နေတုန်းဘဲ မမိသေးဘူး"ဟု အဆိုပါအမှုကို တာဝန်ယူထားသော နယ်မြေ(၂)မှ ယာဉ်မှုစစ်အရာရှိ ဒုရဲအုပ်စောဇော်မင်းဦးကပြောသည်။
7 Days News Journal
No comments:
Post a Comment