“အထက်ဖော်ပြပါအတိုင်း ဆရာဝန်များ၏ ပေါ့ဆမှုကြောင့် လူနာမှာ အသက်ဆုံးရှုံးခဲ့ရပါသဖြင့် လုံေ လာက်ေ သာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးပါရန်နှင့် တာဝန်ရှိသော ဆရာဝန်များကို ထိရောက်စွာ အရေး ယူပေး ပါရန် တိုင်ကြားအပ်ပါသည်”
ပစ်စာမဟုတ်ပါ။ အမည် မှတ်ပုံတင်အမှတ် နေရပ်လိပ်စာ အတိအကျဖော်ပြပြီး ဖြစ်စဉ်အသေးစိတ်နှင့်တကွ တိုင်ကြားသော တိုင်စာ တစ်စောင်ဖြစ်ပါတယ်.။
အမှန်တကယ် ဖြစ်ပျက်ခဲ့ပါတယ်.။
----------------------------------------------------------------------------------------------------------
၁၉၈၀ကျော်နှစ်များရဲ့ မေလ ဒုတိယပါတ်အလွန် ဆေးရုံတစ်ရုံမှာ တက်ရောက်ကုသမှု ခံယူ ရင်း သေ ဆုံးသွားတဲ့ လူနာတစ်ဦးနဲ့ပတ်သက်ပြီး တိုင်ကြားခဲ့တဲ့ ဖြစ်ရပ်အမှန်ပါပဲ.။
လူနာက အသက် ၃၀ကျော်အရွယ် အမျိုးသမီးတစ်ဦး. ည ၂နာရီလောက်မှာ ဗိုက်အောင့် လို့ ဆေးရုံ အရေးပေါ်ဌာနကို လာရောက်ပြပါတယ်.။ အရေးပေါ်ဌာန တာဝန်ကျ ဆရာဝန်က အတွင်းလူနာအဖြစ် မှတ်ပုံ တင်ပြီး ဆေးရုံတင်ပေးလိုက်ပါတယ်။
အမျိုးသမီး ဖျားနာဆောင်က လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေကုသမှုတွေ ပြုလုပ်ပေး ပါ တယ်.။ နောက်ေ တာ့ အရေးပေါ် ခွဲစိတ်ရမယ်လို့ ဆိုပါတယ်။ အရေးပေါ် ခွဲစိတ်မှုပြု လုပ်နိုင် ဖို့ ပြင်ဆင်ပြီးတဲ့အခါ ခွဲစိတ် ခန်းပေါက်ဝမှာ စောင့်နေရင်း မနက် (၆) နာရီမှာ သေဆုံးသွားပါတယ်.။
လူနာရှင်အနေနဲ့ ည(၂)နာရီက ဆေးရုံကို သွားပါလျှက်.. အရေးပေါ် ခွဲစိတ်ရပါမယ် ဆိုပါလျှက် ချက်ခြင်းခွဲ စိတ်မှုမပြုဘဲ အချိန်နောက်ကျတဲ့အတွက် သေဆုံးရတာမို့ မကျေမနပ် တိုင်ကြားခြင်းပါ။
တိုင်ကြားစာဖြစ်တဲ့အတွက် အခြားဌာနများမှ အထူးကု ဆရာဝန်ကြီး (၃) ဦးပါဝင်တဲ့ စုံစမ်း စစ်ေ ဆးရေး ကော်မတီ ဖွဲ့ပြီး စစ်ဆေးပါတယ်.။ အဖြစ်အပျက်ဟာ မေလ ဒုတိယပါတ် မှာ ဖြစ်ခဲ့ပေ မယ်. နောင်အချိန်မှ တိုင်ကြားတာဖြစ်တာတစ်ကြောင်း. လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ကိုင်တာမို့ ၆လေ ကျာ်ကြာပြီးမှ ဆေးရုံက သိရှိရတဲ့ အဖြစ်ပါ။
စုံစမ်းရေးကော်မတီဟာ ပထမဆုံး ဆေးရုံမှတ်တမ်းဌာနမှာ ထားရှိတဲ့ သေဆုံးသူ လူနာရဲ့ မှတ်တမ်းကို သိမ်းဆည်းပါတယ်.။ ဒီလို သိမ်းဆည်းတဲ့အချိန်မှာ ဆေးရုံကိုတော့ ဘယ်လိုအကြောင်းကြောင့် သိမ်းဆည်းတယ်ဆိုတာ မဖော်ပြပါဘူး။ ဝန်ထမ်းတစ်ဦးစေလွတ်ပြီး မှတ်တမ်းဌာနက Patient record chart (ရင်ခွဲစစ်ဆေးတွေ့ရှိချက်အပါအဝင်) အပြည့်အစုံကို Registration No. နဲ့ တိုက်ဆိုင်စစ်ဆေးပြီး တရားဝင် သိမ်းဆည်းသွားတာပါပဲ..။
ဒိနောက်တော့စုံစမ်းရေးကော်မတီဟာ လူနာမှတ်တမ်းကို လေ့လာ ပါတယ်.။ စေ့စေ့ စပ်စပ် လေ့ လာပြီးတဲ့ အခါ primary enquiry (P.E) ခေါ်တဲ့ ပဏာမစုံစမ်းစစ်ဆေးရေး စတင်ဖို့ တာဝန်ခံ ဆေးရုံအုပ်ကြီးက တဆင့် သေဆုံးခဲ့တဲ့ လူနာကို ကြည့်ရှုခဲ့တဲ့ ပြုစုစောင့်ရှောက်ခဲ့တဲ့ ဆေးဝန်ထမ်းအားလုံးကို စစ်ဆေးမှု ခံယူရမယ်ဆိုတဲ့အကြောင်း အသိပေးအကြောင်းကြားပါတယ်.။
သက်ဆိုင်သူ ပါဝင်ပတ်သက်တဲ့ ဆရာဝန်တွေပါမက ဆေးရုံတစ်ရုံလုံးမှာရှိတဲ့ ဆေးဝန်ထမ်းတွေအားလုံး စိတ်မသက်မသာဖြစ်ကြရပါတယ်.။ တခြားကုသဆောင်တွေမှာ အရေးပေါ်အဖြစ်တွေ (Emergency case) ဖြစ်ပေါ်လာတဲ့အခါတိုင်း ကိုယ်တာဝန် မဟုတ်ပေမယ့် အပြန်ပြန် အလှန်လှန် ကူညီရင်း လူနာအသက်လုခဲ့ရတဲ့ပွဲ တွေ နွဲလာခဲ့တဲ့ လုပ်ဖော်ကိုင်ဘက်တွေမို့ အားလုံး စိတ်မချမ်းမသာ ဖြစ်ရတာပါပဲ။
နှစ်တစ်နှစ်ရဲ့ မေလဟာ အလုပ်သင်ဆရာဝန်လူဟောင်းများ လက်တွေ့သင်တန်းတစ်နှစ်ပြီးဆုံးပြီး အလုပ် သင် ဆရာဝင်အသစ်ကလေးများ စတင်တာဝန်ထမ်းဆောင်တဲ့အချိန်ပါ။ ဆေးရုံမှာ နေ့ခင်းပိုင်းတာဝန်ချိန် အလုပ်သင်ဆရာဝန်နဲ့တကွ ဆိုင်ရာဆရာဝန်အားလုံးရှိပေမယ့် ညဂျူတီချိန်မှာတော့ ကျားမ ဖျား နာဆောင်အတွက် (၃) ယောက်၊ ကျားမ ခွဲစိတ်ဆောင်အတွက် (၂)ယောက်၊ သားဖွားဆောင်အတွက် (၃) ယောက်၊ မီးယပ်ဆောင်အတွက် (၁) ယောက်၊ ကလေးဆောင်အတွက် (၂) ယောက်၊ အလုပ်သင် ဆရာဝန် စုစုပေါင်း (၁၁) ယောက်၊ လက်ထောက်ဆရာဝန်အနေနဲ့ ဌာနတစ်ခုချင်း တစ်ေ ယာက်စီနဲ့(၄) ယောက်၊ အရေးပေါ်ဌာနဆရာဝန် (၁) ယောက်.၊ ခွဲခန်း မေ့ဆေးဆရာဝန် (၁) ယောက်။ ပထမလက်ထောက်ဆရာဝန်ကြီး (၄) ယောက်ကလည်း လိုအပ်လို့ အကြောင်းကြားလာရင် အမြဲ အဆင် သင့် ဖြစ်နေအောင် နိုးနိုးကြားကြားနဲ့ ရှိနေကြပါတယ်။
အများပြည်သူအိပ်စက်အနားယူချိန်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေပါ။ ဒီလို ညည့်နက် သန်းကောင်မှာ အရေးပေါ်ဖြစ်လာရင် ကိုယ့်တာဝန်ယူတဲ့ ဌာနမဟုတ်ပေမယ့် အကြောင်းကြားတာ မဟုတ်ပေ မယ့် မခေါ်ရဘဲ အပြေးအလွှား ဝိုင်းကူကြတာဟာ လူနာအသက်ရှင်ပါစေတော့ဆိုတဲ့ စိတ် အခြေခံပါ။
ဒါကြောင့်မို့လည်း ပါဝင်ပတ်သက်သူ မဟုတ်ပေမယ့် အားလုံးစိတ်ထိခိုက်ရပါတယ်။
တိုင်စာတစ်စောင်ရဲ့ ပထမဆုံးသက်ရောက်တဲ့ ဘေးထွက်ဆိုးကျိုး Collateral damage ပါပဲ။
= = = = = = = = =
စုံစမ်းစစ်ဆေးရေးစတင်ပါပြီ။
လက်ထောက်ဆရာဝန်. အလုပ်သင်ဆရာဝန်. သူနာပြု ..အထွေထွေလုပ်သားကစလို့ ပထမလက်ထောက် ဆရာဝန်ကြီးအပါအဝင် သက်ဆိုင်သူအားလုံးကို တစ်ဦးချင်း နာရီပေါင်းများစွာ စစ်ဆေးမေးမြန်း မှတ် တမ်းပြုပါတော့တယ်.။
“ဆရာဝန်တွေ ပေါ့လျှော့မှုဖြစ်မဖြစ် ဆိုတာကို ဆရာဝန်တွေက တရားသူကြီးလုပ် စစ်မေးမှတော့ သက် သက် ညှာညှာ ပေါ့ပေါ့လျှော့လျှော့ ဘက်လိုက်စစ်ဆေးမှာပေါ့”…လို့ အများက ထင်ကြပါလိမ့်မယ်။
တကယ်တော့ ပဏာမ စုံစမ်းစစ်ဆေးမှုဆိုတာ ဆေးရုံ တရားခွင်မှာ တရားခံတစ်ယောက်ကို စစ်မေးသလို စစ်ဆေးခြင်းပါ။ ပထမလက်ထောက် ဆရာဝန်ကြီးများ ပါမောက္ခကြီးများဟာ တရားခံလို စစ်မေးခံရတာပါ။
စုံစမ်းစစ်ဆေးရေးကော်မတီက စစ်ဆေးရာမှာ အခြေခံမူတွေရှိပါတယ်.။
၁။ ရောဂါအမည်ဆုံးဖြတ်ရာမှာ မှန်ကန်ခဲ့သလား
၂။ ရောဂါအမည်သတ်မှတ်တာမှန်ပေမယ့် ကုထုံးမှာ လိုအပ်ချက်ရှိခဲ့သလား.
၃။ ပေါ့ဆမှုရှိခဲ့သလား
၎။ ဆရာဝန်ကျင့်ဝတ်ဖြစ်တဲ့ Service, Sympathy and Humanity ကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်သလား.
အဓိကအားဖြင့် ဒီအချက်တွေကို စစ်ဆေးပါတယ်။
ရာဇဝတ်ပြစ်မှုဆိုင်ရာတရားခွင်မှာ လူသတ်သမား အမှန်ဖြစ်တာတောင် မျက်မြင်သက်သေ. အသုံးပြုတဲ့ လက်နက် တင်ပြနိုင်ခြင်းမရှိရင် တရားခံလွတ်မြောက်တတ်ပေမယ့်..
ဆေးဘက်ဆိုင်ရာ စုံစမ်းမှုမှာတော့ ဒီလိုစံနစ်တကျ စစ်ဆေးမှုကြောင့် လွတ်သွားတယ်ဆိုတာ ဖြစ်နိုင်ခဲပါ။ ထပ်ဆိုပါဦးမယ်။ (ဖြစ်နိုင်ခဲပါ)။
၁။ ရောဂါအမည်ဆုံးဖြတ်ရာမှာ မှန်ကန်ခဲ့သလား
ရောဂါအမည်ဆုံးဖြတ်ရာမှာ မှန်ကန်သလားဆိုရင် အမြဲတမ်း မမှန်နိုင်ပါဘူး။ ကျွန်တော်တို့ ဝမ်းခေါင်းအတွင်းမှာ ကလီစာပေါင်း များစွာရှိပါတယ်။ ကလီစာ (Organ) တစ်ခုချို့ယွင်း တဲ့အခါ ဖြစ်ပေါ် လာတဲ့ ရောဂါလက္ခဏာဟာ အခြား organ တစ်ခု ချွတ်ယွင်းလို့ ပေါ်ပေါက်တဲ့ လက္ခဏာနဲ့ ဆင်တူ တတ်ပါတယ်.။ အတူတွဲပြီး တွေ့ရှိရတဲ့ ရောဂါလက္ခဏာတွေ…၊ clinical examination အရ တွေ့ရှိရတဲ့ အချက်တွေကို စုပေါင်းပြီးမှ Provisional Diagnosis ဆိုပြီး “ဖြစ်တန်ရာသောရောဂါ”ဆိုတာနဲ့ သတ်မှတ်ရပါတယ်.။
ကိုယ်တွင်းခေါင်း (Abdomen) ကို ကမ္ဘာတစ်ဝှမ်း ဆေးပညာလောကမှာ (Magic Box) လို့ ခေါ်ဝေါ သုံးစွဲပါတယ်။ အင်မတန် မာယာများပြီး.လှည့်စားနိုင်လွန်းလို့ပါပဲ။
ဥပမာ ဆိုပါမယ်။
အူအတက်ယောင်ယမ်းခြင်း (Acute Appendicitis) ရောဂါဟာ Clinical Examination အရသာ ဆုံးဖြတ်ရတာပါ.။ သွေးစစ် ဆီးစစ် ဓါတ်မှန်ရိုက် စတာတွေရဲ့ တွေ့ရှိချက်အပေါ်မှာ အခြေမခံပါဘူး။ ဒါကြောင့် Acute Appendicitis အနေနဲ့ စမ်းသပ်စစ်ဆေးဆုံးဖြတ်ပြီး ခွဲစိတ်ရာမှာ operation finding မှာ မဟုတ်ခဲ့ရင် ရောဂါအမည်မှားယွင်းမှုကြောင့် ဆရာဝန်ကို အပြစ်မဆိုသာပါဘူး။
ဥအိမ်၂ခုမှ ရေအိတ်ရှိခြင်း (Bilateral Ovarian cyst) လို့ ultrasound မှာ တွေ့ရှိပေ မယ့်.တစ်ဖက် မှာ ရေအိတ် အခြားတစ်ဖက်မှာအခြားရောဂါ ဖြစ်နေတတ်တာမျိုးတွေ
Bilateral Ovarian Cyst ဆိုပြီး ခွဲစိတ်လိုက်တော့မှ ကျောက်ကပ်တွင်းရေအိတ်တည်ခြင်း (Polycystic Kidney) ဖြစ်နေခဲ့တာမျိုးတွေ….
စသည်စသည်ဖြင့်. ရောဂါအမည်နဲ့ အမှန်တကယ်ရောဂါဖြစ်မှုနဲ့ လွဲနေတာတွေ ကမ္ဘာ့ ဆေးပညာသမိုင်းမှာ ရှိခဲ့၊ ရှိနေဆဲ၊ ရှိနေဦးမှာ ဖြစ်ပါတယ်။
ဆရာဝန်ဆိုတာ “ဒိဗ္ပစက္ကုရထားသူတွေ” မဟုတ်ပါခင်ဗျား.။
ဆရာဝန်ဆိုတာ..
ရှည်လျှားလှတဲ့ပညာသင်ကာလ.၊ ခက်ခက်ခဲခဲဆည်းပူးရတဲ့ လက်တွေ့ အတွေ့အကြုံ.၊ ပင်ပန်းခဲ့တဲ့ ကြိုးစားအားထုတ်မှု..၊ စတေးခဲ့တဲ့ ပျော်ရွင်စရာ မိသားစုအချိန်.. ဒါတွေကိုအရင်းပြုပြီးမှ…
“ရောဂါအမည်” ဆိုတဲ့ လူနာအသက်ကို လောင်းကြေးထပ်ထားတဲ့ စိန်ခေါ်မှုကို အမြဲဦးနှောက်သုံး ရင်ဆိုင်ပြီး.
မှန်ကန်တဲ့အမည်တပ်နိုင်ရင်ဖြင့် “ငါဆိုခဲ့တဲ့ ရောဂါ မှန်ခဲ့ပြီလို့” အများအကျိုးရှိစေမယ့် “မိမိ အတ္တလေး”ကို တစ်ယောက်တည်းကြိတ် ပီတိဖြစ်ရင်း ….
အဲဒီအတ္တလေးကိုပဲ အမြဲပြောင်လက်အောင် ကြိုးစားနေတဲ့ ဥစ္စာပစ္စည်း မကြွယ်ဝတဲ့ လူထဲကလူ. လူလတ် တန်းစားပါ။
(ဒါလေးတစ်ခုတော့ သိထားဖို့ လိုပါတယ်)
ဒါကြောင့်မို့လည်း စုံစမ်းရေး ကော်မတီဟာ ရောဂါအမည်မှားယွင်းနေတာ တွေ့ရှိရင်. “မှားယွင်းသတ်မှ တ်နိုင်သော လုံလောက်သော အခြင်းအရာများရှိမရှိ” သေသေချာချာ စစ်ဆေးပါတယ်.။ မှားယွင်းမိနိုင်တဲ့ အကြောင်းအရာရှိရင်ဖြင့် ခွင့်လွတ်ပါတယ်.။
၂။ ရောဂါနံမည်သတ်မှတ်တာမှန်ပေမယ့် ကုထုံးမှာ လိုအပ်ချက်ရှိခဲ့သလား.
ရောဂါတစ်ခုအတွက် ပြည့်စုံတဲ့ကုထုံးရှိပေမယ့် လူနာတစ်ဦးချင်း. ကျား၊ မ.. အသက်အရွယ်နဲ့ အတူ တွဲဖြစ်ပေါ်နေတဲ့ အခြားရောဂါများပေါ် တည်မှီလို့ တစ်ယောက်နဲ့တစ်ယောက် ရောဂါ တူပေမယ့် ကုထုံး ဟာ ထပ်တူမဖြစ်ပါဘူး.။ နောက်တစ်ချက်ကလည်း ရောဂါအမည်မှန်တဲ့အခါ ကုထုံးမှာ မှားယွင်း တယ်ဆိုတာ အင်မတန် ဖြစ်ခဲလှပါတယ်.။
ဆေးဝါးတွေမှာ လူတစ်ဦးနဲ့တစ်ဦးမတူညီနိုင်တဲ့ တုန့်ပြန်မှုတွေဘေးထွက်ဆိုးကျိုး တွေရှိတတ်ပါတယ်.။
ဆေးဝါးတိုင်းမှာ Idiosyncrasy ခေါ်တဲ့ therapeutic dose.(ပုံမှန်ဆေးဝါးပမာဏ) ပေးရုံနဲ့ Toxicity (အဆိပ်ကဲ့သို့ ပြင်းထန်တဲ့ တုန့်ပြန်မှု) ဖြစ်တတ်တယ်ဆိုတာမျိုးဟာ ဘယ်လူနာမှာ ဘယ်အ ချိန်ဖြစ်မ လဲဆိုတာ မသိနိုင်ပါဘူး။ လူနာတစ်ယောက်တည်းမှာတင် အခု မဖြစ်ပေမယ့် နောင် ဖြစ်နိုင်တာမျိုး၊ အခုဖြစ်ပေမယ့် နောင် မဖြစ်နိုင်တာမျိုး ရှိပါတယ်.။ ဘေးထွက်ဆိုးကျိုးဆိုတာလည်း အနည်း ငယ် ဖြစ်ချင်ဖြစ်မယ်။ ဆိုးဆိုးဝါးဝါး ဖြစ်ချင်ဖြစ်မယ်. ကြိုတင် မခန့်မှန်းနိုင် မသိရှိနိုင်ပါဘူး။
ရံဖန်ရံခါ. အများက ပြောဆိုသုံးနှုန်းကြတဲ့ “ဆေးမှားပေးတယ်. ဆေးပေးမှားတယ်” ဆိုတာမျိုးတွေ ဟာ သေသေချာချာ စစ်ဆေးတဲ့အခါမတော့ ဒီအဖြစ်မျိုးတွေ ဖြစ်နေတတ်တာ တွေ့ရပါတယ်.။ ဒီလိုဖြစ် တတ် တဲ့သဘော ဗဟုသုတ မရှိလေတော့ “ဆေးမှားတာနေမှာပါ” ဆိုတဲ့ မှတ်ချက်ကြောင့် မလိုလား အပ်တာတွေ ဖြစ်ခဲ့တာ မျက်မြင် ဒုနဲ့ဒေးပါပဲ.။
၃။ ပေါ့ဆမှုရှိခဲ့သလား
ပေါ့ဆတယ်ဆိုရာမယ်.“လုပ်သင့်တာကို မလုပ်ခဲ့တာနဲ့ မလုပ်သင့်တာကို လုပ်ခဲ့မိတာ” ပါပါတယ်.။ လွယ်လွယ်နားလည်လောက်မယ့် ဥပမာဆိုရရင် လူနာအများထဲက ဦစားပေးလူနာ ရွေးချယ်ရာမှာ မှား ယွင်း မှုပါ။
အရေးပေါ် ခွဲစိတ်ရမယ့်လူနာကိုဦးစားမပေးမိရင် လုပ်သင့်တာကို မလုပ်မိ၊ မလုပ်သင့်တာကို လုပ်မိတာပါ.။
ပညာ နဲ့ သမ္ဘာကြောင့် ဒီလိုအဖြစ်မျိုးဟာ ရှားလှပါတယ်။
လူနာရှင်အနေနဲ့ မိမိလူနာအရေး အတ္တကို ဗဟိုပြုလွန်းတော့ “ကိုယ့်လူနာကို အရင်ဦး စားပေး မလုပ်ပေးဘူး၊ ပစ်ထားကြတယ်” ဆိုတာမျိုးနဲ့ စွပ်စွဲတတ်ကြပါတယ်။ တစ်ချိန်တည်းမှာ အ သက်ဘေးကြောင့် သူ့ထက်ဦးစားပေး လုပ်ကိုင်ရမယ့် အခြားလူနာတွေ ရှိတာကို ပညာအရ လုပ်ငန်း ခွင်အခြေအနေအရ မသိနိုင်ပါဘူး။ ဒါတွေဟာ စုံစမ်းစစ်ဆေးလိုက်တဲ့အခါ မှန်မမှန် ပေါ်ပေါက်မြဲပါ။
(တစ်ချိန်တည်း ရှိနေခဲ့တဲ့ အခြားလူနာမှတ်တမ်းများမှာ အချိန်ကာလ ရေးသွင်းထားသည်များရှိပါတယ်)
ဘယ်ညာ ခြေထောက်မှား ဖြတ်တောက်မိတာ.၊ အပေါ်အောက်သွား မှားနှုတ်မိတာ၊ ကိုယ်တွင်းခေါင်းထဲ ကိရိယာ. Gauze စ ကျန်ရစ်ခဲ့တာတွေမှာတော့ ပေါ့ဆမှု စစ်စစ်တွေပါ။ သတ်မှတ်ထားတဲ့ Standard Operation Procedure ကို လိုက်မလုပ်တဲ့အခါမျိုးမှာ ဖြစ်ပွားတတ်ပါတယ်။
(ခွဲစိတ်ခန်းတာဝန်ခံ သူနာပြုဆရာမကြီးက ခွင့်မပြုရင် ပါမောက္ခကြီးအနေနဲ့ ခွဲစိတ်မှု မစတင်နိုင်ပါဘူး။ ထို့အတူ တူပဲ. ခွဲစိတ်မှုပြီးဆုံးလို့ ဝမ်းဗိုက်ပြန်ပိတ်တော့မယ်ဆိုရင် ဆရာမကြီးထံ ခွင့်ပြုချက် ယူရပါတယ်။ သူနာပြုဆရာမကြီးက “ပိတ်လို့ရပါပြီ” ဆိုမှ ပိတ်ကြရတာပါ။
ခုနောက်ပိုင်း ကိရိယာတွေ အဝတ်စ ပိတ်ပါးပတ်တီးစတွေကို electronically tag လုပ်ထားပြီး ဝမ်းခေါင်း တွင်း မကျန်ရစ်အောင် စီမံကြပါတယ်။)
ဒါကြောင့်မို့ တကယ်ပေါ့ဆခဲ့ရင် ပေါ်ပေါက်ပါတယ်။ ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရပါဘူး။
၎။ဆရာဝန်ကျင့်ဝတ်ဖြစ်တဲ့ Service, Sympathy and Humanity ကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့သလား.
ဒီအချက်ဟာ စုံစမ်းစစ်ဆေးရေးရဲ့ မဏ္ဍိုင်ပါပဲ.။ မေးလိုက်သ မျှ မေးခွန်းတွေ တိုင်းမှာ ဖြေလိုက် သမျှ လျှောက် လဲချက်တွေတိုင်းမှာ ဒီအချက်တွေ ချို့ယွင်းမှု ရှိမရှိ မျက်စိဒေါက်ထောက် ကြည့်နေတော့ တာပါပဲ.။
အလုပ်ခွင်တာဝန်ချိန်အတွင်းမှာ ထမင်းစားချိန်မို့ အချိန်အတန်ကြာ ထမင်းဆိုင်ရောက်နေခဲ့ရင် တာဝန် ချိန်မှာ မရှိလို့ Service ပျက်ကွက်မှုပါ။
ဒါကြောင့်မို့ အသည်းအသန် လူနာရှိချိန်မှာ နေ့လည်စာ ညစာ မသိခဲ့ရတဲ့အဖြစ်တွေ..
ထမင်းချိုင့်အချိန်မမီတဲ့အခါ ကြုံရာ မုန့်ကလေးများနဲ့ တစ်နပ်စာ ပြီးခဲ့ရတဲ့အဖြစ်တွေ
ထမင်းဆိုင်မှာ အများသူငါလို့ ကိုယ့်ရဲ့သမာအာဇီဝ ရှာထားတဲ့ ထမင်း တစ်နပ်တောင် ဖြောင့်ဖြောင့်မ စားနိုင်.. ရေနွေးကြမ်းနဲ့ ပီကင်းဘဲ အစာသွပ်သလို သွပ်သွင်းခဲ့ရတဲ့ အဖြစ်တွေ..
အသည်း အသန် လူနာရှိချိန် ဘယ်တော့များ လာခေါ်မလဲစိတ်နဲ့ နိုးတဝက်အိပ်တဝက် အိပ်စက်ရတဲ့ တခါတ ခါ စိတ်ပူပန်လို့ ဖုန်းဆက်မေးတတ်ကြတဲ့ ဆရာဝန်ကြီးတွေရဲ့ ဆောင်းအိပ်မက်တွေ…
ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ဒီလိုအဖြစ်တွေ ဒီအဖြစ်တွေကို.ဘယ်သူတွေ သိနားလည်နိုင်မှာလဲ..။
တစ်ဆိတ်လောက် ကိုယ်ချင်းစာကြည့်ပေးကြပါဗျာ..။
Service တစ်ခုတည်းနဲ့တင် ဒီလောက်တင်းကြပ်တယ်ဆိုတဲ့အခါ Sympathy and Humanity နဲ့ ချိန်ထိုးတိုင်းတာတယ်ဆိုတော့..
အမှန်တရားဟာ သေချာပေါက် ပေါ်ပေါက်စမြဲပါ။ အမှန်တရားကို ကျွန်တော်တို့လည်း လိုချင်ပါတယ်။
မှတ်တမ်းတိုင်းမှာ အချိန်နဲ့ လက်မှတ်ရှိနေပါတယ်။ ဆေးထိုးဖို့ ညွှန်ကြားတဲ့အချိန်နဲ့ တကယ်ထိုးထား တဲ့အချိန်မှာ လက်မခံနိုင်လောက်အောင် ကွာခြားနေရင် ဒီအဖြစ်ဟာ Sympathy and Humanity မှာ လာငြိပါတယ်။ ပထမလက်ထောက် ဆရာဝန်ကြီးကို အကြောင်းကြားစာရေး ပို့ခိုင်းတဲ့အချိန်နဲ့ ပထမ လက်ထောက် ဆရာဝန်ကြီး သိရှိကြောင်း လက်မှတ်ထိုးချိန်၊ တကယ်လာရောက်ကြည့်ရှုတဲ့အချိန် လွန်မင်း စွာ ကြန့်ကြာကွာခြားရင်. Sympathy and huminity နဲ့ ငြိစွန်းတာပါပဲ..။
မေးခွန်းတိုင်းမှာ အဖြေတိုင်းမှာ ဒီလိုဆန်ကာစိတ်စိတ်နဲ့ စစ်ထုတ်တဲ့အတွက် စုံစမ်းစစ်ဆေးမှုခံယူရသူဟာ ဖိအားများစွာ သက်ရောက်ခံရပါတယ်။
ကိုင်း.. မူရင်းဇတ်လမ်း ပြန်သွားကြရအောင်…
= = = = = = = = =
တာဝန်ကျ လက်ထောက်ဆရာဝန် (အရေးပေါ်ဌာန)
“ဒေါက်တာ အမည်နဲ့ ဆမ နံပါတ် ပြောပါ၊ ဒီလူနာမှတ်တမ်းမှာ ရေးသွင်းထားတဲ့ အချက်တွေ နဲ့ ဒေါက်တာ့ လက်မှတ် မှန်မမှန် အတည်ပြုပေးပါ။ ပြီးရင် မှတ်တမ်းကို ပြန်ဖတ်ပြီး အဖြစ်အပျက်ကို မှတ်မိ သေ လာက် ပြန်စဉ်းစားပါ။ ဒေါက်တာ အဆင်သင့်ဖြစ်ပြီဆိုရင် မေးခွန်းတွေ မေးပါမယ်”
“လူနာကို acute gastritis ရုတ်တရက် အစာအိမ်ယောင်ယမ်းခြင်းနဲ့ ဆေးရုံတင်ပါတယ်. BP တိုင်းခဲ့ ပါသလား”
“တိုင်းပါတယ်။ မှတ်တမ်းမှာရေးသွင်းထားတဲ့အတိုင်းပါပဲ.။ သွေးပေါင်အနည်းငယ်ကျနေတာရယ် ညအချိန် မတော်ဖြစ်နေတာမို့ ပြန်မလွတ်ခဲ့ပါ။ သွားလာရခက်ခဲမှာမို့ တစ်ညလောက်ဆေးရုံတင်ထားပေးတာဟာ လူနာအတွက် အဖက်ဖက်က စိတ်ချရမှာမို့ ဆေးရုံတင်ထားလိုက်တာပါ.”
“x x x x x x x x x x x ”
(အရေးပေါ်ဌာနအနေနဲ့ ဆေးရုံသင်တင့်မတင်သင့် ဆုံးဖြတ်ရတာမို့ မေးခွန်းအနည်းငယ်သာ မေးပါတယ်”
= = = = = = = = =
အလုပ်သင်ဆရာဝန် (အမျိုးသမီး ဖျားနာဆောင်)
“မောင်ရင်လေးအမည်နဲ့ လက်မှတ်မှန်မမှန် အတည်ပြုပါဦး။ မှတ်တမ်းဖတ်ပြီး မှတ်မိပြီဆို ရင် မေးခွန်းတွေ ကို စဉ်းစားပြီး ဖြေပါ”
“လူနာ ward ထဲရောက်လာတဲ့အချိန်မှာ History စယူပါတယ်။ အဲဒီအချိန်မှာ တာဝန်ကျ သူနာပြုက အနားမှာ ရှိပါတယ်.။ မေးခွန်းတွေ ပြည့်စုံအောင် မမေးရသေးခင်မှာပဲ လူနာက မူးတယ်လို့ ဆိုပါတယ်။ ဒါနဲ့ မမေးဖြစ်သေးဘဲ သွေးပေါင်ချိန်ပါတယ်”
“လူနာမှတ်တမ်းမှာ သွေးပေါင်ချိန် ရေးသွင်းထားတာ မရှိပါလား။..တကယ်ကောချိန်ခဲ့သလား.. မှတ်တမ်း မှာ ရေးသွင်းထားတာ မရှိတဲ့အတွက် ဆရာတို့က ဆရာလေး သွေးပေါင်မချိန်ခဲ့ဘူးလို့ သတ်မှတ် တယ်၊ သွေးပေါင်မချိန်တာဟာ ပေါ့ဆမှုပဲ.. ဆက်ပြီး ဆိုရရင် လူနာအပေါ် စာနာမှုမရှိရာ လူသား မပီသရာရောက်တယ်. ။ ဒီလိုဆိုရင် အပြစ်ကြီးတယ်”
“ဒီလိုပါဆရာရယ်. History ယူနေတုန်း သူမက မူးတယ်ဆိုတော့ သွေးပေါင်အရင်ချိန်ပါတယ်။ အဲဒီအချိန် မှာ သူနာပြုက ကျွန်တော့်ကို တစ်ခု ပြောပါတယ်.။ လူနာက မိန်းကလေးလည်းဖြစ်တယ်.။ ဗိုက်နာ တယ် လို့ ပြောတယ်.။ မူးတယ်လည်းဆိုတယ်။ အစာအိမ်ယောင်တာနဲ့ ဒိလောက်အထိ Pale (တစ်ကိုယ် လုံး ဖြူ စွတ်စွတ်) ဖြစ်နေတာဖို့ အကြောင်းမရှိဘူး။ ဒါကြောင့် သားအိမ်ပြင်ပ သန္ဓေတည်ခြင်း (Ruptured Ectopic Pregnancy) ဖြစ်နိုင်တယ်.။ မြန်မြန်လုပ်ပါဆရာ.. လို့ ပြောပါတယ်.။ ဒါနဲ့ ကျွန်တော်လည်း history ဆက်မယူတော့ပါဘူး.။ အိမ်ထောင်ရှိမရှိ၊ ဓမ္မတာ ထိန်မမထိန် (Amenorrhoea). Signs and symptom of pregnancy ရှိမရှိ ခပ်တိုတို မေးပါတယ်.။
သွေးပေါင်နည်းတာမို့ ကုတင်ခြေရင်းမြင့်.. drip တစ်လုံးသွင်း.လက်ထောက်ဆရာဝန်ကို အကြောင်း ကြား. သွေးဘဏ်မှာ သွေးတောင်း. နဲ့ သွေးပေါင်ချိန်ထားတာ ရေးသွင်းဖို့ မအား တာရော. ရေး သွင်းဖို့ မေ့သွားတာရော ပါပါတယ်ဆရာ.။ ကျွန်တော်ရေးသွင်းထားတဲ့မှတ်တမ်းမှာ လုပ်သင့်လုပ်ထိုက်တဲ့ treatment တွေသာ ပြည့်စုံအောင် ရေးထားခဲ့ပါတယ်.”
“Note vital sign in every 15 min လို့ ရေးထားပေမယ့် မှတ်တမ်းအရ တစ်ချိန်လုံး ၃ခါပဲ ရေး သွင်းထားတယ်”
“ကျွန်တော်တို့ ဆက်တိုက် ချိန်ပါတယ်.။ လူနာက shock ရလာတော့ ဆက်တိုက်လုပ်ရတဲ့ အလုပ်တွေ အများကြီးပါ၊ ဒါကြောင့်မှတ်တမ်းမှာ ရေးဖို့ထက် အသက်ကယ်နိုင်ဖို့ အရေးကြီးတာတွေ ဆက်တိုက် ဆိုသလို လုပ်နေရလို့ပါ”
“x x x x x x x x x x x x ”
“ဆရာလေးကိုတော့ မှတ်တမ်းမှာ BP မရေးသွင်းမိတာနဲ့ ပတ်သက်လို့ ဖြေဆိုတာကို ကျေနပ်ပါတယ်။ ဆရာတို့ ဒီအချိန် အနားမှာ မရှိပေမယ့် အဖြစ်အပျက်တွေကို မှတ်တမ်းတွေ ပြောဆိုတာတွေနဲ့ ချိန်ထိုးပြီး လက်ခံပါတယ်။ ဒါပေမယ့် နောင်ကို သေသေချာချာ မမေ့မလျှော့ ရေးသွင်းဖို့ ပြင်းပြင်းထန်ထန် သ တိပေး ပါတယ်”
= = = = = = = = =
ဒီလိုနဲ့ပဲ. သူနာပြုများနဲ့တကွ လက်ထောက်ဆရာဝန်ကို စစ်ဆေးပါတယ်။
ပြီးတော့ ဖျားနာဆောင် ပထမလက်ထောက်ဆရာဝန်ကြီး၊
သားဖွားမီးယပ်ဆောင် လက်ထောက်ဆရာဝန်၊ ပထမလက်ထောက် ဆရာဝန်ကြီး၊ သူနာပြုများ၊
ခွဲခန်း (Theater) မေ့ဆေးဆရာဝန်ကြီး၊ ခွဲခန်း(Theater)သူနာပြုများ.. ဒီလိုနဲ့ တရားခံလို့ ယူဆဖွယ် လူ တန်းကြီးကို တစ်ဦးချင်းစီ ပထမဖော်ပြခဲ့သလို လက်မှတ်တွေ အချိန်တွေ အတိအကျနဲ့ စစ်မေး ပါတော့ တယ်။ ဆိုင်ရာအဆောင်များရဲ့ အကူလုပ်သား၊ (သူက Dispatch စာ လိုက်ပို့ရတဲ့အလုပ်ကိုပါ လုပ်ရတာမို့. စာသွားစာလာ အချိန်တွေကြားမှာ ချောင်တချောင် အိပ်နေခဲ့တာ ရှိမရှိ. မရှိရင်လည်း မရှိခဲ့တာ ထင်ရှားေ အာင် စစ်ခံရပါတယ်ဗျာ)များပါ မကျန်စေရပေါ့။
အင်မတန် စိတ်မောစရာ အချိန်တွေပါပဲ။
ဒီလိုနဲ့ ဖြစ်စဉ်အမှန်ဟာ ပေါ်ပေါက်ခဲ့ပါတယ်။
လူနာရဲ့ Diagnosis က မှန်ခဲ့ပါတယ်။ Rupture Ectopic Pregnancy ဖြစ်ပါတယ်။ ဒီအတွက် ခန္ဓာကိုယ် တွင်း သွေးကြောပေါက်နေတာကြောင့် အရေးပေါ် ခွဲစိတ်ရပါမယ်။ ဒါဟာ သားဖွားမီး ယပ်ဆောင် ကိုလွှဲ ရမှာဖြစ်ပြီး OG On-call က ခွဲစိတ်ရမှာပါ။ ဖျားနာဆောင် လက်ထောက်ဆရာဝန်က ပထမလက်ထောက် ဆရာဝန်မကြီးကို ချက်ခြင်း အကြောင်းကြားပါတယ်။ သူမက ချက်ခြင်းလာကြည့်ပါတယ်။
ကိုယ်တွင်းသွေးယိုစိမ့်မှုကို အတည်ပြုနိုင်ဖို့ ဗိုက်ကို ဆေးထိုးအပ်နဲ့ ဖောက်စုပ်ကြည့် (Abdominal Tap) လုပ်တဲ့အခါ သွေးရတာမို့ အတည်ပြုနိုင်ပါပြီ။ လိုအပ်တဲ့ Blood တွေ တောင်းပါတယ်။ Ward ထဲမှာ Martin's Pump ခေါ်တဲ့ သွေးအမြန်သွင်းတဲ့ လက်လှည့် pump မရှိတာေ ကြာင့် ဆေး ထိုးအပ်နဲ့ လေ ထိုးသွင်းပြီး အမြန် သွေးဝင်အောင် လုပ်နေကြရပါပြီ။ လူနာ သွေးပေါင် တက်လာအောင် ဦး စားပေး လုပ်ရတာပါ။ Blood Bank ကလည်း တစ်ကြိမ်တောင်းရင် ၂လုံးထက် ပိုတောင်းခွင့်မရှိလို့ အကြိမ်ကြိမ် အလီ လီ တောင်းခံရ. သွားထုတ်ရပါတယ်။
လူနာမှတ်တမ်းမှာ History တောင် ပြည့်စုံအောင် မမေးထားနိုင်ပါ။
ပုံမှန်လုပ်ဆောင်တဲ့ procedure အရဆိုရင် ဆိုင်ရာ OG Ward တာဝန်ခံကို “လာေ ရာက်ကြည့် ရှု့ပေးပါရန် ပြည့်စုံတဲ့ request စာတစ်စောင်”ရေးရပါတယ်.။ ဆိုင်ရာ ဆရာဝန်က လာကြည့်ပြီးတဲ့အခါ လိုအပ်တဲ့ Treatment ကို ဖြည့်ပေးတာ ဒါမှမဟုတ် သူ့ရဲ့Ward ကို လွှဲပြောင်းယူရမယ်ဆိုရင် လွှဲပေးပါရန် စာရေးရပါတယ်။ ဒီလွှဲပြောင်းပေးဖို့ စာရေးသွားမှသာလျှင် ဖျားနာဆောင်ကနေ သားဖွားမီးယပ်ဆောင်ကို လွှဲပေးပါမယ်ဆိုတဲ့ စာရေးပြီး လူနာနဲ့ အတူ ward ပြောင်းရပါတယ်။ Transfer out and Transfer in ကို စာရွက်ပေါ်မှာ အတိအကျ လုပ်ကြပါတယ်။ ပြည့်စုံတဲ့ စာရွက်စာတမ်းတွေနဲ့အတူ လူနာ ကို ပြောင်းလွှဲပေး ရပါတယ်။ OG ward ထဲရောက်တဲ့အခါမှ လုပ်ဆောင်စရာ ရှိတာတွေကို ဆက်လက်လုပ်ဆောင်ရင်း မှတ်တမ်း ရေးသွင်းသွားကြရပါတယ်။
အခုအချိန်မှာတော့ ဒီ အဆင့်တွေလုပ်ဖို့ အချိန်မလောက်တော့ပါဘူး။ ဖုန်းဆက်အကြောင်းကြားပြီး OG On Call ကိုခေါ်ပါတယ်.။ On-call Request မှတ်တမ်းမှာ စာ ၃ကြောင်းသာ ရေးနိုင်ပါတယ်။ OG On-call က ချက်ခြင်းလာကြည့်ပြီး အတည်ပြုပါတယ်။ Ward ထဲကိုတောင် မပို့တော့ဘဲ ဆိုင်ရာဌာန၂ခုက သူနာပြုတွေ ပူးပေါင်းပြီး အရေးပေါ် ခွဲစိတ်ဖို့ ပြင်ပါတယ်.။ အရေးပေါ် ခွဲစိတ်ဖို့ စာရွက်စာတမ်း ပြင်ဆင်တာက OG Ward သူနာပြု တာဝန်ပါ။ မေ့ဆေးဌာနအနေနဲ့ လူနာကိုလာကြည့်ဖို့အကြောင်းကြားတာ၊ ခွဲစိတ်ခန်း သူနာပြု ကို အရေးပေါ် ခွဲစိတ်မှုအတွက် ပြင်ဆင်ဖို့ အကြောင်းကြားတာ၊ သွေးလှူဘဏ်ကို သွေး (၆)လုံး အဆင် သင့်ပြင်ပေးဖို့ တောင်းခံတာ.. စတာတွေကို OG ward က ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ဖျားနာဆောင်မှာတော့ လက်ရှိရှိနေတဲ့ လူနာသွေးပေါင်ချိန် 50mm Hg (တိုင်းရခက်နေပါပြီ)လောက်ကနေ တက်လာဖို့ ဆက်တိုက်လုပ်နေရပါပြီ.။ ဒီလို လုပ်ကိုင်ပေးရင်း…လူနာ ည်း သွေးပေါင်အနည်းငယ် တက် လာ. ခွဲစိတ် ခ န်းအဆင်သင့်ဖြစ်. OG လည်း ခွဲစိတ်ခန်းကစောင့်နေ…
လူနာကို ခွဲစိတ်ခန်းထိသယ်သွားပြီး ခွဲခန်းအပေါက်ဝအရောက် မနက် (၆) နာရီလောက်မှာတော့.လူနာ ကွယ်လွန်သွားပါတော့တယ်။
(အဲဒီညမှာပဲ. ဖျားနာဆောင်မှာ အခြားအရေးပေါ်လူနာ၂ဦး သေဆုံးခဲ့ပါတယ်။ ဖျားနာဆောင်မှာ အလွန် အလုပ် များခဲ့တဲ့ ညတစ်ညပါ)
= = = = = = = = =
လူနာရှင်အနေနဲ့ အရေးပေါ်မှာ သွားရောက်ပြသပါတယ်။ ဖြစ်တာကို ပြောပြပြီး အရေးပေါ်ခွဲစိတ်ရမယ် ဆိုပါတယ်။ ပြီးတော့ ချက်ခြင်းခွဲစိတ်ကုသတာ မလုပ်ဘဲ ၄နာရီလောက်စောင့်ပြီးမှ ခွဲခန်းဝမှာ ဆုံးရတယ်။ ခွဲပေးတာ နောက်ကျလို့ သေဆုံးတယ်ထင်တဲ့အတွက်တိုင်ပါတယ်။ လူနာရှင်ကို ဘာမှလည်း သေသေ ချာချာ မရှင်းပြခဲ့ဘူးဆိုပါတယ်။
= = = = = = = = =
ဟုတ်ပါတယ်။
“မေ့ဆေးပေးခြင်းအားဖြင့် ရှောင်တခင် ဖြစ်ပေါ်တတ်သော အန္တရာယ်များကိုသိလျှက် သင့်ေ တာ်ေ သာ မေ့ဆေးထုံဆေးဖြင့် တာဝန်ကျဆရာဝန်၏ဆုံးဖြတ်ချက်ဖြင့် လိုအပ်သော ခွဲစိတ်ကုသမှုကို ခံယူရန် သဘောတူပါသည်” ဆိုတဲ့ Consent ကလေးကို အပြေးအလွှား လက်မှတ်ထိုးခိုင်းရပါတယ်.။
မေ့ဆေးပေးတဲ့အခါ လေပြွန် (Endotreacheal Tube) ထည့်စဉ် ရုတ်တ ရက် နှလုံးခုန် ရပ်တတ် တာ မျိုး၊Thiopentone ကို အချိန်အဆအတိုင်းထိုးပေးမယ့် အသက်ရှုရပ်တတ်တာမျိုး၊ခွဲစိတ်မှု ပြီးဆုံး ချိန် မှာ မေ့ေ ဆးကြောင့် ဘယ်တော့မှ ပြန်မနိုးတော့တတ်တာမျိုးတွေ ဘယ်လိုရှင်းပြရမလဲ.
ကိုယ်တွင်းသွေးယိုစိမ့်နေလို့ သွေးပေါင်ကျနေတာ ချက်ခြင်းခွဲလို့မ ရတဲ့အကြောင်း၊ သွေးပေါင် တက်ေ အာင် သွေးတွေ ဆက်တိုက်သွင်းပေးပြီး အမြန်ခွဲနိုင်အောင်ပြင်ဆင်ရတဲ့အကြောင်း..
ကိုယ်တွင်းသွေးယိုစိမ့်နေတာဟာ (မဖွင့်ခင်က ရှိနေတဲ့ Binding pressure ကြောင့် သွေးေ ပါင် ကောင်းနေပေမယ့်) ဗိုက်ဖွင့်တဲ့အချိန် မှာ သေချာပေါက် သုညကို ရောက်တာ မို့ သွေး (၆) ပုလင်း အဆင်သင့်ရှိအောင် လုပ်ထားရတာမျိုး.၊ သွေးပုလင်းတွေ တန်းစီချိတ်ထား၊ Martin's Pump ကို အဆင်သင့်ဖြစ်တော့မှ ဗိုက်ကို ဖွင့် . သွေးတစ်ပုလင်းကို၂--- ၅မိနစ်အတွင်း ကုန်အောင် လှည့်ထည့် ရတာ မျိုးဒါတွေကို သူ့လူနာအတွက် အချိန်လုနေရချိန်မှာ မရှင်းပြနိုင်ပါဘူး။
ဒီလို အချိန်မလောက်လို့ ရှင်းပြရန် ပျက်ကွက်ခဲ့တာဟာ ဆေးဝန်ထမ်းတွေရဲ့ ပေါ့ဆမှု လိုအပ်မှုလို့ ဆိုမယ် ဆိုရင်…လက်ခံနိုင်ပါမလား..။
= = = = = = = = =
ပဏာမစုံစမ်းစစ်ဆေးမှု အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
“မည်သည့်ဆေးဝန်ထမ်းတစ်ဦးတစ်ယောက်မှ တာဝန်လစ်ဟင်း ပေါ့ဆမှုဖြစ်ခဲ့ခြင်း မတွေ့ရပါကြောင်း”
“သို့ပါ၍ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု (Departmental Enquiry) ဆက်လက်လုပ်ဆောင်ရန် မရှိေ ကြာင်း”
ရာဇဝတ်မှုခင်းမှာ“ ပြစ်မှုထင်ရှားကြောင်းမတွေ့ရှိရ ”ဆိုလျှင်. မဟုတ်မမှန်စွပ်စွဲခံရသူနဲ့ မိသားစုမှာ အေ တာ်ေ လး ပျော်ရွင်ကြပါတယ်။
အခု ဆေးဝန်ထမ်းတွေမှာတော့ အနည်းငယ် စိတ်သက်သာရတာကလွဲလို့ ထူးထူးခြားခြား မပျော်နိုင် ခဲ့ပါဘူး။
မတရားတိုင်တန်းစွပ်စွဲတာမျိုးမှာ အမှန်တရားပေါ်ပေါက်ချိန်မှာ အသရေဖျက်မှုနဲ့ ရာဇဝတ်ကြောင်းအရ တရား စွဲနိုင်ပေမယ့် ဆေးဝန်ထမ်းတွေမှာ ဒီလို ပြန်လှန်စွဲဆိုတာ မလုပ်ကြပါဘူး။
ဘာပဲပြောပြော တိုင်တန်းတဲ့လူနာရှင်ကို နားလည်ပေးခြင်းနဲ့အတူ သူတို(့ဆေးဝန်ထမ်း)လက်ကနေ လူနာတစ်ယောက်လက်လွတ်ဆုံးရှုံးခဲ့ရပြီမို့ပါ။
= = = = = = = = =
လူနာရှင်ဟာ မိမိဆွေမျိုးသားချင်း ဆုံးရှုံးရတဲ့အတွက် ဝမ်းနည်းကြေကွဲမှု တစ်ကြိမ်ဖြစ်ပါတယ်.။
ဆရာဝန်တွေမှာ မိမိဆွေမျိုးသားချင်းမဟုတ်တဲ့ လူတစ်ယောက် လူနာတစ်ယောက်သေဆုံးရတဲ့အတွက် ဝမ်းနည်းရပါတယ်။
မိမိကြိုးစားအားထုတ်မှုတွေ အပင်ပန်းခံရမှုတွေ..စေတနာတွေ.. ဂရုဏာတွေ ရင်းပြီးမှ ဆုံးရှုံးရတဲ့အ တွက် နောက်ထပ်တစ်ကြိမ် ကြေကွဲရပါတယ်။
မိမိအတတ်ပညာနဲ့ သေမင်းလက်က ရအောင်ကြိုးစားလိုက်မယ်ဆိုတဲ့ မာန် တစ်စဆီ ကြေကွဲလို့ လက်ြေ မာက်လိုက်ရတဲ့အတွက် နောက်တိုးတစ်ကြိမ် နာကျင်ရပါတယ်။
အကောင်းဆုံးလုပ်ပေးခဲ့ပါလျှက်နဲ့ အသိအမှတ်မပြု တိုင်တန်းခံရလို့ တရားခံစစ် စစ်ဆေးခံရတဲ့အတွက် အပိုဆောင်းတစ်ကြိမ် မချိတင်ကဲ ဖြစ်ရပါတယ်.။
ဘဝသက်တမ်းတစ်လျှောက် ဒီလို နာကျင်ခံစားရမှုတွေ မချိတင်ကဲကြေကွဲဝမ်းနည်း ရမှုတွေ ဖြစ်ေ စအောင် တိုက်ခိုက်တာတွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း..
ဆရာဝန်ကျင့်ဝတ် Service, Sympathy & Humanity တွေ မပွန်းပဲ့သွားရလေအောင် ရုန်းက န်ကြိုးစားရင်း မိမိကိုယ်ကို ပိုပြီးတောက်ပြောင်အောင် ကိုယ်တိုင် ထုဆစ်ရမှာ မဟုတ်ပါလားခင်ဗျား…
(မောင်မောင်မြင့်)
၉ရက် နိုဝင်ဘာ ၂၀၁၂
(လူနာရဲ့ ဆေးမှတ်တမ်းမှာ မိမိ လက်မှတ်နဲ့အတူ အချိန်ကာလများ မမေ့မလျှော့ မပေါ့ မဆ ရေး သွင်းမိစေဖို့ ညီငယ် ညီမငယ် ဆရာဝန်များအတွက်ရည်ညွှန်းရေးသားပါသည်)
ref:maung maung myint'sFB
No comments:
Post a Comment