Tuesday, 13 November 2012

Miss Myanmar International 2013 ပြိုင်ပွဲတွင် ဆုရလျှင် ကမ္ဘာ့အဆင့် မယ်ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်


မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပမည့် Miss Myanmar International 2013 ပြိုင်ပွဲ တွင် ဆုရရှိသူသည် ဆုငွေကျပ်သိန်း(၃၀) အပြင် ကမ္ဘာ့အဆင့် ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း Myanmar Tourism Services မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဆုရခဲ့ရင် နန်းခင်ဇေယျာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဂျပန်က Miss International ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမှာပါ။ တစ်ခြား ကမ်းလှမ်း ထားတာတွေတော့ ရှိပါတယ်။ဒါပေမယ့် အခုကတော့ အဲဒီပြိုင်ပွဲ တစ်ခုပဲ သေချာ ပါသေးတယ်”ဟု ၎င်းက ပြောဆိုသည်။


Miss Myanmar International 2013 ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ တွင် မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ညနေ ၆ နာရီမှ ၉ နာရီအထိ ကျင်းပသွား မည် ဖြစ်ေ ကြာင်း   မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။


ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လျှောက်လွှာများကို Myanmar Tourism Services နှင့် Myanmar Tourism Federation တို့တွင် ကျပ် ၅၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်ပြီး Miss Myanmar International 2013 ၏ facebook စာမျက်နှာ တွင်လည်း ရယူနိုင်ကာ လျှောက်လွှာများကို ဒီဇင်ဘာလ ၃၁ ရက်ေ န့ နောက်ဆုံးထားပြီး Event Organizer ရုံးခန်း သို့ လျှောက် လွှာကြေးများနှင့် အတူ ပေးပို့ရ မည်   ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။


Miss Myanmar International 2012 ပြိုင်ပွဲတွင် နန်းခင်ဇေယျာက ဆုရရှိခဲ့ပြီး ဂျပန်နိုင်ငံတွင် ကျင်း ပသော Miss International 2012 ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုသုံးဆု ရရှိခဲ့သည်။
 
ref:thevoiceweekly

No comments:

Post a Comment