Tuesday 4 December 2012

၎ နှစ်သားကလေးငယ်အား တောဆင်ရိုင်းက နင်းသတ်


၃-၁၂- ၂၀၁၂ ရက်နေ့ ၀၇၅၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၊ ဖလုံဘူတာေ ကျး ရွာ အုပ်စု၊ ရွှေမြိုင် သာယာကျေးရွာတွင် ကလေးငယ်တစ်ဦး ဆင်နင်းခံရပြီးသေဆုံးသွားကြောင်း သတင်းအရ တိုက်ကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ၂-၁၂-၂၀၁၂ ရက်နေ့ ၂၂၀၀
အချိန် မောင်ပိုးချစ် (၄)နှစ်သည် မိဘများဖြစ်သည့် ဦးမြင့်ကျော်ဦး၊ ဒေါ်နီလာဝင်းတို့နှင့်အတူ
အိပ်ပျော်နေ စဉ် တောဆင်ရိုင်းတစ်ကောင် ၀င်လာသဖြင့် ထွက်ပြေးခဲ့ကြသည်။ ထွက်ပြေးစဉ် နေအိမ်နှင့် ၁၀ ပေခန့်အကွာ၌ မောင်ပိုးချစ်မှာ ဆင်နင်း ခံရပြီး ဦးခေါင်းကြေမွဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိ ရ သဖြင့် ၁၁၀၀ အချိန် တိုက်ကြီးရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၄/၂၀၁၂)ဖြင့်အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
News of Myanmar

No comments:

Post a Comment