Tuesday 13 November 2012

ပင်ကိုအလှ ပိုပေါ်လွင်မှုရှိရအောင်

 

 လူတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်။ ရှိပြီးသား ပင်ကိုအလှတွေက လူတစ်ယောက် ရဲ့ ပြင် ဆင် နေထိုင်ပုံ တွေကြောင့်  ပိုမိုတင့်တယ် တောက်ပသွား တတ်တာကြောင့် ပင်ကိုအလှ ပိုမို ပေါ်လွင်မှု ရှိစေဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးဖို့ လိုအပ်ပါတယ်။


(၁)  မတ်မတ်ရပ်ပါ

မတ်မတ်ရပ်တာက သင့်ကို စမတ်ကျကျ ကြည့်ကောင်းစေတဲ့ အပြင် ကျောရိုးမကြီး ကိုလည်း ပျော့ပျောင်း သန်စွမ်းကာ  ဖြောင့်မတ်စေ ပါတယ်။ တကယ်လို့ မတ်မတ်ရပ်ရတာကို ညောင်းညာတယ်လို့ ခံစားလာရရင် ဒူးတွေကို အနည်းငယ်ကွေးပြီး ခြေထောက် နှစ်ချောင်းကို အနည်းငယ်ခြားကာ ရပ်ပါ။ ဝမ်းဗိုက် ကြွက်သားတွေကို ရှပ်ထားပြီး ပခုံးတွေကို အနားပေးကာ ဦးခေါင်းနဲ့ လည်ပင်းကို ပခုံးနဲ့ တစ်တန်းတည်း ထားပေးဖို့ လိုပါတယ်။

(၂) မကြာခဏ ရယ်မောပါ

ရယ်မောတာကြောင့် ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတို့ လျော့ပါးပြီး ခန္ဓာကိုယ် တင်းအားတွေကို လျော့ကျစေပါတယ်။  ရယ်မောတာဟာ နှလုံးရောဂါ ထနိုင်ခြေကို ၄၀ ရာခိုင်နှုန်း လျော့ကျစေပြီး သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်း ထိန်းပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

(၃) အကောင်းမြင်ပါ

ဘဝမှာ နေထိုင်ရင်း တွေ့ကြုံလာသမျှ အကောင်းအဆိုး တို့ကို အကောင်းဘက်က လှည့်တွေးပြီး မြင်ကြည့်ပါ။ ဘဝမှာ နေထိုင်ရတာ ပိုပျော်လာပြီး သင့်ရုပ်လည်း ပိုကြည်လင်လာမှာ ဖြစ်ပါတယ်။

(၄) ကျေးဇူးစကား ဆိုပါ

ကျေးဇူးတင်ရမယ့် သူတွေကို ကျေးဇူးတင်တယ်လို့ တွေးတာက အကောင်းမြင် ခံစားမှုကို တိုးစေပြီး နာကျင်မှုနဲ့ ညောင်းညာမှုတို့ကို လျော့ကျစေပါတယ်။ ဒါ့အပြင် ကျောင်းနဲ့ အလုပ်မှာပါ စွမ်းဆောင်နိုင်စွမ်း မြင့်တက်စေပါတယ်။ ကျေးဇူးတင်တတ်တဲ့ စိတ်ထားကြောင့် တခြားသူတွေနဲ့ ပေါင်းသင်းရတဲ့အခါ ပိုမိုအဆင်ပြေ နေပါလိမ့်မယ်။

(၅) ပျော်ရွှင်ကြည်နူးမှု ရှာဖွေပါ

ငြီးငွေ့နေတဲ့ အချိန်မှာ ကခုန်တာ၊ သီချင်းနားထောင်တာ၊ စာဖတ်တာ၊ ပန်းချီဆွဲတာ စတဲ့ သင်ကြိုက်တဲ့ အလုပ်တစ်ခုကို လုပ်ပေးပါ။ အဓိကကတော့ ကလေးတစ်ယောက်လို အပြစ်ကင်းတဲ့ ပျော်ရွှင်မှုကို ရရှိဖို့ပဲ ဖြစ်ပါတယ်။ အဲဒီအခါ စိတ်အပန်းပြေပြီး လန်းဆန်းပေါ့ပါးတဲ့ ခံစားချက်ကို ရရှိလာပါလိမ့်မယ်။

(၆) ရက်ရောပါ

လူမှုရေးကိစ္စတွေမှာ စေတနာ့ဝန်ထမ်း အဖြစ် ပါဝင်တာ၊ တန်ဖိုးရှိတဲ့ အရာတွေကို လှူဒါန်းတာ ..စတဲ့ ဖေးမကူညီမှုတွေကို လုပ်ဆောင်ပေးတာက ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဓာတုပစ္စည်းတွေကို ထွက်ရှိနှုန်း ကောင်းစေပါတယ်။

(၇) မျှမျှတတ ရပ်တည်ပါ

လူတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့အခါ လူသားတစ်ဦးချင်းစီကို တန်ဖိုးထားပြီး ဆက်ဆံပါ။ အထူးသဖြင့် တခြားသူတွေကို ရိုသေလေးစားတဲ့ စိတ်နဲ့ ပေါင်းသင်းပြီး ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားပါ။ အပြန်အလှန်အနေနဲ့ သင့်ပတ်ဝန်းကျင်က အပေါင်းအသင်း၊ မိတ်ဆွေသူငယ်ချင်းတွေကလည်း သင့်ကို ပြန်လည်လေးစား တန်ဖိုးထား လာပါလိမ့်မယ်။                       

 ကြယ်စင်
Ref: Good Health

No comments:

Post a Comment