Monday 24 December 2012

ကိုးရီးယား၊ အာဆီယံဆယ်နိုင်ငံနှင့် ချိတ်ဆက်ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး Cyber University အား ရတနာပုံဆိုင်ဘာစီးတီးတွင် စမ်းသပ်ကာလသင်ကြားမှု စတင်မည်ဖြစ်ပြီး စမ်းသပ်ကာလကျော် ပါက ပြင်ပကျောင်းသားများအတွက် သင်ကြားမည်

Photo: ကိုးရီးယား၊ အာဆီယံဆယ်နိုင်ငံနှင့် ချိတ်ဆက်ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏
ပထမဆုံး Cyber University အား ရတနာပုံဆိုင်ဘာစီးတီးတွင် စမ်းသပ်ကာလသင်ကြားမှု စတင်မည်ဖြစ်ပြီး စမ်းသပ်ကာလကျော်
ပါက ပြင်ပကျောင်းသားများအတွက် သင်ကြားမည်  
Monday, 24 December 2012 

မြန်မာနိုင်ငံ၏ပထမဆုံး Cyber University အား မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စတင်သင်ကြားနိုင်ရန်အတွက် E-Learning Center (အီလက်ထရောနစ် အထောက်အကူပြုသင်ယူမှု ဗဟိုဌာန) အား ၂၀၁၂ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး လာမည့် ၂၀၁၃ ဇန်န၀ါရီလတွင် စတင်သင်ကြားနိုင်ရန် စီစဉ်နေကြောင်း ရတနာပုံဆိုင်ဘာစီးတီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ Cyber University ဖွင့်လှစ်နိုင်ရေးအတွက် စတင်သင်ကြားပေးမည့် E-Learning Center အား  ကိုးရီးယားသမ္မတနိုင်ငံ၊ ကိုးရီးယားနိုင်ငံ
တကာပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (KOICA) ၏  အထောက်အပံ့ဖြင့် ၂၀၁၁ ခုနှစ် ဧပြီလတွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစင်တာအား ကိုးရီးယားနိုင်ငံအပါအ၀င် အာဆီယံ ၁၀ နိုင်ငံနှင့် ချိတ်ဆက်သင်ကြား
ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

''၂၀၀၉ ခုနှစ်က ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဆွေးနွေး
ချက်အရ အာဆီယံ-ကိုးရီးယား Cyber University ထောင်မယ်ဆိုတဲ့ သဘောတူညီချက်အရ ဒီ E-Learning Center ကို ဖွင့်ဖြစ်တာပါ။ ဒီကျောင်းအနေနဲ့ကတော့ Cyber University ထောင်တဲ့အဆင့်အထိ လက်ရှိမှာ မလုပ်နိုင်သေးပေမဲ့ E-Learning Center ဖွင့်လှစ်သင်ကြား
နိုင်ပါပြီ၊ နောက်ပိုင်းမှာတော့ Cyber University အထိဆက်လုပ်သွားဖို့
ဆောင်ရွက်နေပါတယ်'' ဟု အဆိုပါတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက
ပြောပါသည်။

လက်ရှိသင်ကြားပေးမည့် E-Learning Center ၀က်ဘ်ဆိုက်တွင် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ရှိ မေဂျာလေးခုနှင့် သက်ဆိုင်သည့် ဘာသာရပ် ၁၁ ခုအား သင်ယူနိုင်မည်ဖြစ်ပြီး အဆိုပါ ဘာဘာရပ်များအား အာဆီယံ ၁၀ နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ
ရေးသားတင်ဆက်ထားခြင်းဖြစ်ကာ အသေးစိတ်အချက်အလက်များအား  ကိုရီးယားနိုင်ငံ၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ထားခြင်း
ဖြစ်ကြောင်း သိရသည်။

''စမ်းသပ်ကာလဖြစ်တဲ့အတွက် ဒီဝက်ဘ်ဆိုက်ကို လောလောဆယ် အပြင်မှာ မကြေငြာသေးပါဘူး။ ကျောင်းမှာ လက်ရှိသင်ယူနေတဲ့
ကျောင်းသားကျောင်းသူတွေကိုပဲ အရင်သင်ကြားပေးမှာပါ။
ကျောင်းဝင်းတစ်ခုလုံးကို wifi တွေလွှတ်ပေးထားပြီး ကျောင်းသားတွေ
အနေနဲ့ကတော့ ကျောင်းဝင်းအတွင်း ဘယ်နေရာမှာမဆို သင်ယူနိုင်ပါတယ်။ တခြားနိုင်ငံတွေမှာတော့ Semister တစ်ခုစာ ၆ လသင်ပါတယ်။ ဒီမှာက စာသင်နှစ်က ၁ နှစ်ဖြစ်တဲ့အတွက် လောလောဆယ် ဆရာတွေနဲ့ face to face စနစ်နဲ့ E-Learning ကို တွဲဖက်သင်ကြားပေးပါမယ်။ ကျောင်းသား
ကျောင်းသူတွေကို ဒီ E-Learning နဲ့ အထိအတွေ့ရအောင် တွဲပြီးသင်ကြားပေးမှာပါ။ E-Learning Center ၀က်ဘ်ဆိုက်မှာ တင်ထားတဲ့ ဘာသာရပ်တွေထဲကမှ ဒီမှာရှိတဲ့ ဆရာမတွေ ကိုရီးယားသွားပြီး Thesis လုပ်ထားတာတွေကို ဦးဆုံးသင်ကြားပေးမှာပါ။ ကျောင်းသားတွေအနေနဲ့ ဒီနိုင်ငံအပြင် တခြားနိုင်ငံက သင်ရိုးတွေကို သင်ယူချင်တယ်ဆိုရင်လည်း
နောက်ပိုင်းမှာ သင်ယူခွင့်ရအောင် ဆောင်ရွက်ပေးသွားမှာပါ'' ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောပြခဲ့သည်။

အဆိုပါဝက်ဘ်ဆိုဒ်တွင် လွှင့်တင်ထားသည့် ဘာသာရပ်များအား အာဆီယံ ၁၀ နိုင်ငံနှင့် ကိုရီးယားရှိ နိုင်ငံသားတိုင်း မိမိသင်ယူလိုသည့် ဘာသာရပ်အလိုက် သတ်မှတ်ထားသည့် အရည်အချင်းပြည့်မှီပါက မှတ်ပုံတင်ပြုလုပ်၍ ၀င်ရောက်သင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

''ပြင်ပကိုထုတ်လွှင့်ဖို့ထိတော့ အရမ်းကိုကျယ်ပြန့်တဲ့အတွက် အပြင်ကသင်ယူလိုသူတွေအတွက် ၂၀၁၄ လောက်မှပဲ စတင်သင်ယူခွင့် ပေးနိုင်မှာပါ။ ဘာသာရပ်တွေ ထပ်တိုးဖို့ တခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်။ ပထမအဆင့်အနေနဲ့ Certificate  ထုတ်ပေးတဲ့ အဆင့်နဲ့ စတင်သွားမှာပါ'' ဟု ဆက်လက်ပြောပြခဲ့ပါသည်။

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)အား B.E ဘွဲ့ တိုက်ရိုက်ချီးမြင့်မည့် တက္ကသိုလ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊
ပြင်ဦးလွင်မြို့၌ ၂၀၁၀  ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ငါးနှစ်ကြာ တက်ရောက်ရမည်ဖြစ်ကာ ICT,AME,EC နှင့် Precision စသည့် ဘာသာရပ်လေးမျိုးကို သင်ယူနိုင်ကြောင်း သိရသည်။ 

လက်ရှိတွင် ကျောင်းသားကျောင်းသူပေါင်း ၂၂၀၀ ခန့် ပညာသင်ယူ
လျက်ရှိကြောင်း သိရသည်။

Eleven Media Groupမြန်မာနိုင်ငံ၏ပထမဆုံး Cyber University အား မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စတင်သင်ကြားနိုင်ရန်အတွက် E-Learning Center (အီလက်ထရောနစ် အထောက်အကူပြုသင်ယူမှု ဗဟိုဌာန) အား ၂၀၁၂ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး လာမည့် ၂၀၁၃ ဇန်န၀ါရီလတွင် စတင်သင်ကြားနိုင်ရန် စီစဉ်နေကြောင်း ရတနာပုံ ဆိုင်ဘာ စီးတီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ Cyber University ဖွင့်လှစ်နိုင်ရေးအတွက် စတင်သင်ကြားပေး မည့် E-Learning Center အား ကိုးရီးယားသမ္မတနိုင်ငံ၊ ကိုးရီးယားနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (KOICA) ၏ အထောက်အပံ့ဖြင့် ၂၀၁၁ ခုနှစ် ဧပြီလတွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစင်တာအား ကိုးရီးယားနိုင်ငံအပါအ၀င် အာဆီယံ ၁၀ နိုင်ငံနှင့် ချိတ်ဆက်သင်ကြားပေး မည်ဖြစ်ကြောင်း သိရှိရပါသည်။

''၂၀၀၉ ခုနှစ်က ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဆွေးနွေးချက်အရ အာဆီယံ-ကိုးရီးယား Cyber University ထောင်မယ်ဆိုတဲ့ သဘောတူညီချက်အရ ဒီ E-Learning Center ကို ဖွင့်ဖြစ်တာပါ။ ဒီကျောင်းအနေနဲ့ကတော့ Cyber University ထောင်တဲ့အဆင့်အထိ လက်ရှိမှာ မလုပ်နိုင်သေးပေမဲ့ E-Learning Center ဖွင့်လှစ်သင်ကြားနိုင်ပါပြီ၊ နောက်ပိုင်းမှာတော့ Cyber University အထိဆက်လုပ်သွားဖို့ဆောင်ရွက်နေပါတယ်'' ဟု အဆိုပါတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးကပြောပါသည်။

လက်ရှိသင်ကြားပေးမည့် E-Learning Center ၀က်ဘ်ဆိုက်တွင် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ရှိ မေဂျာလေးခုနှင့် သက်ဆိုင်သည့် ဘာသာရပ် ၁၁ ခုအား သင်ယူနိုင်မည်ဖြစ်ပြီး အဆိုပါ ဘာဘာရပ်များအား အာဆီယံ ၁၀ နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှရေးသား တင်ဆက် ထားခြင်းဖြစ်ကာ အသေးစိတ်အချက်အလက်များအား ကိုရီးယားနိုင်ငံ၏ လမ်းညွှန်ချက်များ အတိုင်း ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း သိရသည်။

''စမ်းသပ်ကာလဖြစ်တဲ့အတွက် ဒီဝက်ဘ်ဆိုက်ကို လောလောဆယ် အပြင်မှာ မကြေငြာသေး ပါဘူး။ ကျောင်းမှာ လက်ရှိသင်ယူနေတဲ့ကျောင်းသားကျောင်းသူတွေကိုပဲ အရင်သင်ကြားပေး မှာပါ။ကျောင်းဝင်းတစ်ခုလုံးကို wifi တွေလွှတ်ပေးထားပြီး ကျောင်းသားတွေ အနေနဲ့ ကတော့ ကျောင်းဝင်း အတွင်း ဘယ်နေရာမှာမဆို သင်ယူနိုင်ပါတယ်။ တခြားနိုင်ငံတွေမှာတော့ Semister တစ်ခုစာ ၆ လသင်ပါတယ်။ ဒီမှာက စာသင်နှစ်က ၁ နှစ်ဖြစ်တဲ့အတွက် လောလောဆယ် ဆရာတွေနဲ့ face to face စနစ်နဲ့ E-Learning ကို တွဲဖက်သင်ကြားပေးပါမယ်။ ကျောင်းသား
ကျောင်းသူတွေကို ဒီ E-Learning နဲ့ အထိအတွေ့ရအောင် တွဲပြီးသင်ကြားပေးမှာပါ။ E-Learning Center ၀က်ဘ်ဆိုက်မှာ တင်ထားတဲ့ ဘာသာရပ်တွေထဲကမှ ဒီမှာရှိတဲ့ ဆရာမတွေ ကိုရီးယားသွားပြီး Thesis လုပ်ထားတာတွေကို ဦးဆုံးသင်ကြားပေးမှာပါ။ ကျောင်းသားတွေအနေနဲ့ ဒီနိုင်ငံအပြင် တခြားနိုင်ငံက သင်ရိုးတွေကို သင်ယူချင်တယ်ဆိုရင်လည်း
နောက်ပိုင်းမှာ သင်ယူခွင့်ရအောင် ဆောင်ရွက်ပေးသွားမှာပါ'' ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောပြ ခဲ့သည်။

အဆိုပါဝက်ဘ်ဆိုဒ်တွင် လွှင့်တင်ထားသည့် ဘာသာရပ်များအား အာဆီယံ ၁၀ နိုင်ငံနှင့် ကိုရီးယားရှိ နိုင်ငံ သားတိုင်း မိမိသင်ယူလိုသည့် ဘာသာရပ်အလိုက်သတ်မှတ်ထားသည့် အရည်အချင်းပြည့်မှီပါက မှတ်ပုံတင်ပြုလုပ်၍ ၀င်ရောက်သင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

''ပြင်ပကိုထုတ်လွှင့်ဖို့ထိတော့ အရမ်းကိုကျယ်ပြန့်တဲ့အတွက် အပြင်ကသင်ယူလိုသူတွေအတွက် ၂၀၁၄ လောက်မှပဲ စတင်သင်ယူခွင့် ပေးနိုင်မှာပါ။ ဘာသာရပ်တွေ ထပ်တိုးဖို့ တခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်။ ပထမအဆင့်အနေနဲ့ Certificate ထုတ်ပေးတဲ့ အဆင့်နဲ့ စတင်သွားမှာပါ'' ဟု ဆက်လက်ပြောပြခဲ့ပါသည်။

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)အား B.E ဘွဲ့ တိုက်ရိုက်ချီးမြင့်မည့် တက္ကသိုလ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့၌ ၂၀၁၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ငါးနှစ်ကြာ တက်ရောက် ရမည်ဖြစ်ကာ ICT,AME,EC နှင့် Precision စသည့် ဘာသာရပ်လေးမျိုးကို သင်ယူနိုင်ကြောင်း သိရသည်။
လက်ရှိတွင် ကျောင်းသားကျောင်းသူပေါင်း ၂၂၀၀ ခန့် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment