Tuesday 4 December 2012

တရုတ် နိုင်ငံတွင် ကျောက်မီးသွေးတွင်း ရေနစ်မြုပ်မှု ဖြစ်ပွား နှစ်ဦး


Photo: တရုတ် နိုင်ငံတွင် ကျောက်မီးသွေးတွင်း ရေနစ်မြုပ်မှု ဖြစ်ပွား နှစ်ဦး ကယ်တင်နိုင် ၁၄ ဦး ပိတ်မိ

တရုတ်နိုင်ငံ ဟေလုံကျန် ပြည်နယ် အရှေ့မြောက်ဘက် ကျင်းဟိုင်းမြို့ရှိ ဖူရွှိရှန်း ကျောက်မီးသွေး တွင်း၌ ဒီဇင်ဘာ ၁ ရက် ဒေသ စံတော်ချိန် ည ၁၁ နာရီ မိနစ် ၄ဝ ကရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေး သမားများသည် လူနှစ်ဦးကို ကယ်တင် နိုင်ခဲ့ပြီး အလုပ်သမား ၁၄ ဦးမှာ မိုင်းတွင်း၌ ဆက်လက် ပိတ်မိနေ ခဲ့ကြောင်း ဒေသတွင်းရှိ အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

မိုင်းတွင်း ရေနစ်မြုပ်မှု ဖြစ်ပွားစဉ် စုစုပေါင်း အလုပ်သမား ၂၂ ဦးမှာ
မြေအောက်တွင် အလုပ် လုပ်နေခဲ့ပြီး ခြောက်ဦးမှာ လွတ်မြောက် သွားကြောင်း၊ ၎င်းကျောက်မီးသွေး တွင်းသည် ဖူရာဆိုင်း ကျောက်မီးသွေး ကုမ္ပဏီပိုင် ဖြစ်ပြီး တရားဝင် တူးဖော်ခွင့် လိုင်စင် ရရှိထားသော သတ္တုတွင်း တစ်ခု ဖြစ်ကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

ဒီဇင်ဘာ ၂ ရက် မွန်းလွဲမှ စတင်၍ ကယ်ဆယ်ရေး သမားများသည် အဆိုပါ သတ္တုတွင်းမှ ရေများကို ရေသွယ်ပြွန် များဖြင့် စုပ်ယူ ဖောက်ထုတ်
နေပြီဖြစ်ကြောင်း ၎င်းတို့က ထပ်လောင်း ပြောကြား ခဲ့သည်။

မြ၀တီ တရုတ်နိုင်ငံ ဟေလုံကျန် ပြည်နယ် အရှေ့မြောက်ဘက် ကျင်းဟိုင်းမြို့ရှိ ဖူရွှိရှန်း ကျောက်မီးသွေး တွင်း၌ ဒီဇင်ဘာ ၁ ရက် ဒေသ စံတော်ချိန် ည ၁၁ နာရီ မိနစ် ၄ဝ က
ရေ နစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေး သမားများသည် လူနှစ်ဦးကို ကယ်တင် နိုင်ခဲ့ပြီး အလုပ်သမား ၁၄ ဦးမှာ မိုင်းတွင်း၌ ဆက်လက် ပိတ်မိနေ ခဲ့ကြောင်း ဒေသတွင်းရှိ အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ မိုင်းတွင်း ရေနစ်မြုပ်မှု ဖြစ်ပွားစဉ် စုစုပေါင်း အလုပ်သမား ၂၂ ဦးမှာမြေအောက်တွင် အလုပ် လုပ်နေ ခဲ့ပြီး ခြောက်ဦးမှာ လွတ်မြောက် သွားကြောင်း၊ ၎င်းကျောက်မီးသွေး တွင်းသည် ဖူရာ ဆိုင်း ကျောက် မီးသွေး ကုမ္ပဏီပိုင် ဖြစ်ပြီး တရားဝင် တူးဖော်ခွင့် လိုင်စင် ရရှိထားသော သတ္တုတွင်း တစ်ခု ဖြစ်ကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။ဒီဇင်ဘာ ၂ ရက် မွန်းလွဲမှ စတင်၍ ကယ်ဆယ်ရေး သမားများသည် အဆိုပါ သတ္တုတွင်းမှ ရေများကို ရေသွယ်ပြွန် များဖြင့် စုပ်ယူ ဖောက်ထုတ်နေပြီဖြစ်ကြောင်း ၎င်းတို့က ထပ်လောင်း  ပြောကြား ခဲ့သည်။

မြ၀တီ

No comments:

Post a Comment