Monday 24 December 2012

ကျား၊ မ အခြေပြု အကြမ်းဖက်မှု Gender based Violence ဟောပြောပွဲ ကျင်းပမည်


မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း၏ စီစဉ်မှုဖြင့် ကျား၊မ အခြေပြု အကြမ်းဖက်မှု Gender based Violence ဟောပြောပွဲကို ဒီဇင်ဘာ ၂၆ ရက် နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ ဆီဒိုးနားဟိုတယ် Grand Ball Room တွင် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဟောပြော ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ``မြန်မာနိုင်ငံ နှင့် နိုင်ငံတကာတွင် လက်ရှိအသုံးပြုနေသော ပေါ်လစီများအကြောင်း´´ ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခင်မာထွန်း နှင့် ပြည်ကြီးခင် အဖွဲ့အစည်းမှ အမှုဆောင် ဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်းတို့က အမျိုးသမီးများ တွေ့ကြုံ နေရသော ကျား၊မ အခြေပြု အကြမ်းဖက်ခံရမှု အကြောင်းကို ၄င်းတို့ဝင်ရောက် ဖြေရှင်း ပေးခဲ့ရသော အတွေ့ အကြုံ နမူနာများဖြင့် ဟောပြောကြမည် ဖြစ်သည်။ တက်ရောက်လိုသူများသည် MWEA အသင်းရုံးခန်း ဖုန်း ၀၁-၂၅၄၄၀၀၊ ၂၅၄၄၃၃၊ ၃၈၉၃၇၆ နှင့် e-mail:mwea2008@gmail.com သို့ ဒီဇင်ဘာ ၂၄ ရက် နောက်ဆုံးထား၍ စာရင်း ပေး သွင်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment