Tuesday 13 November 2012

လူကြီးမင်းဖုန်းဆိုင် Samsung ဖုန်းအလုံး ၈၀ ပြန်လည်မဲနှိုက်



ရန်ကုန်မြို့တော်ရှိ လူကြီးမင်း မိုဘိုင်း ဖုန်းအရောင်းဆိုင်များတွင် နိုဝင်ဘာလ ၃ ရက်နေ့က လူဦးရေ အလွန် အမင်း များပြားမှုနှင့် စီမံခန့်ခွဲမှု လိုအပ်ချက်များကြောင့် ပျက်ပြားခဲ့ရသော Samsung Galaxy Mini မဲနှိုက် ရွေးချယ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက Park Royal ဟိုတယ်၌ ဖုန်းအလုံး ၈၀ ပြန်လည် မဲနှိုက် ရွေးချယ်ပေးခဲ့ကြောင်း ယင်းပွဲ စီစဉ်သူများထံမှ သိရသည်။
ရန်ကုန်မြို့ရှိ လူကြီးမင်းဖုန်းဆိုင်ခွဲ ၇ ဆိုင်မှ ကံစမ်းမဲကူပွန် ခုနစ်သောင်းကျော်ကို တစ်ဆိုင်လျှင် ၁၀ လုံးနှုန်းဖြင့် မဲဖောက်ပေးခြင်းဖြစ်ကာ လသာဆိုင်ခွဲ အတွက်မူ အလုံး ၂၀ မဲဖောက်ပေးခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဆိုင်ခွဲများ ပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်း ယင်းဆိုင်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကိုကိုေ အာင် က ပြောကြားသည်။


ကံစမ်းမဲပေါက်ပါက ကျပ် ငါးထောင်ဖြင့် ဝယ်ယူခွင့် ရရှိမည့် အဆိုပါဖုန်းကို နိုဝင်ဘာလ ၃ ရက်နေ့က လူကြီးမင်း ဆိုင်ခွဲများ၌ လူများမဲနှိုက်ရန် တန်းစီရာမှ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်လာသဖြင့် ဆိုင်များ ဖွင့် လှစ်ခြင်း မပြုနိုင်တော့ဘဲ ယနေ့အထိ ပိတ်ထားခဲ့ရခြင်းဖြစ်သည်။
 
ref:thevoiceweekly

No comments:

Post a Comment