Tuesday 13 November 2012

ဖင်လန်နိုင်ငံကျောင်းများရဲ့အောင်မြင်ခြင်းသော့ချက်


ဖင်လန်နိုင်ငံရဲ့ ပညာရေး အပြောင်းအလဲက လွန်ခဲ့တဲ့အနှစ်၎ဝက စခဲ့တယ်လို့ဆိုရမှာပေါ့။ ဒါပေမယ့်လဲ သင်ကြားပေးနေသူတွေကိုယ်တိုင် ဒီစနစ်သစ်ကြီးက အကြီးအကျယ်အောင်မြင်တယ်ဆိုတာ ၂ဝဝဝ ခုနှစ် တိုင်အောင် မသိခဲ့ပါဘူး။ ကမ္ဘာ့နေရာပေါင်း ၄ဝ ကျော်မှာ ၁၅နှစ်သားကျောင်းသားတွေကို စစ်ဆေးလိုက် တဲ့အခါမှသာ ဖင်လန်သားတွေဟာ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံးနဲ့အကောင်းဆုံး စာဖတ်သူတွေဖြစ် တယ်ဆိုတာ တွေ့ရှိခဲ့တာပါ။ နောက် ၃နှစ်ကြာတော့ သူတို့ဟာ သင်္ချာဘာသာမှာပါ ထိပ်ဆုံးကိုရောက် လာတော့တာပါပဲ။ ဒါတင်မက ၂ဝဝ၆ မှာ သူတို့ဟာ သိပ္ပံပညာရပ်မှာ နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ ပထမ ထပ်စွဲခဲ့ပြန်ပါတယ်။
၂ဝဝ၉ PISA (Programme for International Student Assessment)  စာမေးပွဲမှာ ဖင်လန်နိုင်ငံဟာ သိပ္ပံဘာသာမှာ ဒုတိယ၊ စာဖတ်တဲ့နေရာမှာ တတိယနဲ့သင်္ချာမှာ ဆဌမ လိုက်တော့ တာပါပဲ။ဒါတွေကလူပေါင်း၅သိန်းလောက်ကိုကမ္ဘာတစ်ဝန်းစစ်ဆေးခဲ့တာပါ။ ကျောင်းအုပ်ဆရာ တစ်ေ ယာက်က ဆိုရင် သူအလွန်ပဲအံ့သြရပါတယ်တဲ့။ ငါတို့ဒီလောက်တော်နေမှန်းကို မသိခဲ့ပါဘူး လို့ ပြောယူ ရတဲ့အထိပါပဲ။


ဖင်လန်နိုင်ငံရဲ့ပညာရေးကိုလေ့လာကြည့်ရင် သူတို့ဆီမှာ မဖြေမနေရစာမေးပွဲဆိုတာ အထက်တန်းကျောင်း သားဘဝရဲ့နောက်ဆုံးမှာသာ တစ်ခုပဲရှိတာပါတဲ့။ ကျောင်းသားအချင်းချင်း ကျောင်းအချင်းချင်း နယ်မြေ အချင်းချင်းမှာ အဆင့်သတ်မှတ်ချက်ဆိုတာမရှိ၊ ယှဉ်ပြိုင်ခြင်းဆိုတာမရှိ၊ နှိုင်းယှဉ်ခြင်းဆိုတာမရှိပါဘူးတဲ့။


ဖင်လန်နိုင်ငံရဲ့ကျောင်းတွေက ပြည်သူ့အထောက်အပံ့နဲ့ရပ်တည်နေကြတာပါ။ ဒီလိုကျောင်းတွေ ကို ပြုစုပျိုး ထာင် တဲ့လူတွေကလဲ တကယ့်ကိုပညာသင်ပေးနိုင်တဲ့သူတွေချည်းပါပဲ။ သူတို့ဟာ စီးပွားရေး သမားတွေ လဲမဟုတ်ကြဘူး။ စစ်ဘက်ခေါင်းဆောင်တွေလဲမဟုတ်ကြဘူး။ နိုင်ငံရေးသမားတွေလဲ မဟုတ်ကြပါဘူး တဲ့။ ကျောင်းတိုင်းဟာ ရည်မှန်းချက်တူတူရှိကြပြီး သင်ကြားပေးသူများကလဲ တူညီတဲ့အဆင့်ရှိ တက္ကသိုလ် ကနေလေ့ကျင့်သင်ကြားပေးထားသူများ ဖြစ်ကြပါတယ်။
http://teachingquality.typepad.com/.a/6a00d834524f9f69e20177444c2c0f970d-320wi
အဲဒါတွေရဲ့အကျိုးဆက်ကတော့ ဖင်လန်ကလေးငယ်များဟာ တောမှာပဲနေနေ မြို့မှာပဲနေနေ တန်းတူ ရှိတဲ့ပညာရေးကို သင်ကြားနိုင်ကြာတပေါ့။ အညံ့ဆုံးနဲ့အတော်ဆုံးကွာဟချက်ကလဲ ကမ္ဘာပေါ်မှာ အနည်း ဆုံးပေါ့။ တူညီမျှခြင်းဆိုတာ ဖင်လန်နိုင်ငံရဲ့ပညာရေးမှာ အရေးအကြီးဆုံးစကားလုံးပါပဲ။ နိုင်ငံရေးမှာ လက်ဝဲပဲ ယိမ်းယိမ်း လက်ယာပဲယိမ်းယိမ်း ပညာရေးမှာတော့ တူညီမျှခြင်းဆိုတာကို အားလုံးက လက်ခံကြ တာပါပဲ။

၉၃ ရာခိုင်နှုန်းသော ဖင်လန်ပညာတတ်များဟာ အသက်မွေးဝမ်းကျောင်း ဒါမှမဟုတ် တက္ကသိုလ်များ ကနေ အောင်မြင်ခဲ့ကြတာပါ။ ဒီနှုန်းဟာ အမေရိကထက် ၁၇.၅ ရာခိုင်နှုန်းများနေပါသေးတယ်။ ၆၆ ရာခိုင်နှုန်းသောသူတွေက အထက်တန်းပညာရေးကို ဆက်လက်သင်ကြားကြပါတယ်။ ဒါကတော့ ဥရောပမှာ အမြင့်ဆုံးစံချိန်ပေါ့။ ဒါတောင်မှ ဖင်လန်နိုင်ငံသားတွေရဲ့ ပညာရေးအပေါ်အသုံးစားရိတ်ဟာ အမေ ရိက ထက် ကို ၃ဝရာခိုင်နှုန်းလောက် သက်သာနေပါသေးတယ်။ သင်္ချာနဲ့ရူပဗေဒဆရာ တစ်ေ ယာက် ကတော့ ကျွန်တော်တို့က ကလေးတွေကို ဘယ်လိုသင်ယူနိုင်မလဲ ဆိုတဲ့နည်းတွေ ကို ပြ သပေးတာပါ။ ဘယ်လိုစာမေးပွဲဖြေဆိုရမလဲဆိုတာကို ပြသပေးတာမဟုတ်ပါဘူးလို့ ဆိုသေးပါတယ်။

ဖင်လန်ကဆရာတွေက ကျောင်းမှာရှိတဲ့အချိန်ဆိုတာနည်းပါတယ်။ စာသင်ခန်းထဲမှာရှိတဲ့အချိန်ကလဲ အမေ ရိကနဲ့ယှဉ်ရင် နည်းပါသေးတယ်။ အချိန်ပိုတွေကို ဆရာတွေက သင်ရိုးတွေပြင် ဆင်တာ ရယ် ကျောင်းသားတွေကို အကဲဖြတ်တဲ့နေရာတွေမှာ သုံးကြတာပေါ့။ ကလေးတွေကလဲ အပြင်မှာဆော့ တဲ့အချိန်က ပိုများနေပါတယ်။ ဆောင်းရာသီလိုမျိုးတာင် မရှောင်ပါဘူးတဲ့။ အိမ်စာဆိုတာကလဲ မဆို စလောက်လေးပါပဲ။ ကျောင်းမတက်မနေရအရွယ်က ၇နှစ်ပါ။ ဘာမှအလောတကြီးလုပ်စရာမလိုပါဘူး ကလေးတွေ က အဆင်သင့်ဖြစ်တဲ့အချိန်မှာ ပိုသင်ယူနိုင်ကြတယ်။ သူတို့ကိုဘာလို့ စိတ်ဖိစီးစေမှာလဲ လို့ ကျောင်းအုပ် ဆရာတစ်ယောက်က ထောက်ပြပါတယ်။

ကလေးတစ်ယောက် ဘာမှမစားရသေးပဲ ဗိုက်ဆာလွန်းတယ်တို့ နေစရာအိမ်ရှိဘူးတို့ဆိုတာ ဖင်လန် မှာတော့ မကြားဖူးသလောက်ပါပဲ။ မီးဖွားခွင့် ၃နှစ်ရပြီး နေ့ကလေးထိန်းကျောင်းနဲ့ မူကြိုအတွက်လဲ အစိုးရကတာဝန်ယူပါတယ်။ အဲဒိနေရာတွေက ကလေးတွေကို ဆော့ဖို့နဲ့ အများနဲ့ထိတွေ့ဆက်ဆံတတ်ဖို့ အဓိကထားတာပေါ့။ နယ်မြေတစ်ခုချင်းစီကလဲ ကလေးတစ်ယောက်ကို ယူရိုတစ်လ ၁၅ဝ ထောက်ပံ့ ပါတယ်။ အဲဒါက အဲဒီကလေး ၁၇ နှစ်အထိပေါ့။

ပထမတန်းကျောင်းသားတွေက ဖင်လန်နိုင်ငံသားစာ၊ သင်္ချာ၊ သိပ္ပံအပြင် ဂီတ၊ အနုပညာ၊ အားကစား၊ ဘာသာရေး နှင့် အိမ်တွင်းမှုတွေကိုလဲ သင်ကြားရပါသေးတယ်။ အင်္ဂလိပ်စာကတော့ တတိယတန်းမှာ စသင်ပါတယ်။ ဆွီဒင်ဘာသာစကားကိုတော့ လေးတန်း၊ ဇီဝဗေဒ ပထဝီ သမိုင်း ရူပဗေဒ နှင့် ဓာ တုဗေဒ တို့ကို ငါးတန်း အသီးသီးမှာ စတင်သင်ယူရပါတယ်။ အတန်းပိုင်ဆရာရဲ့သဘောတူညီမှုနဲ့ ကလေးတွေဟာ ဆဌမတန်းမှာ ပြည်နယ်အလိုက်စစ်တဲ့ စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။ ဒါပေ မယ့် ရလာဒ်တွေ ကိုတော့ ကြေငြာလေ့မရှိပါဘူးတဲ့။

ဖင်လန်နိုင်ငံက ပညာရေးဆိုင်ရာပုဂ္ဂိုလ်တွေက အမေရိကရဲ့စံနှုန်းသတ်မှတ်ထားတဲ့ စာမေးပွဲတွေ ကိုလုံးဝ နားမလည်နိုင်ကြပါဘူး။ ကျောင်းအုပ်ဆရာတစ်ယောက်က အမေရိကန်တွေဟာ ဘားတွေ ဂရပ်ေ တွ ရောင်စုံခြယ်ဇယားတွေကို ကြိုက်တယ်တဲ့။ ဒါတွေဟာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော်တို့က ကိုယ့်ကလေးတွေအကြောင်းကို စာမေးပွဲအဖြေလွှာကပေးတဲ့အဖြေထက် ပိုသိလို့ပါပဲ လို့ပြောပါတယ်။

ဖင်လန်နိုင်ငံရဲ့ကျောင်းတွေဟာ ဒီနေ့လိုအားကျအတုယူစရာ အမြဲကောင်းခဲ့တာမဟုတ်ပါဘူး။ ၁၉၆ဝ နောက်ပိုင်းများကဆိုရင် ကလေးအများစုက၆နှစ်ကျော်ရင် ကျောင်းတွေကနေထွက်ကြပါပြီ။ ကျန်တဲ့ သူတွေကတော့ အပြင်ကျောင်းတွေ သဒ္ဒါကျောင်းတွေ သက်ကြီးကျောင်းတွေကို ဆက်တက်ကြပါတယ်။ ဒီကျောင်းတွေကလဲ သိပ်ပြီးတင်းတင်းကျပ်ကျပ်ရှိလှတာမဟုတ်ပါဘူး။ ၁၉၆၃ မှာတော့ ဖင်လန် ပါလီမန် ဟာ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ အများပြည်သူရဲ့ ပညာရေး ကိုအကောင်းဆုံးဖြစ်အောင်လုပ်ပြီး စီးပွားရေးနလန်ထူအောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ ဒါဟာ ဖင်လန်ပညာရေးရဲ့ကြီးမားတဲ့အိပ်မက်တစ်ခုပဲလို့ အဲဒီတုန်းက ပညာရေးနဲ့ယဉ်ကျေးမှု ညွှန်ကြားရေး မှူး ချုပ် က ပြောခဲ့တာသာကြည့်တော့ပေါ့။ ဖင်လန်ဘာသာစကား ဆွီဒင်ဘာသာစကားအပြင် တတိယ ဘာသာစကား (များသောအားဖြင့် အင်္ဂလိပ်) ကို အသက်၉နှစ်ကစပြီး သင်ယူစေခဲ့တာပါ။ အရင်း အမြစ်တွေ ကိုလဲ ညီတူညီမျှခွဲဝေခဲ့တယ်။ ကျောင်းတွေအားလုံးပြည့်စုံအဆင့်မြင့်လာတာနဲ့အမျှ အထက် တန်းကျောင်းတွေကလဲ လိုက်မြင့်လာတာပါပဲ။

ဒုတိယအရေးကြီးတဲ့ဆုံးဖြတ်ချက်ကိုတော့ ၁၉၇၉ မှာ ချမှတ်ခဲ့တာပါ။ ဆရာတိုင်းဆရာတိုင်း သီအိုရီနဲ့ လက်တွေ့မာစတာဘွဲ့ကို နိုင်ငံပိုင်တက္ကသိုလ်ရှစ်ခုထဲမှတစ်ခုဆီကနေ မဖြစ်မနေရယူစေတာပါ။ ဒီလိုရယူလို့ ကုန်ကျတာတွေကို နိုင်ငံတော်ကအကုန်အကျခံပေးပြန်ပါတယ်။ အဲဒီကစပြီး ဆရာတွေဟာ ဖင်လန်နိုင်ငံ မှာတော့ ဆရာဝန်တွေ ရှေ့နေတွေနဲ့ တစ်တန်းတစ်စားတည်း သတ်မှတ်ခံရတော့တာပါပဲ။ လူတွေက လဲ ကျောင်းဆရာတွေဖြစ်ချင်ကုန်တော့တာပေါ့။ လခများလို့လိုချင်ကြတာမဟုတ်ပါဘူး။ လူလေးစားခံ ရတာကိုက အားလုံးအတွက်ဆွဲဆောင်မှုဖြစ်ခဲ့လို့ပါ။ ၂ဝ၁ဝ မှာ လူပေါင်း ၆၆ဝဝ လောက်ဟာ ၆၆ဝသာရှိတဲ့ မူလတန်းကျောင်းသင်တန်းကို တိုးဝှေ့လျှောက်ခဲ့ကြတာသာကြည့်ပါတော့။

ဒါပေမယ့်ဖင်လန်ရဲ့ပညာရေးဟာ စိန်ခေါ်မှုတွေတော့ရှိနေဆဲပါ။ ဖင်လန်နိုင်ငံရဲ့အားနည်း တဲ့စီးပွားရေး ရိုက် ခတ်မှုဖြစ်ခဲ့တဲ့ ၉ဝခုနှစ်ပိုင်းမှာတော့ စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ တချိန်တည်းမှာပဲ အခြားနိုင်ငံများမှမှီခိုသူများရောက်လာမှုကလည်း ဖင်လန်နိုင်ငံရဲ့ပညာရေးကို ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပါတယ်။ မကြာသေးခင်ကပဲ ဖင်လန်အကယ်ဒမီကနေပြီး သတိပေးခဲ့ပါသေးတယ်။ မြို့ကြီးတွေမှာ ရှိတဲ့ကျောင်းတွေ ဟာ လူမျိုးအဆင့်အတန်းပေါ်မူတည်ပြီးပြောင်းလဲလာနေကြပါပြီ။ အသားအရောင်အဖြူရှိ တဲ့ဖင်လန်နိုင်ငံ သားေ တွဟာ ဆင်းရဲသူနည်းတဲ့ အခြားနိုင်ငံမှမှီခိုသူနည်းတဲ့ကျောင်းတွေကို ရွေးချယ်လာကြလို့ပါပဲ။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျောင်းအုပ်တစ်ဦးဖြစ်တဲ့ တီမိုဟန်ကီနန်က ဘာကိုသတိပြုမိခဲ့လဲဆိုတော့ ချမ်း သာတဲ့ဖင်လန်နိုင်ငံသားမိဘတွေက သူတို့ရဲ့ကလေးတွေကို သူတို့ရဲ့အနီးအနားမှာရှိတဲ့ အခြားေ ကျာင်းတွေ ဆီကို စတင်ပြီးပို့နေတာကိုပါပဲ။ ဘာလို့လဲဆိုတော့ တီမိုဟန်ကီနန်ရဲ့ကျောင်းမှာ ဆိုမာလီ ကလေးတွေ များများလာလို့ပါပဲ။ ဒါကအသေအချာတော့လဲမဟုတ်ပါဘူး။ ဒါကိုတုန့်ပြန်ဖို့ ဟန်ကီနန်နဲ့ သူ့ဆရာတွေဟာ သိပ္ပံသင်ခန်းစာကို ကျောင်းပရဝုဏ်ကနေတောထဲအထိသင်ယူနိုင်အောင် ပြင်ဆင်ခြင်း သုံး ဖက်မြင် ရုက္ခဗေဒစမ်းသပ်ခန်းတည်ဆောက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါတယ်။

ဟန်ကီနန်ကတော့ ဒါတွေလုပ်နေပေမယ့်လဲ အခြားကျောင်းတွေနဲ့ယှဉ်နိုင်မယ်တော့ အာမတော့မ ခံနိုင်ေ သး ပါဘူးလို့ဆိုပါတယ်။ ဒါပေမယ့် ငါတို့အမြဲတမ်းတိုးတက်ဖို့ကြိုးစားနေတယ်။ တနည်းပြောရရင်တော့ ယှဉ်ပြိုင်ဖို့အတွက် ဘာပဲလုပ်ရလုပ်ရပေါ့။



ref: ကို achitsone, mmcp

No comments:

Post a Comment