Tuesday 4 December 2012

ဒီဇင်ဘာ ၅ ရက်မှစ၍ ရန်ကုန်မြို့၌ သတင်းစာ သုံးစောင်စလုံး ရောင်စုံပုံနှိပ်ဖြန့်ချိမည်


Photo: ဒီဇင်ဘာ ၅ ရက်မှစ၍ ရန်ကုန်မြို့၌ သတင်းစာ သုံးစောင်စလုံး
ရောင်စုံပုံနှိပ်ဖြန့်ချိမည်
Tuesday, December 04, 2012

မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar သတင်းစာများကို အသွင်သစ်၊ အမြင်သစ်ဖြင့် အောက်တိုဘာလ ၁၈ ရက်မှစ၍ ရောင်စုံ သတင်းစာများအဖြစ် ပုံနှိပ်ထုတ်ဝေလျက် ရှိရာတွင် နေပြည်တော်နှင့် မန္တလေးမြို့တို့၌ နေ့စဉ်သတင်းစာ သုံးစောင်စလုံး ရောင်စုံထုတ်ဝေလျက် ရှိသော်လည်း ရန်ကုန်မြို့၌ မြန်မာ့အလင်းနှင့် ကြေးမုံကိုသာ တစ်ပတ်စီခြား၍ ရောင်စုံစမ်းသပ် ထုတ်ဝေလျက် ရှိပါသည်။ သတင်းစာအားလုံးကိုဒီဇင်ဘာလလယ်မှစ၍ ရောင်စုံထုတ်ဝေနိုင်မည်
ဖြစ်ကြောင်းကိုလည်း အများ ပြည်သူသို့ အသိပေးထားပြီးဖြစ်ပါသည်။

ယခုအခါ ရန်ကုန်မြို့၌ ပုံနှိပ်လုပ်ငန်း တိုးချဲ့ဆောင်ရွက် နိုင်ရန်အတွက် ပုံနှိပ်စက် အသစ်တစ်လုံးကို ထပ်မံဝယ် ယူ ဖြည့်တင်းခဲ့ပြီး ဖြစ်သည့်အပြင် ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဒီဇင်ဘာ ၁ ရက်မှစ၍ သတင်းစာ သုံးစောင်စလုံးကို ရောင်စုံ စမ်းသပ်ပုံနှိပ်ခြင်းများ
အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပါသည်။ သို့ဖြစ်၍ ဒီဇင်ဘာ ၅ ရက်မှစတင်ကာ ရန်ကုန်မြို့၌ သတင်းစာသုံးစောင်စလုံးကို နေ့စဉ်
ရောင်စုံပုံနှိပ် ထုတ်ဝေဖြန့် ချိမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက် မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar သတင်းစာများကို အသွင်သစ်၊ အမြင် သစ်ဖြင့် အောက်တိုဘာလ ၁၈ ရက်မှစ၍ ရောင်စုံ သတင်းစာများအဖြစ် ပုံနှိပ်ထုတ်ဝေလျက် ရှိ ရာ တွင် နေပြည်တော်နှင့် မန္တလေးမြို့တို့၌ နေ့စဉ်သတင်းစာ သုံးစောင် စလုံး ရောင်စုံထုတ်ဝေလျက် ရှိသော် လည်း ရန်ကုန် မြို့၌  မြန်မာ့ အလင်းနှင့် ကြေးမုံကိုသာ တစ်ပတ်စီခြား ၍ ရောင်စုံစမ်းသပ် ထုတ်ဝေ လျက် ရှိပါ သည်။ သတင်းစာ အားလုံးကို ဒီဇင်ဘာလ လယ်မှ စ၍ ရောင်စုံ ထုတ်ဝေနိုင်မည်ဖြစ်ကြောင်းကိုလည်း အများ ပြည်သူသို့ အသိပေးထားပြီးဖြစ်ပါသည်။ယခုအခါ ရန်ကုန်မြို့၌ ပုံနှိပ်လုပ်ငန်း တိုးချဲ့ဆောင်ရွက် နိုင်ရန်အတွက် ပုံနှိပ်စက် အသစ်တစ်လုံးကို ထပ်မံဝယ် ယူ ဖြည့်တင်းခဲ့ပြီး ဖြစ်သည့်အပြင် ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဒီဇင်ဘာ ၁ ရက်မှစ၍ သတင်းစာ သုံးစောင်စလုံးကို ရောင်စုံ စမ်းသပ် ပုံနှိပ်ခြင်းများအောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ ပါသည်။ သို့ဖြစ်၍ ဒီဇင်ဘာ ၅ ရက်မှစတင်ကာ ရန်ကုန်မြို့၌ သတင်းစာသုံးစောင်စလုံးကို နေ့စဉ်ရောင်စုံပုံနှိပ် ထုတ်ဝေဖြန့် ချိမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်

No comments:

Post a Comment