ကမ္ဘာ့မြေဆွဲအားကို အသုံးပြု ၍ မီးလင်းနိုင်သည့် မီးလုံးကို ဗြိတိန်
ကုမ္ပဏီတစ်ခုက တီထွင်လိုက်ရာ ထိုမီးလုံးကြောင့် ကမ္ဘာတစ်ဝန်း လျှပ်စစ် ဓာတ်အားကို လက်လှမ်းမမီ၍ လျှပ်စစ်မီးမထွန်းနိုင်သော လူသား သန်းထောင့်ငါးရာကျော်ကိုအလင်းပေး နိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။
ထိုမြေဆွဲအားသုံး အယ်လ် အီးဒီ မီးလုံးတွင် ကြိုးဖြင့် ချိတ် ထားသော သဲအိတ်ငယ်တစ်ခု ပါ ဝင်သည်။
ထိုသဲအိတ်ငယ်ကို မီးလုံး တွင်ပါသော ဒိုင်နမိုတွင် ကြိုးဖြင့် ချိတ်ဆက်ထားသည်။ မြေဆွဲအား ကြောင့် သဲအိတ်ငယ်သည် အောက်ကိုတဖြည်းဖြည်းချင်း လျှောကျသွားသည်တွင် ဒိုင်နမိုကို လှည့် ပေးသကဲ့ သို့ ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထွက်လာကာ မီးလုံး လင်းလာ မည်ဖြစ်သည်။
သဲအိတ်ငယ် အောက်ဆုံးသို့ ရောက်ရှိသွားပါကအပေါ်ဆုံး ပြန်ရောက်အောင်သုံးစက္ကန့်ခန့်သာ ပြန်ရစ် တင်ရပြီး ပြန်လွှတ်ထား ပေးပါက နာရီဝက်ခန့်ထိ မီးလင်းနေ နိုင်စွမ်းရှိကြောင်းလည်း သိရသည်။
ထိုမီးလုံးကို GravityLight ဟု အမည် ပေးထားသည်။ ထိုမီးလုံးကိုလန်ဒန် အခြေစိုက် Deciwatt.org ကတီထွင် ခြင်းဖြစ်သည်။
ထိုမီးလုံးသည် လျှပ်စစ်ဓာတ်အားရှိရန် မလိုအပ်ဘဲ မီးလင်းနိုင်မည်ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်း လျှပ်စစ်ဓာတ်အား လက်လှမ်းမမီသော လူသားသန်းထောင့်ငါးရာ ကျော်ထံသို့ အလင်းရောင်ဆောင် ကြဉ်းပေးနိုင်မည် ဖြစ်သည်။
Messenger News Journal

No comments:
Post a Comment