Tuesday 4 December 2012
ပြောင်းရွှေ့ရန် ငြင်းဆန်နေသော လမ်းလယ်ကောင်က နာမည်ကျော် ငါးထပ်တိုက်ကြီး ဘူဒိုဇာများဖြင့် ဖယ်ရှား
ဖြိုချ နေပုံ
 တရုတ်နိုင်ငံအရှေ့ပိုင်း ရှင်ကျင့်ပြည်နယ်လမ်းသစ် စီမံကိန်း၏ လမ်းလယ်ကောင်ရှိ ရွှေ့ပြောင်းပေး ရန် ငြင်းဆန်နေသော လူတစ်ဦးပိုင် ငါးထပ်တိုက် အဆောက်အအုံကို တရုတ်အာဏာပိုင်များက ဘူဒိုဇာစက်များ အသုံးပြု၍ ဖယ်ရှားရှင်းလင်းလိုက်ကြောင်း ဒီဇင်ဘာ ၁ ရက်က ဘီဘီစီ သတင်း တစ်ရပ်
တွင် ဖော်ပြ ထားသည်။
အဆိုပါ လမ်းသစ်သည် ရှင်ကျင့်ပြည်နယ်အရှေ့ပိုင်း၌ တည်ရှိသည်။ လမ်းအလယ်ကောင်တွင် ဘဲခြံပိုင်ရှင် ယော်ဘော်ဂျင်၏ ငါးထပ် အဆောက်အအုံရှိသည်။ တရုတ်နိုင်ငံ အရှေ့ ပိုင်း Zhejiang ပြည်နယ်၊ လူတစ်ထောင်ကျော် နေခဲ့တဲ့ Xiayangzhang ရွာမှာ ဖြစ်ပါတယ်။  လမ်းပန်း ဆက်သွယ်ရေး စီမံကိန်း သစ်ကြောင့် ရွာကို ဖျက်သိမ်းပြီး အရပ်သားများ ကို ရွှေ့ ပြောင်းပေးလိုက် ရပါတယ်။ သို့ပေမယ့် မပြောင်းရွှေ့ ပဲ ငြင်းဆန်နေ ခဲ့တဲ့ အိမ်တစ်လုံး ဖြစ်ပါတယ်။ အိမ်ကလည်း ဟိုအရင်ကတည်း က ဆောက်ထား တာ ဖြစ်တဲ့အတွက် ဘူဒိုဇာနဲ့ လွယ်လွယ် ထိုးလို့ မပြိုပါဘူး။ ပိုင်ရှင်မိသားစု ကလည်း မဆင်းပါဘူး။ အစိုးရကပေးတဲ့ ငွေကြေးက အိမ်အသစ် တည်ဆောက်ဖို့ အတွက် မကာမိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာ ၄၁၅၇၃ တန်ဖိုးရှိ တရုတ်ယွမ် ၂သိန်း၆သောင်း တောင်းဆိုထားပါတယ်။ လက်ရှိချိန်အထိ ယင်းအိမ်ကို မရောင်းချသေးပါဘူး။ လမ်းမပေါ် မောင်းနှင်တဲ့ ကားများအနေနဲ့ အိမ်ကို ဝင်တိုက်မယ့် အန္တရယ်ရှိတဲ့အတွက် သတိပေး ဆိုင်းဘုတ်များတောင် ထောင်ပေးထားရတယ်လို့ သိရပါတယ်။ 
ဖြိုချခြင်းမခံရမှီ
သို့သော်လည်း အာဏာပိုင်များက လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃၅ဝဝဝ သာ ပေးခဲ့သည် ဟု ဆိုသည်။ ၄င်းသည် အမေရိကန် ဒေါ်လာ ၄၁ဝဝဝ အထိ ပေးလျော်ပြီးဖြစ်သည့်အတွက် ဘူဒိုဇာများဖြင့် ဖျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်း တရုတ်တာဝန်ရှိသူများက ပြောကြားသည်။
မောင်ကျောက်ခဲ
No comments:
Post a Comment