Thursday 6 December 2012

နိုင်ငံတော်သမ္မတ၏ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံခရီးစဉ် ရွှေ့ဆိုင်း

မကြာမီကာလအတွင်း သွားရောက်ရန်စီစဉ်ထားသည့် နိုင်ငံတော်သမ္မတ၏ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံချစ်ကြည်ရေးခရီးစဉ်ကိုရွှေ့ဆိုင်းလိုက်ကြောင်း ဒီဇင်ဘာ ၆ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင်ဖော်ပြထားသည်။
အဆိုပါ နှစ်နိုင်ငံခရီးစဉ်အား အကြောင်းမညီညွတ်သဖြင့် ရက်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ပြီး အဆင်ပြေမည့်
အချိန်ကို သက်ဆိုင်ရာနိုင်ငံများနှင့်ပြန်လည်ညှိနှိုင်း စီစဉ်သွားမည်ဖြစ်ကြောင်း သတင်း စာတွင် ဖော်ပြ ပါရှိသည်။


ယင်းကိစ္စအား နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးဦးဇော်ဌေး(မှူးဇော်)အားဆက်သွယ်မေးမြန်းရာ ကြေညာချက်တွင် ဖော်ပြထားသည့်အတိုင်းသာ
ဖြစ်ကြောင်း ပြောသည်။

7Day News Journal

No comments:

Post a Comment