Monday 24 December 2012

ဘဏ်စာရင်းရှိရုံဖြင့် အွန်လိုင်းမှ ၀န်ဆောင်မှုပေး စနစ်များ အသုံးပြုနိုင်


ဘဏ်စာရင်း တစ်ခုရှိရုံဖြင့် အွန်လိုင်းမှဝန်ဆောင်မှု ပေးသည့်စနစ်များ အားလုံးအသုံးပြုနိုင်မည် ဟု ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှသိရသည်။ ယင်းသို့ အွန်လိုင်းမှဝန်ဆောင်မှု ပေးနေသည့် စနစ်များကို လက်ရှိတွင် ရတနာပုံတယ်လီပို့နှင့် ဘဏ် ခြောက်ဘဏ် ဖြစ်သည့် အာရှ စိမ်းလန်းဖွံ့ဖြိုးရေး ဘဏ်၊ မြန်မာ့ စီးပွားရေးဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ သမ၀ါယမဘဏ် နှင့် ကမ္ဘောဇ ဘဏ်တို့မှ ၀န်ဆောင်မှု ပေးနေကြောင်း သိရသည်။ အသုံးပြုမည် ဆိုပါကဘဏ်စာရင်း ဖွင့်လှစ်ခ ကျပ်တစ်သောင်း၊ ဘီလ်ဆောင်ခ ကျပ်ငါးရာကျသင့်မည် ဖြစ်ပြီး မည်သူမဆိုဘဏ်စာရင်း ဖွင့်လှစ် ထားပါက အထက်ဝန်ဆောင်မှုကို ရတနာပုံဝက်ဘ်ပေါ်တွင် အသုံးပြုနိုင်မည်ဟု သိရသည်။ ပြည်တွင်း၌ အွန်လိုင်းမှ တစ်ဆင့်အခွန်ခ ပေးဆောင်ခြင်းကို ၂၀၁၁ ခုနှစ် ဇွန်လမှစတင်၍ မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံတယ်လ်ပို့၊ ADG ဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ သည်။

No comments:

Post a Comment