Tuesday 4 December 2012

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် UNODC တို့ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ဆွေးနွေး

Photo: ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် UNODC တို့ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ဆွေးနွေး
Tuesday, December 04, 2012

ယမန်နေ့နံနက် ၁ဝ နာရီခွဲက ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း
အဝေး ခန်းမ၌ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ UNODC ဌာနချုပ်မှ
ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် H.E. Mr. Yury Fedotov ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် အား လာရောက် တွေ့ဆုံရာ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး
ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ဆွေးနွေးပွဲအပြီးတွင် ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့သည် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး
ကောင်စီ RCSS မှ ဦးစိုင်းဘောင်ခေးနှင့် အဖွဲ့အား ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ယင်းနောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပန်လျန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံ ပအိုဝ်း တိုင်းရင်းသား များနှင့် တွေ့ဆုံ၍ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး၊ အစားထိုး သီးနှံ
စိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို ဆွေးနွေးကြပြီး UNODC အစီအစဉ်ဖြင့် ဆောင်ရွက်လျက် ရှိသည့် စိုက်ပျိုးရေး လုပ်ငန်းများနှင့် ဥစားကြက် မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုခဲ့ကြောင်း 
သတင်းရရှိ သည်။

မြ၀တီ ယမန်နေ့နံနက် ၁ဝ နာရီခွဲက ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း
အဝေး ခန်းမ၌ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ UNODC ဌာနချုပ်မှ
ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် H.E. Mr. Yury Fedotov ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် အား လာရောက် တွေ့ ဆုံရာ ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး
ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ဆွေးနွေးပွဲအပြီးတွင် ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့သည် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ဦးစိုင်းဘောင်ခေးနှင့် အဖွဲ့အား ပြည်နယ် အစိုးရ အဖွဲ့ရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ယင်းနောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပန်လျန်း ကျေးရွာ ဘုန်းတော် ကြီးကျောင်း၌ ဒေသခံ ပအိုဝ်း တိုင်းရင်းသား များနှင့် တွေ့ဆုံ၍ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး၊ အစားထိုး သီးနှံ စိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို ဆွေးနွေးကြပြီး UNODC အစီ အစဉ်ဖြင့် ဆောင်ရွက်လျက် ရှိသည့် စိုက်ပျိုးရေး လုပ်ငန်းများနှင့် ဥစားကြက် မွေးမြူထားရှိမှု အခြေ အနေများကို ကြည့်ရှုခဲ့ကြောင်း သတင်းရရှိ သည်။

မြ၀တီ

No comments:

Post a Comment