Tuesday 4 December 2012

ပင်တဂွန် စစ်ဌာနချုပ်က ထောက်လှမ်းရေး အဖွဲ့ တိုးချဲ့ ဖွဲ့စည်းရန် စီစဉ်


Photo: ပင်တဂွန် စစ်ဌာနချုပ်က ထောက်လှမ်းရေး အဖွဲ့ တိုးချဲ့ ဖွဲ့စည်းရန် စီစဉ်
Tuesday, December 04, 2012

ပင်တဂွန် စစ်ဌာနချုပ်က ထောက်လှမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရေး တိုးချဲ့ ဆောင်ရွက်မှု အဖြစ် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA) ကဲ့သို့ ကြီးမားသော စုံစမ်း စစ်ဆေးရေး အဖွဲ့ တစ်ခု ဖွဲ့စည်းရန် စီစဉ်လျက်
ရှိကြောင်း အင်တာနက် သတင်းအရ သိရသည်။

အဆိုပါ စီမံကိန်း၏ တစ်စိတ်တစ် ဒေသအဖြစ် အမေရိကန် စစ်ဘက် 
ဆိုင်ရာ တာဝန်ရှိ သူများက ပြည်ပ နိုင်ငံ များသို့ ရာပေါင်း များစွာသော
ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ စေလွှတ် သွားမည်ဖြစ်ကြောင်း အမည် မဖော်လိုသူ အမေရိကန် တာဝန်ရှိ သူများက ပြောကြားခဲ့သည်။

အမေရိကန်မှ တာဝန်ရှိ သူများသည် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်က ဖြစ်ပွား ခဲ့သော အီရတ်နှင့် အာဖဂန် နစ္စတန် စစ်ပွဲတို့တွင် ပါဝင် ပတ်သက် နေသော သူများကို အဓိက အာရုံစိုက်သော ကာကွယ် ရေး ဆိုင်ရာ ထောက်လှမ်းရေး အေဂျင်စီ (DIA) ကို စစ်ဆေးပြုပြင် သွားရန် စီစဉ်လျက် ရှိသည်။ ထောက်လှမ်းရေး အဖွဲ့ တိုးချဲ့မှု လုံးဝ ပြီးစီးချိန်တွင် ယခင်က တပ်ဖွဲ့ဝင် အနည်းငယ်သာ ရှိသော DIA သည် ကမ္ဘာ အနှံ့၌ သတင်း စုဆောင်းသူ ထောက်လှမ်းရေး အဖွဲ့ဝင် အင်အား ၁၆ဝဝ ကျော် ပါဝင်မည်ဟု မျှော်လင့် ရသည်။

အဆိုပါ အဖွဲ့တွင် စစ်သံမှူး များနှင့် လျှို့ဝှက် တာဝန် ထမ်းဆောင်ရန် မလိုသော အခြားသော တပ်ဖွဲ့ဝင် များလည်း ပါဝင်သည်။ ထို့အပြင် ယခု တိုးချဲ့ ဖွဲ့စည်းမည့် အစီအစဉ်တွင် CIA အဖွဲ့က လေ့ ကျင့်ပေးနေ သည့် မျိုးဆက်သစ် လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့သစ်တစ်ခု တပ်ဖြန့်ချထားရေး တို့ပါဝင် ကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

၎င်းထောက်လှမ်းရေး အဖွဲ့သစ်က အမေရိကန် ပူးပေါင်း အထူး စစ်ဆင်ရေး ဌာနချုပ်နှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သော်လည်း ၎င်းတို့သည် ကာကွယ်ရေး ဌာနမှ လျှို့ဝှက် ထောက်လှမ်းရေး လုပ်ငန်း တာဝန်များကို ထမ်းဆောင် သွားရမည်ဖြစ်သည်။ ပင်တဂွန်၏ အဆင့်မြင့် ထောက်လှမ်းရေး အဖွဲ့သည် အာဖဂန်မှ စစ်သွေးကြွများ၊ မြောက်ကိုရီး ယားနှင့် အီရတ်နိုင်ငံ တို့မှ လက်နက်များ လွှဲပြောင်း မှုနှင့် တရုတ် နိုင်ငံက စစ်ဘက်ဆိုင်ရာ အဆင့် မြှင့်တင်မှု တို့ကို ဦးစားပေး ထောက်လှမ်း သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ ပင်တဂွန် စစ်ဌာနချုပ်က ထောက်လှမ်းရေး လုပ်ငန်းများ ဆောင် ရွက်ရေး တိုးချဲ့ ဆောင်ရွက်မှု အဖြစ် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA) ကဲ့သို့ ကြီးမားသော စုံစမ်း စစ်ဆေးရေး အဖွဲ့ တစ်ခု ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း အင်တာနက် သတင်းအရ သိရသည်။အဆိုပါ စီမံကိန်း၏ တစ်စိတ်တစ် ဒေသအဖြစ် အမေရိကန် စစ်ဘက် ဆိုင်ရာ တာဝန်ရှိ သူများက ပြည်ပ နိုင်ငံ များသို့ ရာပေါင်း များစွာသောထောက် လှမ်းရေး တပ်ဖွဲ့ဝင်များ စေလွှတ် သွားမည်ဖြစ်ကြောင်း အမည် မဖော် လိုသူ အမေရိကန် တာဝန်ရှိ သူများက ပြောကြားခဲ့သည်။

အမေရိကန်မှ တာဝန်ရှိ သူများသည် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်က ဖြစ်ပွား ခဲ့သော အီရတ်နှင့် အာဖဂန် နစ္စတန် စစ်ပွဲတို့တွင် ပါဝင် ပတ်သက် နေသော သူများကို အဓိက အာရုံစိုက်သော ကာကွယ် ရေး ဆိုင်ရာ ထောက်လှမ်းရေး အေဂျင်စီ (DIA) ကို စစ်ဆေးပြုပြင် သွားရန် စီစဉ်လျက် ရှိသည်။ ထောက် လှမ်းရေး အဖွဲ့ တိုးချဲ့မှု လုံးဝ ပြီးစီးချိန်တွင် ယခင်က တပ်ဖွဲ့ဝင် အနည်းငယ်သာ ရှိသော DIA သည် ကမ္ဘာ အနှံ့၌ သတင်း စုဆောင်းသူ ထောက်လှမ်းရေး အဖွဲ့ဝင် အင်အား ၁၆ဝဝ ကျော် ပါဝင်မည်ဟု မျှော် လင့် ရသည်။

အဆိုပါ အဖွဲ့တွင် စစ်သံမှူး များနှင့် လျှို့ဝှက် တာဝန် ထမ်းဆောင်ရန် မလိုသော အခြားသော တပ်ဖွဲ့ဝင် များလည်း ပါဝင်သည်။ ထို့အပြင် ယခု တိုးချဲ့ ဖွဲ့စည်းမည့် အစီအစဉ်တွင် CIA အဖွဲ့က လေ့ ကျင့်ပေးနေ သည့် မျိုးဆက်သစ် လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့သစ်တစ်ခု တပ်ဖြန့်ချထားရေး တို့ပါဝင် ကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။
၎င်းထောက်လှမ်းရေး အဖွဲ့သစ်က အမေရိကန် ပူးပေါင်း အထူး စစ်ဆင်ရေး ဌာနချုပ်နှင့် ပူးပေါင်း ဆောင် ရွက်မည် ဖြစ်သော်လည်း ၎င်းတို့သည် ကာကွယ်ရေး ဌာနမှ လျှို့ဝှက် ထောက်လှမ်းရေး လုပ်ငန်း တာဝန် များကို ထမ်းဆောင် သွားရမည်ဖြစ်သည်။ ပင်တဂွန်၏ အဆင့်မြင့် ထောက်လှမ်းရေး အဖွဲ့သည် အာဖဂန်မှ စစ်သွေးကြွများ၊ မြောက်ကိုရီး ယားနှင့် အီရတ်နိုင်ငံ တို့မှ လက်နက်များ လွှဲပြောင်း မှုနှင့် တရုတ် နိုင်ငံက စစ်ဘက်ဆိုင်ရာ အဆင့် မြှင့်တင်မှု တို့ကို ဦးစားပေး ထောက်လှမ်း သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment