Tuesday 4 December 2012

မန္တလေး-မြစ်ကြီးနား မီးရထားလမ်း မိုင်းကွဲ ၄ နာရီကြာ လမ်းပိတ်

မကြာခဏ မိုင်းကွဲလေ့ရှိသော မန္တလေး-မြစ်ကြီးနားမီးရထားလမ်းပေါ်၌ ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁နာရီခွဲ အချိန်တွင် မိုင်းတစ်လုံးပေါက်ကွဲ ခဲ့ပြီးခရီးသွားလာမှုကို ၄နာရီခန့် ရပ်ဆိုင်းခဲ့ရကြောင်း
မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

မိုးညှင်းမြို့နှင့် ၇မိုင်ခန့်အကွာ ညောင်ကုန်ဘူတာ နှင့် နမ္မားဘူတာကြားမိုင်တိုင်အမှတ် ၆၄၀/ ၂၂-
၂၃ ကြား တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံလမ်းတံချောင်း အရှည်၅ပေခန့်ပျက်စီးသွားကြောင်း အထက်ပါရုံးမှ သိရသည်။

“ လူတွေ ထိခိုက်ပျက်စီးတာ မရှိဘူး” ဟု မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းမီးရထားလမ်းကို ညတွင်းပင် ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၄ရက်နေ့ နံနက် ၄နာရီ ၁၀မိနစ်တွင် ခရီးသွားလာမှုကို ဖွင့်လှစ်လိုက်ကြောင်းမိုးညှင်းမြို့ မီးရထားရုံးက ပြောကြားသည်။
မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ တံတားများ မကြာခဏမိုင်းကွဲလေ့ရှိသောကြောင့် တံတားများတွင် လုံခြုံရေးချထားခြင်းကြောင့်လုံခြုံရေးမချထားသော လမ်းပိုင်းနေရာကို ကချင် လွတ်လပ်ရေး တပ်မတော်(ကေအိုင်အေ)က မိုင်းခွဲခြင်းဖြစ်ကြောင်း မိုးညှင်းအခြေစိုက်
တပ်ရေးဗိုလ်ကြီးတစ်ဦးက မှတ်ချက်ပေးသည်။

The Voice Weekly

No comments:

Post a Comment