Thursday 6 December 2012

မန်ယူ ရှုံးပြီး၊ ဘာစီလိုနာ သရေကျကာ ဆဲလ်တစ် အသင်းနောက် တစ်ဆင့်တက် ခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များ


Photo: မန်ယူ ရှုံးပြီး၊ ဘာစီလိုနာ သရေကျကာ ဆဲလ်တစ် အသင်းနောက် တစ်ဆင့်တက် ခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များ
Thursday, December 06, 2012  

ယနေ့ ယှဉ်ပြိုင် ကစားခဲ့ကြသည့် ပွဲစဉ်များ အပြီးတွင် နောက်ကျ ပင်နယ်တီ ဂိုးဖြင့် ဆဲလ်တစ် အသင်းမှာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက် သွားခဲ့ပြီ ဖြစ်သလို လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်းမှာတော့ အုပ်စု အဆင့်မှ လှည့်ပြန်ခဲ့ ရပြီ ဖြစ်ပါသည်။ ထို့ကြောင့် အုပ်စု E တွင် ဂျူဗီတပ် အသင်းမှာ အုပ်စု ပထမ အနေဖြင့်လည်းကောင်း၊ ရှာတာဒိုးနက် အသင်းမှာ အုပ်စု ဒုတိယ အနေဖြင့် လည်းကောင်း ရှုံးထွက် အဆင့်သို့ တက်ရောက် သွားခဲ့သည်။

နော့စ်ဂျီလမ်း အသင်းကို ဂိုးပြတ် အနိုင် ရရှိ ခဲ့သော်လည်း ချဲလ်ဆီး အသင်းမှာ ပထမဆုံး အုပ်စု အဆင့်မှ ထွက်ခွာ ခဲ့ရသည့် လက်ရှိ ချန်ပီယံ အဖြစ် စာရင်းဝင် သွားခဲ့ ပါသည်။ ဆဲလ်တစ် အသင်းမှာလည်း နောက်ကျ ပင်နယ်တီ ဂိုးဖြင့် အိမ်ကွင်းတွင် စပါးတပ် မော်စကို အသင်းအား ၂ဂိုး ၁ဂိုး ဖြင့် အနိုင် ရရှိ ခဲ့ကာ ၂၀၀၇၊၂၀၀၈ နောက်ပိုင်း ပထမဆုံး ချန်ပီယံလိဂ် ရှုံးထွက် အဆင့်သို့ တက်ရောက်နိုင် ခဲ့ခြင်း ဖြစ်ပါသည်။

ဆဲလ်တစ်နှင့် အတူ အုပ်စု G တွင် အိမ်ကွင်းတွင် ဘင်ဖီကာ အသင်းအား ဂိုးမရှိ သရေ ကျ သွားခဲ့သည့် ဘာစီလိုနာ အသင်းမှာ အုပ်စု ပထမ အနေဖြင့် ရှုံးထွက် အဆင့်သို့ တက်ရောက် သွားခဲ့ပြီ ဖြစ်ပါသည်။ ဘာစီလိုနာ အသင်းမှာ ယနေ့ပွဲတွင် ဒုတိယ ကစားသမား အများစုဖြင့် ယှဉ်ပြိုင် ကစား ခဲ့သော်လည်း ဂတ်မူလာ၏ စံချိန်ကို ချိုးရန် ရည်ရွယ်နေသည့် တိုက်စစ်မှုး မက်ဆီ ကိုတော့ ပွဲချိန် ၅၈မိနစ်မှ ထည့် သွင်း ကစားခဲ့ သည်။ သို့သော် မက်ဆီ မှာ ပွဲကစားချိန် အတွင်းတွင် ဒဏ်ရာ ရရှိ သွားခဲ့သည်။

အုပ်စု H မှ အုပ်စုဗိုလ် မန်ချက်စတာ ယူနိုက်တက် အသင်းမှာတော့ အိမ်ကွင်းမှာ ကလုခ်ျ အသင်းအား ၁ဂိုး ဂိုးမရှိ ဖြင့် ရှုံးနိမ့် သွားခဲသည်။ နည်းပြကြီး ဖာဂူဆန်မှာ ယနေ့ပွဲတွင် အသင်း၏ အဓိက ကစားသမား များ ကို အနားပေး ခဲ့သော်လည်း ရွန်နေး၊ ကလီဗာလေ၊ ဝဲလ်ဘတ်၊ ဟာနန်ဒက်စ် စသည့် ကစားသမားများ ပါဝင် ကစားသွား ခဲ့သည်။ သို့သော် ကလုခ်ျ အသင်းမှ လူးဝစ် အယ်ဘာတို ၏ ၅၆မိနစ် သွင်းဂိုး ကို ချေပနိုင် ခြင်း မရှိပဲ အိမ်ကွင်းတွင် မန်ယူ အသင်း ရှုံးနိမ့် ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် အုပ်စု H တွင် မန်ယူ အသင်းနှင့် အဝေးကွင်းတွင် ဘာရာဂါ အသင်းအား ၂ဂိုး ၁ဂိုးဖြင့် အနိုင် ယူ ခဲ့သည့် ဂါလာတာစရေး အသင်းတို့ ရှုံးထွက် အဆင့်သို့ တက်ရောက် သွားခဲ့သည်။

အုပ်စု F မှာတော့ BATE အသင်းအား အိမ်ကွင်းတွင် ၄ဂိုး ၁ဂိုးဖြင့် အနိုင်ယူ ခဲ့သည့် ဘေယန်မြူးနစ် အသင်းနှင့် လိုင်လီအား အဝေးကွင်းတွင် ၁ဂိုးတည်းဖြင့် ကပ် အနိုင်ယူ ခဲ့သည့် ဗလင်စီယာ အသင်းတို့ ရှုံးထွက် အဆင့်သို့ တက်ရောက် သွားခဲ့သည်။

သူစိမ်း
Myanmar Striker ယနေ့ ယှဉ်ပြိုင် ကစားခဲ့ကြသည့် ပွဲစဉ်များ အပြီးတွင် နောက်ကျ ပင်နယ်တီ ဂိုးဖြင့် ဆဲလ်တစ် အသင်းမှာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက် သွားခဲ့ပြီ ဖြစ်သလို လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်းမှာတော့ အုပ်စု အဆင့်မှ လှည့်ပြန်ခဲ့ ရပြီ ဖြစ်ပါသည်။ ထို့ကြောင့် အုပ်စု E တွင် ဂျူဗီတပ် အသင်းမှာ အုပ်စု ပထမ အနေဖြင့်လည်းကောင်း၊ ရှာတာဒိုးနက် အသင်းမှာ အုပ်စု ဒုတိယ အနေဖြင့် လည်းကောင်း ရှုံးထွက် အဆင့်သို့ တက်ရောက်သွားခဲ့သည်။

နော့စ်ဂျီလမ်း အသင်းကို ဂိုးပြတ် အနိုင် ရရှိ ခဲ့သော်လည်း ချဲလ်ဆီး အသင်းမှာ ပထမဆုံး အုပ်စု အဆင့်မှ ထွက်ခွာ ခဲ့ရသည့် လက်ရှိ ချန်ပီယံ အဖြစ် စာရင်းဝင် သွားခဲ့ ပါသည်။ ဆဲလ်တစ် အသင်းမှာလည်း နောက် ကျ ပင်နယ်တီ ဂိုးဖြင့် အိမ်ကွင်းတွင် စပါးတပ် မော်စကို အသင်းအား ၂ဂိုး ၁ဂိုး ဖြင့် အနိုင် ရရှိ ခဲ့ကာ ၂၀၀၇၊ ၂၀၀၈ နောက်ပိုင်း ပထမဆုံး ချန်ပီယံလိဂ် ရှုံးထွက် အဆင့်သို့ တက်ရောက်နိုင် ခဲ့ခြင်း ဖြစ်ပါသည်။

ဆဲလ်တစ်နှင့် အတူ အုပ်စု G တွင် အိမ်ကွင်းတွင် ဘင်ဖီကာ အသင်းအား ဂိုးမရှိ သရေ ကျ သွားခဲ့သည့် ဘာစီလိုနာ အသင်းမှာ အုပ်စု ပထမ အနေဖြင့် ရှုံးထွက် အဆင့်သို့ တက်ရောက် သွားခဲ့ပြီ ဖြစ်ပါသည်။ ဘာစီလိုနာ အသင်းမှာ ယနေ့ပွဲတွင် ဒုတိယ ကစားသမား အများစုဖြင့် ယှဉ်ပြိုင် ကစား ခဲ့သော်လည်း ဂတ်မူလာ၏ စံချိန်ကို ချိုးရန် ရည်ရွယ်နေသည့် တိုက်စစ်မှုး မက်ဆီ ကိုတော့ ပွဲချိန် ၅၈မိနစ်မှ ထည့် သွင်း ကစားခဲ့ သည်။ သို့သော် မက်ဆီ မှာ ပွဲကစားချိန် အတွင်းတွင် ဒဏ်ရာ ရရှိ သွားခဲ့သည်။

အုပ်စု H မှ အုပ်စုဗိုလ် မန်ချက်စတာ ယူနိုက်တက် အသင်းမှာတော့ အိမ်ကွင်းမှာ ကလုခ်ျ အသင်းအား ၁ဂိုး ဂိုးမရှိ ဖြင့် ရှုံးနိမ့် သွားခဲသည်။ နည်းပြကြီး ဖာဂူဆန်မှာ ယနေ့ပွဲတွင် အသင်း၏ အဓိက ကစားသမား များ ကို အနားပေး ခဲ့သော်လည်း ရွန်နေး၊ ကလီဗာလေ၊ ဝဲလ်ဘတ်၊ ဟာနန်ဒက်စ် စသည့် ကစားသမားများ ပါဝင် ကစားသွား ခဲ့သည်။ သို့သော် ကလုခ်ျ အသင်းမှ လူးဝစ် အယ်ဘာတို ၏ ၅၆မိနစ် သွင်းဂိုး ကို ချေ ပနိုင် ခြင်း မရှိပဲ အိမ်ကွင်းတွင် မန်ယူ အသင်း ရှုံးနိမ့် ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် အုပ်စု H တွင် မန်ယူ အသင်းနှင့် အဝေးကွင်းတွင် ဘာရာဂါ အသင်းအား ၂ဂိုး ၁ဂိုးဖြင့် အနိုင် ယူ ခဲ့သည့် ဂါလာတာစရေး အသင်းတို့ ရှုံးထွက် အဆင့်သို့ တက်ရောက် သွားခဲ့သည်။

အုပ်စု F မှာတော့ BATE အသင်းအား အိမ်ကွင်းတွင် ၄ဂိုး ၁ဂိုးဖြင့် အနိုင်ယူ ခဲ့သည့် ဘေယန်မြူးနစ် အသင်းနှင့် လိုင်လီအား အဝေးကွင်းတွင် ၁ဂိုးတည်းဖြင့် ကပ် အနိုင်ယူ ခဲ့သည့် ဗလင်စီယာ အသင်းတို့ ရှုံးထွက် အဆင့်သို့ တက်ရောက် သွားခဲ့သည်။

Myanmar Striker

No comments:

Post a Comment