Monday 24 December 2012

ဂျပန် ဝန်ကြီးချုပ်သစ် တောင် ကိုရီးယားသို့ အထူးသံတမန် အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်


ဂျပန်ဝန်ကြီးချုပ်သစ် ရှင်ဇိုးအဘီ သည် တောင် ကိုရီး ယား နိုင်ငံ ဆိုးလ်မြို့သို့  အထူး သံတမန် တပ်ဖွဲ့ တစ်ဖွဲ့ ကိုစေလွှတ်သွားမည်ဟု ပြောကြားထားကြောင်း သိရ သည်။ ရှင်ဇိုးအဘီသည် တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲ တွင် ရွေးချယ်ခြင်းခံခဲ့ရသည့် ပါ့ခ်ဂွမ်ဟေးထံသို့ သဝဏ်လွှာ တစ်စောင် ကို ပေးပို့ရန် အတွက် ၎င်း၏လစ်ဘရယ် ဒီမိုကရက်တစ်ပါတီမှ ထိပ်တန်းအရာရှိ တစ်ဦးအား စေလွှတ်သွားမည် ဖြစ် သည်။ ဂျပန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံအကြား အငြင်းပွားဖွယ်ရာ ကျွန်းစုအရေးကိစ္စများကြောင့် ယခုနှစ်အစောပိုင်း ကာလတွင် နှစ်နိုင်ငံဆက်ဆံရေးမှာ ရုတ်တရက် ပြန်လည် အေးခဲသွားခဲ့သည်။ ထို့ကြောင့် ဂျပန်ဝန်ကြီးချုပ်အနေ ဖြင့် အထူးသံတမန်အဖွဲ့အား နှစ်နိုင်ငံ အကြားရှိ အငြင်းပွားမှုကို စေ့စပ် ညှိနှိုင်းရန် အတွက် ဆိုးလ်မြို့သို့ စေလွှတ်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း သိရသည်။
From..မြ၀တီ

No comments:

Post a Comment