Thursday 6 December 2012

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း ပီအက်ဂျီအသင်းသို့ သွားရောက်ကစားရန်အသင့်ရှိ

Photo: အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း ပီအက်ဂျီအသင်းသို့ သွားရောက်ကစားရန်အသင့်ရှိ
Thursday, December 06, 2012 

အင်္ဂလန် အသင်းခေါင်း ဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းသည် MLS အသင်းကြီး တစ်သင်းဖြစ်သည့် အယ်လ်အေဂလက်ဆီနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းကုန် ဆုံးပြီးနောက် ပီအက်ဂျီအသင်းသို့ ရွှေ့ပြောင်းရန်
သဘောတူခဲ့သည်ဟု သတင်းများထွက် ပေါ်လျက်ရှိသည်။

ဘက်ခမ်းသည် MLS ပွဲစဉ်များပြီး ဆုံးချိန်မှစ၍ သြစတြေးလျနှင့် ဂျပန်နိုင်ငံ များသို့ သွားရောက် ကစားမည့် လက္ခဏာများ ထွက်ပေါ်လာခဲ့ပြီး ပရီးမီး ယားလိဂ် အသင်းများဖြစ်သည့် စပါးနှင့် ကျူပီအာ တို့ကလည်း ၎င်းအား ကာလတို စာချုပ်ချုပ်ခေါ်ယူရန် ကြိုး ပမ်းခဲ့ကြသည်။

သို့ရာတွင် မိုနာကိုနှင့် ပီအက်ဂျီ အသင်းများမှ တာဝန်ရှိသူများက ဘက်ခမ်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဘက်ခမ်းသည် Ligue-2 အသင်းတစ်သင်းဖြစ်သည့် မိုနာကို အသင်းနှင့် ခြောက်လစာချုပ်ချုပ်ဆိုရန် ၎င်းအသင်းမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ သော်လည်း ပြင်သစ်သ တင်းစာကြီး တစ်စောင်ဖြစ်သည့် L'Equipe ၏ ဖော်ပြချက်အရ အဆိုပါ မန်ယူကွင်း လယ်ကစားသမား ဟောင်းသည် ပီအက်ဂျီသို့ သွားရောက်ကစား ရန် အသင့်ရှိနေကြောင်း သိရသည်။

ဘက်ခမ်းသည် အဆိုပါ Ligue-1 ကလပ်အသင်းကြီးဖြစ်သည့် ပီအက်ဂျီ အသင်းတွင် တစ်ရာသီသာ ကစားရန် စာချုပ်ချုပ်ဆိုရေးအတွက် စီစဉ်လျက်ရှိပြီး ၎င်း၏ အပြောင်း အရွှေ့နှင့် စပ်လျဉ်း၍ ဒီဇင်ဘာလ
နှောင်းပိုင်းတွင် စတင်လုပ်ဆောင်မည်ဖြစ် ကြောင်း L'Equipe သတင်းစာ တွင် ဖော်ပြထား သည်။

မြ၀တီ အင်္ဂလန် အသင်းခေါင်း ဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းသည် MLS အသင်းကြီး တစ်သင်းဖြစ်သည့် အယ်လ်အေဂလက်ဆီနှင့် ချုပ်ဆို ထားသော စာချုပ်သက်တမ်းကုန် ဆုံးပြီးနောက် ပီအက်ဂျီ အသင်း သို့ ရွှေ့ပြောင်း ရန်သဘောတူခဲ့သည်ဟု သတင်းများ ထွက် ပေါ် လျက် ရှိ သည်။
ဘက်ခမ်းသည် MLS ပွဲစဉ်များပြီး ဆုံးချိန်မှစ၍ သြစတြေးလျနှင့် ဂျပန်နိုင်ငံ များသို့ သွားရောက် ကစားမည့် လက္ခဏာများ ထွက်ပေါ် လာခဲ့ပြီး ပရီးမီး ယားလိဂ် အသင်းများဖြစ်သည့် စပါးနှင့် ကျူပီအာ တို့ကလည်း ၎င်းအား ကာလတို စာချုပ် ချုပ်ခေါ် ယူရန် ကြိုး ပမ်းခဲ့ကြသည်။

သို့ရာတွင် မိုနာကိုနှင့် ပီအက်ဂျီ အသင်းများမှ တာဝန်ရှိသူများက ဘက်ခမ်းနှင့် ဆွေးနွေး မှုများ ပြုလုပ် ခဲ့သည်။ ဘက်ခမ်းသည် Ligue-2 အသင်းတစ်သင်းဖြစ်သည့် မိုနာကို အသင်းနှင့် ခြောက်လစာ ချုပ်ချုပ် ဆိုရန် ၎င်းအသင်းမှ တာဝန်ရှိသူ များနှင့် ဆွေးနွေး ခဲ့ သော်လည်း ပြင်သစ်သ တင်းစာကြီး တစ်စောင်ဖြစ် သည့် L'Equipe ၏ ဖော်ပြချက်အရ အဆိုပါ မန်ယူကွင်း လယ်ကစားသမား ဟောင်းသည် ပီအက်ဂျီသို့ သွားရောက်ကစား ရန် အသင့်ရှိနေကြောင်း သိရသည်။

ဘက်ခမ်းသည် အဆိုပါ Ligue-1 ကလပ်အသင်းကြီးဖြစ်သည့် ပီအက်ဂျီ အသင်းတွင် တစ်ရာသီသာ ကစားရန် စာချုပ်ချုပ်ဆိုရေးအတွက် စီစဉ်လျက်ရှိပြီး ၎င်း၏ အပြောင်း အရွှေ့နှင့် စပ်လျဉ်း၍ ဒီဇင်ဘာလ
နှောင်းပိုင်းတွင် စတင်လုပ်ဆောင်မည်ဖြစ် ကြောင်း L'Equipe သတင်းစာ တွင် ဖော်ပြထား သည်။

မြ၀တီ

No comments:

Post a Comment