မြန်မာ နိုင်ငံ၏ ပို့ဆောင်ရေး ကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက် စေရေး အတွက် တစ်နိုင်ငံလုံး လွှမ်းခြုံ နိုင်စေရန် ပို့ဆောင်ရေး ကွန်ရက် (National Transport Development Plan) ကို JICA က ကူညီရေးဆွဲ
ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ရက်မှာ မြန်မာ နိုင်ငံ၏ လေကြောင်း၊ ရေကြောင်း၊ ရထား ပို့ဆောင်ရေးနှင့် ကုန်းလမ်း ပို့ဆောင်ရေး အားလုံး ပါဝင်မည် ဖြစ်ပြီး ပထမအဆင့်အနေဖြင့် မဟာဗျူဟာ ရေး ဆွဲနိုင်ရေး ဖြစ်နိုင်ခြေ လေ့ လာမှုကိုဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါစီမံကိန်း ရေးဆွဲ နိုင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းထားရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပို့ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က အတွင်းရေးမှူး အဖြစ်လည်းကောင်း ပါဝင် ဖွဲ့စည်းထားပြီး ဖြစ်သည်။
လုပ်ငန်း ဆောင်ရွက်ရာတွင် ပို့ဆောင်ရေး ဝန်ကြီးဌာနက ဖွဲ့စည်းထားသော ကော်မတီနှင့် JICA မှ ကျွမ်းကျင် ပညာရှင်များ ပါဝင်သော အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment