Tuesday 4 December 2012

အာရှ ယူ-၁၉ ခြေစစ်ပွဲဝင် မြန်မာအသင်း ဒုတိယ ပွဲတွင် တရုတ် (တိုင်ပေ) ကို သရေကျ


Photo: အာရှ ယူ-၁၉ ခြေစစ်ပွဲဝင် မြန်မာအသင်း ဒုတိယ ပွဲတွင် 
တရုတ် (တိုင်ပေ) ကို သရေကျ
Tuesday, December 04, 2012

အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ ခြေစစ်ပွဲ ဒုတိယအဆင့်ကို ၀င်ရောက် ယှဉ်ပြိုင်လျှက် ရှိသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ဒုတိယမြောက် ပွဲစဉ်တွင် တရုတ် (တိုင်ပေ) အသင်းကို သရေကျသွား ခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် အဆိုပါ အုပ်စုတွင် အိမ်ရှင် ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ အိန္ဒိယတို့နှင့် အတူကျရောက် နေပြီးအဖွင့်ပွဲတွင်
အိမ်ရှင် ဗီ ယက်နမ် အသင်းကို (၁-၂) ဂိုးဖြင့် အနိုင်ရထားသည်။

မြန်မာအသင်းသည် ပွဲချိန် (၁၃) မိနစ် ကတည်းက တိုက်စစ်မှူး ခင်နွေးနွေးရွှေ၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ သော် လည်း ဒုတိယပိုင်းတွင်
ချေပဂိုး ပြန်ပေးခဲ့ရကာ သရေကျခဲ့ရခြင်း ဖြစ်သည်။ ပွဲစသည်နှင့် မြန်မာအသင်းက ဦးဆောင်ကာ တိုက်စစ်ဆင် ကစားခဲ့သည်။ ပွဲချိန် (၁၃) မိနစ်တွင်မူ မေသူကျော်၏ ဖန်တီးပေးမှုမှ ခင်နွေးနွေး ရွှေက လှလှပပ အဆုံးသတ်ကာ မြန်မာအသင်းကို ဦးဆောင်စေခဲ့ သည်။

မြန်မာအသင်းသည် ပထမပိုင်း တစ် ပိုင်းလုံးနီးပါး တိုင်ပေအပေါ် အသာစီးရယူ တိုက်စစ်ဆင် ကစားခဲ့သော်လည်း တိုင်ပေနောက်တန်း၏ အမှား အယွင်းမရှိ ခုခံနေမှုကြောင့် ဂိုးထပ် မရခဲ့ပေ။ ဒုတိယ ပိုင်းတွင်မူ တိုင်ပေတို့က ပိုမို၍ ခြေအသာစီး ကစားနိုင်ခဲ့ပြီး မြန်မာ အသင်းမှာမူ ပထမပိုင်းက ကဲ့သို့ တိုက်စစ် ကစားနိုင်ခြင်း မရှိပဲ တစ်လှည့်ပြန်၍ ခုခံနေရသည်။ ထို့ကြောင့် တိုင်ပေတို့ ဒုတိယ ပိုင်းတွင် ဂိုးပြန်ရခဲ့သည်။

ထိုဂိုးကို ချန်ယီဝင်းက ပွဲချိန် (၆၁) မိနစ်တွင် အနီးကပ် ပိတ်သွင်းခဲ့ခြင်း ဖြစ်သည်။ ချေပဂိုး ပေးလိုက်ရပြီးနောက် မြန်မာတို့ တိုင်ပေအပေါ် ဂိုးထပ်သွင်းနိုင်ရေး အတွက် အပြင်း အထန် ကြိုးပမ်းခဲ့သော်လည်း တောင့်တင်းသည့် တိုင်ပေ နောက်တန်းကို မကျော်ဖြတ် နိုင်ခဲ့ပေ။

မြန်မာအသင်းသည် ယခုပွဲကို သရေကျခဲ့သောကြောင့် နောက်ဆုံးပွဲတွင်
တွေ့ဆုံရမည့် အိန္ဒိယ အသင်းကို ဂိုးပြတ်အနိုင်ရရန် ကြိုးပမ်းရတော့မည်
ဖြစ်သည်။ လက်ရှိ အချိန်တွင် မြန်မာနှင့် တိုင်ပေတို့မှာ ရမှတ် တူညီလျှက်ရှိပြီး တိုင်ပေက ဂိုးကွာခြားချက် အသာဖြင့် ဇယားထိပ်တွင် ရပ်တည်နေသည်။

ခြေစစ်ပွဲ ဒုတိယအဆင့်ကို အုပ်စု(၂)စု ခွဲ၍ ကျင်းပနေခြင်း ဖြစ်ပြီး တစ်အုပ်စုလျှင် တစ်သင်းသာ တက်ရောက်ရမည် ဖြစ်သည်။ အဆိုပါ (၂)သင်းမှာလည်း အချင်းချင်း ပြန်လည်ဗိုလ်လု ရမည်ဖြစ်ကာ အနိုင်ရသည့် တစ်သင်းသာ နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။
မြန်မာနှင့် အိန္ဒယတို့၏ အုပ်စုနောက်ဆုံး ပွဲကို ဒီဇင်ဘာ (၅)ရက်တွင် 
Army Stadium ၌ ကျင်းပသွားမည် ဖြစ်သည်။ 

Soccer Myanmar အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ ခြေစစ်ပွဲ ဒုတိယအဆင့်ကို ၀င်ရောက် ယှဉ်ပြိုင်လျှက် ရှိသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ဒုတိယမြောက် ပွဲစဉ်တွင် တရုတ် (တိုင်ပေ) အသင်းကို သရေကျသွား ခဲ့ကြောင်း သိရသည်။
မြန်မာအသင်းသည် အဆိုပါ အုပ်စုတွင် အိမ်ရှင် ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ အိန္ဒိယတို့နှင့် အတူကျရောက် နေပြီးအဖွင့်ပွဲတွင်
အိမ်ရှင် ဗီ ယက်နမ် အသင်းကို (၁-၂) ဂိုးဖြင့် အနိုင်ရထားသည်။

မြန်မာအသင်းသည် ပွဲချိန် (၁၃) မိနစ် ကတည်းက တိုက်စစ်မှူး ခင်နွေးနွေးရွှေ၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ သော် လည်း ဒုတိယပိုင်းတွင်ချေပဂိုး ပြန်ပေးခဲ့ရကာ သရေကျခဲ့ရခြင်း ဖြစ်သည်။ ပွဲစသည်နှင့် မြန်မာအသင်းက ဦးဆောင်ကာ တိုက်စစ်ဆင် ကစားခဲ့သည်။ ပွဲချိန် (၁၃) မိနစ် တွင်မူ မေသူကျော်၏ ဖန်တီးပေးမှုမှ ခင်နွေးနွေး ရွှေက လှလှပပ အဆုံးသတ်ကာ မြန်မာအသင်းကို ဦးဆောင်စေခဲ့ သည်။

မြန်မာအသင်းသည် ပထမပိုင်း တစ် ပိုင်းလုံးနီးပါး တိုင်ပေအပေါ် အသာစီးရယူ တိုက်စစ်ဆင် ကစားခဲ့သော်လည်း တိုင်ပေနောက်တန်း၏ အမှား အယွင်းမရှိ ခုခံနေမှုကြောင့် ဂိုးထပ် မရခဲ့ပေ။ ဒုတိယ ပိုင်းတွင်မူ တိုင်ပေတို့က ပိုမို၍ ခြေအသာစီး ကစားနိုင်ခဲ့ပြီး မြန်မာ အသင်းမှာမူ ပထမပိုင်းက ကဲ့သို့ တိုက်စစ် ကစားနိုင်ခြင်း မရှိပဲ တစ်လှည့်ပြန်၍ ခုခံနေရသည်။ ထို့ကြောင့် တိုင်ပေတို့ ဒုတိယ ပိုင်းတွင် ဂိုးပြန်ရခဲ့သည်။

ထိုဂိုးကို ချန်ယီဝင်းက ပွဲချိန် (၆၁) မိနစ်တွင် အနီးကပ် ပိတ်သွင်း ခဲ့ခြင်း ဖြစ်သည်။ ချေပဂိုး ပေးလိုက် ရပြီးနောက် မြန်မာတို့ တိုင်ပေအပေါ် ဂိုးထပ်သွင်းနိုင်ရေး အတွက် အပြင်း အထန် ကြိုးပမ်း ခဲ့သော်လည်း တောင့်တင်း သည့် တိုင်ပေ နောက်တန်းကို မကျော်ဖြတ် နိုင်ခဲ့ပေ။

မြန်မာအသင်းသည် ယခုပွဲကို သရေကျခဲ့သောကြောင့် နောက်ဆုံးပွဲတွင်တွေ့ဆုံရမည့် အိန္ဒိယ အသင်းကို ဂိုးပြတ်အနိုင်ရရန် ကြိုးပမ်းရတော့မည်ဖြစ်သည်။ လက်ရှိ အချိန်တွင် မြန်မာနှင့် တိုင်ပေတို့မှာ ရမှတ် တူညီလျှက်ရှိပြီး တိုင်ပေက ဂိုးကွာခြားချက် အသာဖြင့် ဇယားထိပ်တွင် ရပ်တည်နေသည်။

ခြေစစ်ပွဲ ဒုတိယအဆင့်ကို အုပ်စု(၂)စု ခွဲ၍ ကျင်းပနေခြင်း ဖြစ်ပြီး တစ်အုပ်စုလျှင် တစ်သင်းသာ တက်ရောက်ရမည် ဖြစ်သည်။ အဆိုပါ (၂)သင်းမှာလည်း အချင်းချင်း ပြန်လည်ဗိုလ်လု ရမည်ဖြစ်ကာ အနိုင်ရ သည့် တစ်သင်းသာ နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။
မြန်မာနှင့် အိန္ဒယ တို့၏ အုပ်စုနောက်ဆုံး ပွဲကို ဒီဇင်ဘာ (၅)ရက်တွင် Army Stadium ၌ ကျင်းပ သွားမည် ဖြစ်သည်။

Soccer Myanmar

No comments:

Post a Comment