Thursday 6 December 2012

မြန်မာနိုင်ငံရှိ CMP လုပ်ငန်းများတွင် ကျွမ်းကျင် လုပ်သားများ ရရှိရန် သင်တန်းများ ဖွင့်လှစ်ပေးသင့်

Photo: မြန်မာနိုင်ငံရှိ CMP လုပ်ငန်းများတွင် ကျွမ်းကျင် လုပ်သားများ ရရှိရန် သင်တန်းများ ဖွင့်လှစ်ပေးသင့်
Thursday, December 06, 2012

မြန်မာ နိုင်ငံတွင် CMP လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်နေပြီး အလုပ်အကိုင် ဖွံ့ဖြိုး တိုးတက် လာသည်နှင့် အတူ အလုပ်သမား များ၏ 
ကျွမ်းကျင်မှုသည် အဓိက လိုအပ်ချက် ဖြစ်လာသည်ဟု CMP လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာ နိုင်ငံတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ စီးဝင် လာပါက CMP လက်ခစား လုပ်ငန်းများ အများစု ဝင်ရောက် လာမည်ဖြစ်ပြီး ကုန်သွယ်မှု တိုးမြင့်လာခြင်း၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ပိုမို များပြားခြင်း များကြောင့် အလုပ်သမား များ၏ အခွင့် အလမ်းများ ပိုမိုတိုးတက် လာနိုင်ပြီး ကျွမ်းကျင် လုပ်သားများ အဓိက ပိုမိုလိုအပ် လာမည်ဟု သိရသည်။

ထို့အပြင် မြန်မာ နိုင်ငံရှိ အလုပ်သမား များ၏ လုပ်ခလစာ နည်းနေမှု၊ အချိန်ပိုခိုင်း စေမှုများကို တည်ဆဲ ဥပဒေ များနှင့်အညီ လိုက်နာရမည် ဖြစ်ပြီး လုပ်အားခနှင့် ပတ်သက်၍ ဥပဒေ အရ အနိမ့်ဆုံး သတ်မှတ် ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးမီ အလုပ်သမား များ၏ လုပ်အားနှင့် ညီသည့် အခွင့်အရေးများ
ပေးရမည်ဟု သိရသည်။ လက်ရှိတွင် ဖွံ့ဖြိုးလာသည့် လုပ်ငန်းများ တိုးတက်စေရန် ဆောင်ရွက်ချိန်တွင် ကျွမ်းကျင် လုပ်သားများ မမွေးထုတ် နိုင်မီ အချိန်ပိုများ လုပ်ကိုင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီး ဌာနမှ သိရသည်။

ယင်းကဲ့သို့ ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် Semi- skill, Skilled, Advance Skilled နှင့် Supervisor စသဖြင့် နိုင်ငံတကာ စံနှုန်း သတ်မှတ်ချက် များကို လုပ်ငန်းရှင်များ ဘက်မှ လေ့ကျင့်ပေးရန် လိုပြီး သင်တန်းကျောင်းများ ဖွင့်ခြင်းနှင့် အထူး သင်တန်းများ ပေးခြင်း စသည့် လုပ်ဆောင်မှု များသည် CMP လုပ်ငန်းများ ဖွံ့ဖြိုးစေရန် အတွက် လိုအပ် လာမည်ဟု အလုပ်သမား ဝန်ကြီး ဌာနမှ သိရသည်။

မြ၀တီမြန်မာ နိုင်ငံတွင် CMP လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေ ရန် ဆောင်ရွက်နေပြီး အလုပ်အကိုင် ဖွံ့ဖြိုး တိုးတက် လာသည်နှင့် အတူ အလုပ်သမား များ၏ ကျွမ်းကျင်မှုသည် အဓိက လိုအပ်ချက် ဖြစ်လာ သည်ဟု CMP လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာ နိုင်ငံတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ စီးဝင် လာပါက CMP လက်ခစား လုပ်ငန်းများ အများစု ဝင်ရောက် လာမည်ဖြစ်ပြီး ကုန်သွယ်မှု တိုးမြင့်လာခြင်း၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ပိုမို များပြားခြင်း များကြောင့် အလုပ်သမား များ၏ အခွင့် အလမ်းများ ပိုမိုတိုးတက် လာနိုင်ပြီး ကျွမ်းကျင် လုပ်သားများ အဓိက ပိုမိုလိုအပ် လာမည်ဟု သိရသည်။

ထို့အပြင် မြန်မာ နိုင်ငံရှိ အလုပ်သမား များ၏ လုပ်ခလစာ နည်းနေမှု၊ အချိန်ပိုခိုင်း စေမှုများကို တည်ဆဲ ဥပဒေ များနှင့်အညီ လိုက်နာရမည် ဖြစ်ပြီး လုပ်အားခနှင့် ပတ်သက်၍ ဥပဒေ အရ အနိမ့်ဆုံး သတ်မှတ် ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးမီ အလုပ်သမား များ၏ လုပ်အားနှင့် ညီသည့် အခွင့်အရေးများ
ပေးရ မည်ဟု သိရသည်။ လက်ရှိတွင် ဖွံ့ဖြိုးလာသည့် လုပ်ငန်းများ တိုးတက်စေရန် ဆောင်ရွက်ချိန်တွင် ကျွမ်းကျင် လုပ်သားများ မမွေးထုတ် နိုင်မီ အချိန်ပိုများ လုပ်ကိုင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း အလုပ် သမား ဝန်ကြီး ဌာနမှ သိရသည်။

ယင်းကဲ့သို့ ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် Semi- skill, Skilled, Advance Skilled နှင့် Supervisor စသဖြင့် နိုင်ငံတကာ စံနှုန်း သတ်မှတ်ချက် များကို လုပ်ငန်းရှင်များ ဘက်မှ လေ့ကျင့်ပေးရန် လိုပြီး သင်တန်းကျောင်းများ ဖွင့်ခြင်းနှင့် အထူး သင်တန်းများ ပေးခြင်း စသည့် လုပ်ဆောင်မှု များသည် CMP လုပ်ငန်းများ ဖွံ့ဖြိုးစေရန် အတွက် လိုအပ် လာမည်ဟု အလုပ်သမား ဝန်ကြီး ဌာနမှ သိရသည်။

မြ၀တီ

No comments:

Post a Comment