Thursday 6 December 2012

ဒေသခံများကို ကေအိုင်အေ တပ်သားသစ် စုဆောင်းနေ

Photo: ဒေသခံများကို ကေအိုင်အေ တပ်သားသစ် စုဆောင်းနေ
Thursday, December 06, 2012 

ကချင်ပြည်နယ် ဟိုပင်မြိုနယယ် နန့်စွန် ကျေးရွာနားမှာ စပါးရိပ်သိမ်းနေတဲ့ လူငယ် ၈ ဦး ကို ကေအိုင်အေတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၄ ရက်နေ့က အတင်းအဓမ္မ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေအပြောအရ သိရပါတယ်။

ကေအိုင်အေက ဖမ်းဆီခေါ်ဆောင်သွားရမှာ ဟိုပင်မြို့ မှာနေထိုင်တဲ့ ကိုသန်းထိုက်နဲ့ ကိုသည်းကိုကိုလည်း ပါဝင်ပါတယ်။ 

မကွေးဆေးတက္ကသိုလ်ကျောင်းသား ကိုသည်းကိုကိုကတော့ ဖမ်းဆီခေါ်ဆောင်သွားနေစဉ်မှာ လမ်းကနေ ပြန်ပြေးလာရတယ်လို့ မိခင်ဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။

“သူပြောပြတာတော့ ရွာရောက်တဲ့အခါ မာမီးခေါက်ဆွဲ ၃ ထုပ်နဲ့ ပြောင်းဖူး ၃ ထုပ်ဝယ်ပြီး ထည့်ထားပြီး ပြေးလာခဲ့တယ်ပြောတယ်။ သူပြေးတော့ သူ့နောက် ၃ ယောက်လိုက်လာတယ်ပြောတယ်၊ ကြောက်ပြီး စိတ်ထဲထင်တာပြောလား၊ အဟုတ်လိုက်လားတော့ မသိဘူး။”

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရွှေမှော်မှာ အလုပ်လုပ်နေတဲ့ ဟိုပင်
ဒေသခံတွေကိုလည်း ကေအိုင်အေက တပ်သားသစ်စုဆောင်းဖို့
ခေါ်ဆောင်တာခံရပြီး နောက်ပိုင်းမှာ မိသားစုဝင်တွေကနေ ပိုက်ဆံပေးပြီး
ကေအိုင်အေထဲကနေ ပြန်ရွေးထုတ်ခဲ့ရတာလို့ ဟိုပင်ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။

ကေအိုင်အေ တပ်ဖွဲ့ဝင်တွေက တပ်သားသစ် စုဆောင်းတာတွေ လုပ်နေကြတဲ့အတွက် စပါးရိတ်သိမ်းရာသီ ရောက်နေတာတောင် ရွာပြင်ထွက်ပြီး အလုပ်လုပ်ဖို့ကို စိုးရိမ်နေကြတယ်လို့ဒေသခံတွေက
ပြောကြပါတယ်။

DVB ကချင်ပြည်နယ် ဟိုပင်မြိုနယယ် နန့်စွန် ကျေးရွာနားမှာ စပါးရိပ် သိမ်းနေတဲ့ လူငယ် ၈ ဦး ကို ကေအိုင်အေတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၄ရက်နေ့ က အတင်းအဓမ္မ ခေါ်ဆောင်သွားတယ်လို့ ဒေသ ခံတွေ အပြောအရ သိရပါတယ်။ကေအိုင်အေကဖမ်းဆီခေါ်ဆောင်သွား ရမှာ ဟိုပင်မြို့ မှာနေထိုင်တဲ့ ကိုသန်းထိုက်နဲ့ ကိုသည်းကိုကိုလည်း ပါဝင် ပါတယ်။ မကွေးဆေးတက္ကသိုလ်ကျောင်းသား ကိုသည်းကိုကို ကတော့ ဖမ်းဆီခေါ်ဆောင် သွားနေစဉ်မှာ လမ်းကနေ ပြန်ပြေးလာ ရတယ်လို့
မိခင်ဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။

“သူပြောပြတာတော့ ရွာရောက်တဲ့အခါ မာမီးခေါက်ဆွဲ ၃ ထုပ်နဲ့ ပြောင်းဖူး ၃ ထုပ်ဝယ်ပြီး ထည့်ထားပြီး ပြေးလာခဲ့တယ်ပြောတယ်။ သူပြေးတော့ သူ့နောက်၃ ယောက်လိုက် လာတယ်ပြော တယ်၊ ကြောက်ပြီး စိတ်ထဲ ထင်တာပြောလား၊ အဟုတ်လိုက်လားတော့ မသိဘူး။”
ကချင်ပြည်နယ် တနိုင်းမြို့နယ် ရွှေမှော်မှာ အလုပ်လုပ်နေတဲ့ ဟိုပင်ဒေသခံတွေကိုလည်း ကေအိုင်အေက တပ်သားသစ်စုဆောင်းဖို့ခေါ်ဆောင်တာခံရပြီး aနာက်ပိုင်းမှာ မိသားစုဝင်တွေကနေ ပိုက်ဆံပေးပြီး ကေအိုင်အေ ထဲ ကနေ ပြန်ရွေး ထုတ်ခဲ့ရတာလို့ ဟိုပင်ဒေသခံတဦးက ဒီဗွီဘီကိုပြော ပါတယ်။

ကေအိုင်အေ တပ်ဖွဲ့ဝင်တွေက တပ်သားသစ် စုဆောင်းတာတွေ လုပ်နေကြတဲ့အတွက် စပါးရိတ်သိမ်း ရာသီ ရောက်နေတာတောင် ရွာပြင်ထွက်ပြီး အလုပ်လုပ်ဖို့ကို စိုးရိမ်နေကြ တယ်လို့ ဒေသခံတွေ ကပြော ကြ ပါတယ်။

DVB

No comments:

Post a Comment