Tuesday 4 December 2012

မြန်မာနိုင်ငံ ကိုယ်စားပြု .mm ဒိုမိန်းပေါင်း ၁၃၁၅ ခု အသုံးပြုနေ


မြန်မာနိုင်ငံ ကိုယ်စားပြုသည့် .mm ဒိုမိန်း ဝက်ဘ်ဆိုက်ပေါင်း ၁၃၁၅ ခုကို အသုံးပြုလျက်ရှိပြီး အရေအတွက် အများဆုံးသော .mm ဒိုမိန်းမှာ com.mm ဖြစ်သည်ဟု သိရှိရသည်။ ယခင်က .mm ဒိုမိန်း များကို မြန်မာ့ ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီ တို့ ကသာ ရောင်းချပေးခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ၌ ပုဂ္ဂလိက
ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Technology Gateway ( MTG) ၌ ဝယ်ယူအသုံးပြုနိုင်ခဲ့ပြီ ဖြစ်သည်။ ပုဂ္ဂလိက အနေဖြင့် ဝင်ရောက် လုပ်ကိုင်လာခဲ့သည့် MTG ကုမ္ပဏီ၌ .mm ဒိုမိန်းပေါင်း ၆၉၇ ခုကို ရောင်းချ ထားသည်ဟု သိရပြီး ရတနာပုံ တယ်လီပို့ ကုမ္ပဏီ၌ .mm ဒိုမိန်းပေါင်း ၄၃၇ ခုရောင်းချထားခြင်း ဖြစ်သည်။



 မြန်မာ့ဆက်သွယ်ရေး အနေဖြင့် .mm ဒိုမိန်းပေါင်း ၁၈၁ ခုကိုသာ ရောင်းချနိုင်ခဲ့ပြီး ရောင်းချမှု၌ အနည်း ဆုံး ရောင်း ချနိုင်သည့် ပမာဏသာ ဖြစ်သည်။ ယခင်က ပြည်တွင်း ကုမ္ပဏီများ အနေဖြင့်သာ .mm ဒိုမိန်း များကို ဝယ်ယူ အသုံးပြုခဲ့သော်လည်း ယခုအခါ နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် .mm ဒိုမိန်းများကို မှာ ယူ၍ အသုံးပြုမှု များပြားလာခဲ့သည်ဟု MTG ကုမ္ပဏီမှ ပြောဆိုခဲ့သည်။ ဝယ်ယူ အသုံးပြုနိုင်သည့် .mm ဒိုမိန်း အမျိုးအစားများမှာ net.mm, gov.mm, org.mm, edu.mm, com.mm, biz.mm နှင့် per.mm တို့ဖြစ်ကြောင်း သိရပါသည် ။From:[_ _] (မောင်ကျောက်ခဲ အဖွဲ့)

No comments:

Post a Comment