မြန်မာ နိုင်ငံ၏ ပို့ဆောင်ရေး ကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက် စေရေး အတွက်
တစ်နိုင်ငံလုံးလွှမ်းခြုံ နိုင်စေရန်ပို့ဆောင်ရေး ကွန်ရက် (National
Transport Development Plan) ကို JICA က ကူညီရေး ဆွဲ ပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
အဆိုပါ ကွန်ရက်မှာ မြန်မာ နိုင်ငံ၏ လေကြောင်း၊
ရေကြောင်း၊ ရထား ပို့ဆောင်ရေးနှင့် ကုန်းလမ်း ပို့ဆောင်ရေး အားလုံး
ပါဝင်မည် ဖြစ်ပြီး ပထမအဆင့်အနေဖြင့် မဟာဗျူဟာ ရေးဆွဲနိုင်ရေး
ဖြစ်နိုင်ခြေ လေ့လာမှုကို ဆောင်ရွက်သွားမည် ဖြစ် သည်။
အဆိုပါ စီမံကိန်း ရေးဆွဲ နိုင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းထားရာ
ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊
ပို့ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က အတွင်းရေး မှူးအဖြစ် လည်းကောင်းပါဝင် ဖွဲ့စည်းထားပြီး ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်ရာတွင် ပို့ဆောင်ရေးဝန်ကြီးဌာနက ဖွဲ့စည်းထားသော ကော်မတီနှင့်
JICA မှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ နိုင်ငံ၏ ပို့ဆောင်ရေး ကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက် စေရေး အတွက်
တစ်နိုင်ငံလုံးလွှမ်းခြုံ နိုင်စေရန်ပို့ဆောင်ရေး ကွန်ရက် (National
Transport Development Plan) ကို JICA က ကူညီရေး ဆွဲ ပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
အဆိုပါ ကွန်ရက်မှာ မြန်မာ နိုင်ငံ၏ လေကြောင်း၊ ရေကြောင်း၊ ရထား ပို့ဆောင်ရေးနှင့် ကုန်းလမ်း ပို့ဆောင်ရေး အားလုံး ပါဝင်မည် ဖြစ်ပြီး ပထမအဆင့်အနေဖြင့် မဟာဗျူဟာ ရေးဆွဲနိုင်ရေး ဖြစ်နိုင်ခြေ လေ့လာမှုကို ဆောင်ရွက်သွားမည် ဖြစ် သည်။
အဆိုပါ စီမံကိန်း ရေးဆွဲ နိုင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းထားရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပို့ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က အတွင်းရေး မှူးအဖြစ် လည်းကောင်းပါဝင် ဖွဲ့စည်းထားပြီး ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်ရာတွင် ပို့ဆောင်ရေးဝန်ကြီးဌာနက ဖွဲ့စည်းထားသော ကော်မတီနှင့် JICA မှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment