Monday 24 December 2012

ကုလသမဂ္ဂ အဖွဲ့မှ ရဟတ်ယာဉ် တစ်စင်းအား တောင်ဆူဒန် စစ်တပ် ပစ်ခတ်

တောင်ဆူဒန် နိုင်ငံဂျုံဂလီ ပြည်နယ်အရှေ့ဘက်တွင် ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးအဖွဲ့မှရဟတ်ယာဉ် တစ်စင်းအား တောင်ဆူဒန်စစ်တပ်မှ ပစ်ခတ်ခဲ့ရာ ရုရှား နိုင်ငံသားများဟု ယူဆရသည့် ဝန်ထမ်းလေး ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အမှတ်အသားပါရှိသည့် အဆိုပါရဟတ်ယာဉ်သည် ကင်းလှည့်နေစဉ် ပစ်ချခြင်း ခံခဲ့ ရခြင်း ဖြစ်ပြီး ယင်းတိုက်ခိုက်မှု အပေါ် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြစ်တင်ရှုတ်ချ ခဲ့သည်။

တောင်ဆူဒန် စစ်တပ်သည် ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဝန်ခံ ပြောကြား ထားပြီး ယင်းသို့ တိုက်ခိုက်ခံရမှု အပေါ် စုံစမ်း ဖော်ထုတ်ပေးရန် တောင်ဆူဒန် အစိုးရအား ဘန်က တောင်းဆို ထားကြောင်း သိရသည်။

ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးအဖွဲ့သည် ဂျုံဂလီပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများ အကြားတွင် ပါဝင်ဖြေရှင်းနိုင်ရန် ကြိုးပမ်း လျက် ရှိသည်။ 

No comments:

Post a Comment