Tuesday 13 November 2012

ငလျင်ကြောင့် စစ်ကိုင်းတိုင်းတွင် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၇၀၀ ခန့်ရှိ


နိုဝင်ဘာလ ၁၁ ရက်နေ့ ငလျင်ဒဏ်ကြောင့် တည်ဆောက်ဆဲ ဧရာဝတီ မြစ်ကူး ရတနာသိင်္ဃ တံတား ပြိုကျပျက်စီးနေစဉ်

စစ်ကိုင်းနှင့် ရွှေဘိုခရိုင်အတွင်း လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂ ဦး၊ ပျောက်ဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၂၆ ဦးနှင့် ပြိုကျပျက်စီးသည့်အဆောက်အဦးပေါင်း ၁၁၈ ခု ရှိပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၆၉၂. ၅ သိန်း ခန့် ရှိနိုင်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယနေ့နံနက် သတင်းထုတ်ပြန်ချက်တွင် ယမန်နေ့က ငလျင်လှုပ်ခတ်မှုများကြောင့် တခြား တိုင်းဒေသများ အပါအဝင် သေဆုံးသူ စုစုပေါင်း ၁၁ ဦး၊ ပျောက်ဆုံးနေသူ ၃၆ ဦး ရှိကြောင်း သိရသည်။


နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားရခ်ျတာ စကေးလ် ၆ ဒဿမ ၈ ရှိ အင်အားပြင်းထန်သည့် ငလျင်ကြောင့် စစ်ကိုင်းခရိုင်နှင့် ရွှေဘို ခရိုင်အတွင်းရှိ မြို့နယ် ၆ မြို့နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပြီး ရွှေဘိုမြို့နယ်နှင့် စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ပေးမည့် ဆောက်လုပ်ဆဲ ရတနာ သိင်္ခ ဧရာဝတီ မြစ်ကူးတံတား၏ တံတားတိုင် ၁ နှင့် ၃ အကြားရှိ ၂၀ မီတာ အရှည် တံတား သံပေါင်နှင့် တာဝါတိုင်တခု ပြိုကျ ပျက်စီးခဲ့ကြောင်း ဇက် ရေယာဉ်တစီးနှင့် Barge ယာဉ်တစီး တို့သည် လျှောကျသည့် တံတား သံပေါင်အောက်တွင် ဧရာဝတီ မြစ်အတွင်း နစ်မြုပ်ခဲ့ကြောင်း သိရသည်။

“ငလျင်လှုပ်တဲ့ အချိန်မှာ ကျနော်နဲ့အတူ တံတားပေါ်မှာ တော်တော်များများရှိနေတယ်။ ပထမတော့ ငလျင် က အလျားလိုက် လှုပ်တယ်။ နောက် အပေါ်အောက် လှုပ်တဲ့အချိန်မှာ တံတားပေါ် က ဆောက်လက်စ တာဝါတိုင်က လေးပေလောက် အပေါ်ကို မြောက်တက်သွားပြီး မြစ်ဘက်ကို ပြုတ်ကျသွားတာ။ အဲဒီမှာ ကျနော်တို့ အလုပ်သမားတွေလည်း ပြုတ်ကျကုန် တာပဲ” ဟု ရတနာသိင်္ခ တံတားဆောက်လုပ်ရေး လုပ် ငန်း ခွင်မှ အလုပ်သမား တစ်ဦး ကဆိုသည်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ရတနာသိင်္ခ တံတားဆောက်လုပ်ရေး လုပ်ငန်းနေရာသို့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ယနေ့ နံနက်ပိုင်းက လာရောက်ကြည့်ရှုသွားခဲ့သည်။

“မြစ်ထဲမှာ ရှိနေတဲ့ တံတားတိုင် ၃ နဲ့ စဥ့်ကူးဘက်က တံတားတိုင်တွေအားလုံးကို စစ်ဆေးပြီးပါပြီ။ အားလုံး အခြေအနေ ကောင်းပါတယ်။ဒီဘက်ကတံတားတိုင်တွေကိုပဲ ပြန်ဆောက်ရဖို့ရှိတယ်” ဟု ဆောက် လုပ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးက ပြောသည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ပြိုကျ ပျက်စီးနေသည့် တံတားကို ကြည့်ရှုစစ်ဆေးသွားပြီး ငလျင်ဘေးဒဏ် ခံခဲ့ရသည့် ကျောက်မြောင်းမြို့နယ်ခွဲ ဒေသခံများကို တွေ့ဆုံ အားပေးသွားကြောင်း သိရ သည်။

“အသေအပျောက် မရှိပေမယ့် ကျနော်တို့ ဆိုရင် တရွာလုံး နီးပါး အပြင်ထွက်နေရတယ်။ အဲဒါကို ဒုတိယ သမ္မတ ကို ပြောချင်ပေမယ့် တိုင်းဒေသကြီး ၀န်ကြီးချုပ်က အားလုံး အဆင်ပြေတယ် ဆိုတာကိုပဲ ပိတ်ပြောေ နတော့ ကျနော်တို့ အနေနဲ့ ပြောဆိုဖို့ ခက်နေတယ်။ အိမ်တွေ ပြိုမှာ ကြောက်လို့ လူတွေ ကို ဘောလုံးကွင်းထဲမှာ စုထားရတယ်။ သူတို့ရဲ့ စားဝတ်နေရေး၊ အိမ်၊ ကျောင်းနဲ့ သာသနိက အဆောက် အအုံတွေ ပြန်ဆောက်ဖို့ ကျန်နော်တို့မှာ ဘာမှ မရှိဘူး” ဟု ရွှေဘိုမြို့နယ် ကျောက်မြောင်း မြို့နယ်ခွဲ မလားေ ကျး ရွာအုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်းက ပြောသည်။

မလားကျေးရွာ အုပ်စုနှင့် မခေါက် ကျေးရွာ အုပ်စုများတွင် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သာနိ က အဆောက် အအုံများ၊ အုတ်ဖြင့် ဆောက်ထားသော လူနေအိမ်များ ပြိုကျမှု အများဆုံးဖြစ်ပြီး မလားေ ကျးရွာ အုပ်စုနှင့် မခေါက်ကျေးရွာ အုပ်စုအကြားရှိ တံတားငယ် တစင်းမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးေ နသဖြင့် အဆက်အသွယ် မပျက်စေရန် ရပ်ရွာလူထုက ဖြစ်သလို ပြင်ဆင်ထားရကြောင်း သိရ သည်။

ငလျင်ကြောင့် မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ကျည်တော်ပေါက်နှင့် ကန်တောင် ကျေးရွာ ရွှေတော ရွှေတွင်း ၂ တွင်းတွင် အလုပ်သမား ၂၀ တို့သည် ၄ နာရီအကြာ ပိတ်မိနေခဲ့ကြပြီး ယခုအခါ ပြန်လည် လွတ်မြောက် လာပြီဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် အင်အားပြင်းထန်သော ငလျင်ကြီး လှုပ်ပြီးနောက် နိုဝင်ဘာလ ၁၂ ရက် နံနက် ၃ နာရီအထိ နောက်ဆက်တွဲ ငလျင် ၆ ကြိမ်အထိ လှုပ်ခတ်ခဲ့ပြီး အင်အားအနည်း ငယ် ပြင်း ထန်သော ငလျင်ငယ်များ ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန် ထားသည်။

ref: ဧရာဝတီ

No comments:

Post a Comment