Tuesday 13 November 2012

CEGG Fourm တွင် ဒုတိယသမ္မတ ဒေါက်တာဆိုင်းမောက်ခမ်း ပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်



၂၀၁၂ခုနှစ် နိုဝင်ဘာလ (၃၁)ရက်က နေပြည်တော်၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် CEGG Forum တွင် ဒုတိယ သမ္မတဒေါက်တာ    စိုင်းမောက်ခမ်း အဖွင့်မိန့်ခွန်း ပြောကြားခဲ့ရာ အချို့ကိုကောက်နုတ်ေ   ဖ်ာပြအပ်ပါသည်။

““ကျွန်တော်တို့အားလုံးရဲ့ ဘုံမျှော်မှန်းချက်ဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးပဲဖြစ်ပါ တယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုတာကတော့ ယခုလက်ရှိနှင့် အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာကြီး ရဲ့ သယံဇာတများအဆက်မပြတ် ရရှိနေအောင် ဆောင်ရွက်နိုင်မှုပဲဖြစ်ပါ တယ်။ ဆင်းရဲနွမ်းပါးမှု တိုက် ဖျက်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိမ်းရောင်စီး ပွားရေးဟာ ”The future We Want” ခေါင်းစဉ်ကြီးအောက်က ခေါင်းစဉ် (၅)ခုအနက် တစ်ခုဖြစ်ပါတယ်။

အဲဒါအပြင် အစိမ်းရောင် စီးပွားရေးဟာ စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်မှုရရှိရေးအတွက် အရေးပါဆုံး အချက် အနက် တစ်ခု ဖြစ်ပါတယ်။
 
နိုင်ငံတိုင်းနိုင်ငံတိုင်းဟာ အစိမ်းရောင်   စီးပွားရေးမှ တစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိအောငမျှော်မှန်းချက်များနဲ့ ရရှိနိုင်တဲ့ အနေအထားများပေါ် မူတည်ပြီး ရွေးချယ်စရာ အများအပြားရှိ သင့်ပါတယ်။ သဘာဝသယံဇာတများကိ လုပ်ဆောင်ရာမှာမတူ၊ ကွဲပြားတဲ့ ချဉ်းကပ်မှု၊ု ထိထိရောက်ရောက်

အသုံးပြုခြင်း ဟာ အစိမ်းရောင်စီးပွားရေးရဲ့ နယ်ပယ်များအနက် တစ်ခုဖြစ်ပါ တယ်။ အစိမ်းရောင် စီးပွားရေး ဟာ သဘာဝသယံဇာတများအပေါ်ရေရှည်တည်တံ့အောင် စီမံခန့်ခွဲရာတွင် ပတ်ဝန်းကျင် ထိခိုက်မှုနှင့် အလေအလွင့် နည်းပါးစွာဖြင့် သယံဇာတများ ထိထိ ရောက်ရောက် အသုံးချနိုင်မှု ကို မြှင့် တင်ပေး ပါတယ်။ ကမ္ဘာ့လူဦးရေဟာ တိုးပွားနေပြီး

၂၀၅၀ ခုနှစ်မှာ ၉ ဘီလီယံ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထား ကြပါတယ်။ လူဦးရေ တိုးပွားလာ ခြင်းဟာ သဘာဝသယံဇာတများ ကို အသုံးချရာမှာ သိသာထင်ရှားတဲ့ ဆိုးကျိုးတွေဖြစ်စေပါ တယ်။ ပြောရ မယ်ဆိုရင် သယံ ဇာတများကို အလွန်အကျွံသုံးစွဲပြီး ရရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းဟာ အနာဂတ် မှာ ရွေး ချယ်သင့်တဲ့ လမ်းကြောင်း တစ်ခု မဖြစ်သင့်ပါ။ အစိမ်းရောင်စီးပွားရေးသည်သာရွေးချယ်သင့်တဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းရှိ လူများဟာ သယံဇာတများကို သုံးစွဲခြင်း၊ ကုန်ပစ္စည်း များ ထုတ်လုပ်ခြင်းနဲ့ စွန့်ပစ် ပစ္စည်းများ စွန့်ပစ်ရာတွင် အခြေ ခံပြုပြင်ပြောင်းလဲမှုများကို ပြုလုပ် ရတော့ မှာဖြစ်ပါတယ်။မြန်မာနိ အနာဂတ် ဖွံ့ဖြိုးတိုး တက်မှုအတွက်ုင်ငံဟာ အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းေ ရာင် ဖွံ့ဖြိုးတိုးတက်မှုကို ဖွံ့ဖြိုးတိုးတက်မှု ၀ါဒ အသစ်တစ်ခု
အနေဖြင့် ယုံ ကြည်    ပါ    တယ်။ ”Growth First, Clean Up Later” ဟု ဆိုသော ခေတ်ကုန်သွားပြီးဖြစ်ပါတယ်။ ထိုအယူအဆဖြင့် ကျွန်ုပ်တို့ ကမ္ဘာ ကြီးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် မှုရရှိအောင် မစွမ်းဆောင်နိုင်ပါ။ ”No one size fits all” ဆိုတဲ့ အတိုင်း ကိစ္စရပ်တစ်ခုဟာ အားလုံးအတွက် အဆင်မပြေနိုင်ပါ။ မြန်မာနိုင်ငံသည်လည်း အစိမ်းရောင်စီးပွားရေးမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရအောင် လုပ်ဆောင်ရာတွင် နိုင်ငံတစ်နိုင်ငံ ချင်းစီရဲ့သီးသန့်အခြေအနေကို လိုက်ပြီး မတူညီသော ချဉ်းကပ်မှုအနေအထားများ ရှိသင့်တဲ့ သဘောထား အမြင်များရှိပါတယ်။ အသုံးမပြုသောပစ္စည်း
ကိရိယာသည် ဘာမျှကောင်းကျိုး မပြုသကဲ့သို့ လက်တွေ့ဆောင် ရွက်မှုမရှိဘဲ ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ ကြေညာချက် များ၊ လမ်းညွှန်ချက်များသည် လည်းအချည်းနှီးသာဖြစ်ပါသည်။ ထို့ကြောင့် ကွန်ဖရင့်များ၊ ဖိုရမ် များတွင် ထိရောက်သော ပတ်ဝန်း ကျင်ထိန်းသိမ်းရေး

ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းအခြေပြု ဆုံးဖြတ်ချက်များ ပြုလုပ်ကာ လက်တွေ့ဆောင်ရွက်ချက်များနှင့် ပူးတွဲပါဝင်နေသင့်ပါသည်။ အစည်း

အဝေးများ၏ ဆုံးဖြတ်ချက် များအပေါ် အခြေပြုလျက် အစိုး ရများသည် အစိမ်းရောင် စီးပွား ရေးလမ်းကြောင်းပေါ်သို့ ရင်းနှီး မြှုပ်နှံမှုများ

ဲပြုလုပ်လျက်ရှိကြပါ သည်။ သို့သော်လည်း အစိမ်း ရောင် စီးပွားရေးအောင်မြင်ဖြစ် ထွန်းလာသည်အထိ လုံလောက် သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် သင့်ကြပါသည်””ဟု ပြောကြားခဲ့ သည်။


ref:Hot News

No comments:

Post a Comment