Monday 24 December 2012

ရုရှားနိုင်ငံ အနေဖြင့် အီရန် နိုင်ငံသို့ စစ်ရေယာဉ်များ စေလွှတ်ရန် ဆန္ဒရှိ

Photo: ရုရှားနိုင်ငံ အနေဖြင့် အီရန် နိုင်ငံသို့ စစ်ရေယာဉ်များ စေလွှတ်ရန် ဆန္ဒရှိ
Monday, 24 December 2012

ရုရှား ဖျက်သင်္ဘော တစ်စီးသည် အီရန်နိုင်ငံ တောင်ပိုင်း Bandar Abbas ဆိပ်ကမ်းတွင် ကျောက်ချ ရပ်နားလျက် ရှိကြောင်း တီဟီရန် သတင်းစာက ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ဖော်ပြခဲ့ ပါသည်။

အဆိုပါ ရုရှား Marshal Shaposhnikov ဖျက်သင်္ဘောသည် အီရန် ဆိပ်ကမ်းတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျောက်ချ ရပ်နားခဲ့ကြောင်း အီရန် ရေတပ် ပြည်သူ့ ဆက်ဆံရေး ဌာနက ကြေညာခဲ့ ပါသည်။ အီရန် ဆိပ်ကမ်း၌ အဆိုပါ ဖျက်သင်္ဘော ကျောက်ချရပ်နား နေမှုသည် အီရန်နှင့် ရုရှားနိုင်ငံ အကြား စစ်ဘက် ဆက်ဆံရေး ခိုင်မာ အားကောင်းစေရန် ရည်ရွယ်ကြောင်း အီရန် ရေတပ် ဗိုလ်ချုပ်ကြီး Hossein Azad က ပြောကြားခဲ့ ပါသည်။

ရုရှားနိုင်ငံ အနေဖြင့် အီရန် နိုင်ငံသို့ စစ်ရေယာဉ်များ စေလွှတ်ရန် ဆန္ဒ ရှိမှုကို ဖော်ပြခဲ့ ကြပြီး အီရန်နိုင်ငံ အနေဖြင့်လည်း ကြိုဆိုရန် အသင့် ရှိသည်ဟု အီရန် ရေတပ် အကြီးအကဲ ရေတပ် ဗိုလ်ချုပ်ကြီး Habibollah Sayyari က ဖေဖော်ဝါရီ လတွင် ပြောကြား ခဲ့ကြောင်း PressTV သတင်း ဌာနက ပြောကြားခဲ့ ပါသည်။

မြ၀တီရုရှား ဖျက်သင်္ဘောတစ်စီးသည် အီရန်နိုင်ငံ တောင်ပိုင်း Bandar Abbas ဆိပ်ကမ်းတွင် ကျောက်ချ ရပ်နားလျက် ရှိကြောင်း တီဟီရန် သတင်းစာက ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ဖော်ပြခဲ့ ပါသည်။
အဆိုပါ ရုရှား Marshal Shaposhnikov ဖျက်သင်္ဘောသည် အီရန် ဆိပ်ကမ်းတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျောက်ချ ရပ်နားခဲ့ကြောင်း အီရန် ရေတပ် ပြည်သူ့ ဆက်ဆံရေး ဌာနက ကြေညာခဲ့ ပါသည်။ အီရန် ဆိပ်ကမ်း၌ အဆိုပါ ဖျက်သင်္ဘော ကျောက်ချရပ်နား နေမှုသည် အီရန်နှင့် ရုရှားနိုင်ငံအကြား စစ်ဘက်ဆက်ဆံရေး ခိုင်မာ အားကောင်းစေရန် ရည်ရွယ်ကြောင်း အီရန် ရေတပ် ဗိုလ်ချုပ်ကြီး Hossein Azad က ပြောကြားခဲ့ ပါသည်။

ရုရှားနိုင်ငံ အနေဖြင့် အီရန် နိုင်ငံသို့ စစ်ရေယာဉ်များ စေလွှတ်ရန် ဆန္ဒ ရှိမှုကို ဖော်ပြခဲ့ ကြပြီး အီရန်နိုင်ငံ အနေဖြင့်လည်း ကြိုဆိုရန် အသင့် ရှိသည်ဟု အီရန် ရေတပ် အကြီးအကဲ ရေတပ် ဗိုလ်ချုပ်ကြီး Habibollah Sayyari က ဖေဖော်ဝါရီ လတွင် ပြောကြား ခဲ့ကြောင်း PressTV သတင်း ဌာနက ပြောကြားခဲ့ ပါသည်။

မြ၀တီ

No comments:

Post a Comment